Social Work, Engagement and Relationship Building
What Is Social Work? (လူမှုရေးလုပ်ငန်းဆိုတာဘာလဲ) လူမှုရေးလုပ်ငန်းဆိုတာက လူထုနဲ့ လူ့အသိုင်းအဝိုင်းတွေရဲ့ လူမှုရေးပြောင်းလဲမှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ စည်းလုံးညီညွတ်မှုနဲ့ စွမ်းဆောင်နိုင်မှုကို မြှင့်တင်ပေးတဲ့ လက်တွေ့အခြေခံ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ လူမှုရေးလုပ်ငန်းအလေ့အကျင့်တွေမှာဆိုရင် လူသားတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ အပြုအမူနဲ့ လူမှုရေးဆိုင်ရာ၊ စီးပွားရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အပြန်အလှန်ပူးပေါင်း ဆောင်ရွက်မှုတွေ ပါဝင်ပါတယ်။ 3 Levels of Social Work (လူမှုရေးလုပ်ငန်းအဆင့် ၃ ဆင့်)ယေဘုယျအားဖြင့်၊ လူမှုရေးလုပ်ငန်းအလေ့အကျင့်တွေမှာဆိုရင် micro၊ mezzo နဲ့ macro လူမှုရေးလုပ်ငန်းဆိုပြီး အဆင့်သုံးဆင့်ရှိပါတယ်။ အဆင့်တစ်ခုစီမှာဆိုရင် လူမှုရေးလုပ်ငန်းကျွမ်းကျင်သူတွေက ပစ်မှတ်လူဦးရေအတွက် ပြုလုပ်ပေးတဲ့ ဝန်ဆောင်မှုတွေဟာ အနည်းငယ်ကွဲပြားကြပါတယ်။ (၁) အသေးစားလူမှုရေးလုပ်ငန်း (Micro Social Work)လူမှုရေးလုပ်ငန်းလုပ်ဆောင်သူတွေဟာ တစ်ဦးချင်းစီကိုဖြစ်စေ၊ မိသားစုအလိုက်ဖြစ်စေ […]
Social Work, Engagement and Relationship Building Read More »









