AI

သမရိုးကျ နှင့် ခေတ်မှီ စိုက်ပျိုးနည်းစနစ်အကြား ကွာခြားချက်များ

စဉ် သမရိုးကျ စိုက်ပျိုးရေး🟢 ခေတ်မီစိုက်ပျိုးရေး 🔵 နည်းစနစ်ပိုင်း 📊 ၁ ရှေးယခင်က နည်းစနစ်တွေနဲ့ မိရိုးဖလာ ဗဟုသုတတွေကို ပေါင်းစပ် အသုံးချခြင်း တိကျတဲ့ စိုက်ပျိုးရေး သွင်းအားစု အသုံးပြုမှု နည်းပညာတွေကို အသုံးပြုခြင်း ၂ လူ့ လုပ်အား နဲ့ ရိုးရှင်းတဲ့ ကိရိယာ တန်ဆာပလာတွေကိုသာ အသုံးချစိုက်ပျိုးခြင်း ခေတ်မှီ စိုက်ပျိုးနည်းစနစ်တွေနဲ့ စက်ကိရိယာ တွေကို အသုံးပြု စိုက်ပျိုးခြင်း ၃ ဒေသတွင်း စားသုံးမှုကို အဓိက အားထားခြင်း နိုင်ငံတကာ ဈေးကွက်ကို ထိုးဖောက်နိုင်စေဖို့ အများအပြား စိုက်ပျိုးထုတ်လုပ်ခြင်း ၄ သီးနှံမျိုးစုံ စိုက်ပျိုးခြင်း နှင့် အော်ဂဲနစ် နည်းပညာတွေကို အားပေးခြင်း ဈေးကွက်ဝင် သီးနှံတစ်မျိုးတည်းကိုသာ အထွက်နှုန်းတိုးစေဖို့ အဓိကထားခြင်း […]

သမရိုးကျ နှင့် ခေတ်မှီ စိုက်ပျိုးနည်းစနစ်အကြား ကွာခြားချက်များ Read More »

အပင်မျိုးပွားခြင်း (ခ) အပင်ပွားခြင်း

🌲အပင်မျိုးပွားခြင်းဆိုတာဘာလဲ 🪴 အပင်မျိုးပွားခြင်း (သို့) အပင်ပွားခြင်းဆိုတာ အပင်တစ်ပင်ကနေ အပင်သစ်တွေ ရနိုင်သမျှ ရအောင် လုပ်ခြင်းဖြစ်ပါတယ်။ 🪴သဘာဝအတိုင်း ပွားများနိုင်ပြီးတော့ မျိုးရိုး ဗီဇဆိုင်ရာ ဝိသေသလက္ခဏာတွေ၊ အပင်တစ်ပင်ရဲ့ ထူးခြားကောင်းမွန်မှုနဲ့ဆိုင်တဲ့ လက္ခဏာတွေက အပင်မျိုးပွားခြင်းဖြစ်စဉ်ကြောင့် အရှည်တည်တံ့ နေနိုင်ပါတယ်။ 🪴အပင်တစ်ပင်ကို အရည်အသွေးလည်း ကောင်း၊ အရေအတွက်လဲ များများရဖို့  (၁) လိင်ရှိ မျိုးပွားခြင်း (Sexual Propagation) နည်း နဲ့  (၂) လိင်မဲ့ မျိုးပွားခြင်း (Asexual Propagation) နည်း နှစ်ခုနဲ့ မျိုးပွားနိုင်ပါတယ်။ 🌲လိင်ရှိ/လိင်မဲ့ မျိုးပွားခြင်းတို့ရဲ့ အားသာချက်/အားနည်းချက်များ (က) လိင်ရှိမျိုးပွားခြင်းနည်းရဲ့ အားသာချက် တွေကတော့ 🌱 အစေ့နဲ့မျိုးပွားနိုင်ခြင်း။ 🌱မျိုးစေ့၊ သစ်စေ့များကို ရေရှည် သိုလှောင်သိမ်းဆည်းထားနိုင်ခြင်း။ 🌱

အပင်မျိုးပွားခြင်း (ခ) အပင်ပွားခြင်း Read More »

မြေအနုအကြမ်း ခွဲခြားခြင်း နဲ့ မြေအနု၊ အကြမ်း အလိုက် အားသာချက်/ အားနည်းချက်များ

🏔️ မြေအနုအကြမ်းဆိုတာဘာလဲ။ ✳️ စိုက်ပျိုးရေးအတွက် အရေးပါတဲ့ မြေဆီလွှာဆိုတာ သဲ (sand)၊ နုံး (silt) နဲ့ မြေစေး (clay) စတဲ့ အမှုန့်ကလေးတွေကို အချိုးအစား အမျိုးမျိုးနဲ့ ရောနှောပေါင်းစပ်တာကို ဆိုလိုတာပါ။ ✳️ အဲ့ဒီလို သဲ၊ နုံး၊ မြေစေးတွေ ပေါင်းစပ်ပါဝင်နှုန်းအပေါ် မူတည်ပြီး သဲမြေ၊ သဲနုံးမြေ၊ နုံးမြေ၊ နုံးမြေစေး၊ မြေစေး စတဲ့ အမည်အမျိုးမျိုးဖြစ်ပေါ်လာပါတယ်။ ဒီလိုပေါ်ထွက်လာတဲ့အပေါ်  ကောင်း-သင့်-ညံ့ စတဲ့ အရည်အသွေး အဆင့်အတန်း မျိုးစုံနဲ့ ခွဲခြား တည်ရှိနေကြပါသည်။ ဒီအရာတွေကို မြေသားအနုအကြမ်း (သို့) မြေမှုန့်ပေါင်းစပ်မှု (soil texture) လို့ခေါ်ပြီး သဲ၊ နုံး နဲ့ မြေစေး ပါဝင်မှုတို့ကို တိုင်းတာခြင်းဖြစ်ပါတယ်။  🗻မြေအနုအကြမ်းအလိုက်

မြေအနုအကြမ်း ခွဲခြားခြင်း နဲ့ မြေအနု၊ အကြမ်း အလိုက် အားသာချက်/ အားနည်းချက်များ Read More »

စိုက်ပျိုးရေးဆိုင်ရာ အထွေထွေ မိတ်ဆက်

1️⃣“စိုက်ပျိုးရေး” ဆိုတဲ့ ဝေါဟာရဲ့ အဓိပ္ပါယ် 🌿“Agriculture” ဆိုတာ လက်တင်ဘာသာ “Ager” (The Soil – မြေကြီး) နဲ့ “Cultura” (Cultivation –   စိုက်ပျိုးခြင်း/ပြုစုပျိုးထောင်ခြင်း) ဆိုတဲ့ စကားလုံး နှစ်ခုကို ပေါင်းထားတာပါ။ 🌱ဒါကြောင့်  “Agriculture” ဆိုတာ “မြေကြီး (မြေဆီလွှာ)ကို ပိုမိုကောင်းမွန်လာအောင် ပြုစု ထိန်းသိမ်းပြီး စိုက်ပျိုးခြင်း” လို့ အဓိပ္ပာယ်ရပါတယ်။ 🌳ဒါပေမယ့် “Agriculture” ကို “စိုက်ပျိုးရေး” လို့ အဓိပ္ပါယ်ကောက်ယူလိုက်ရင်တော့  သီးနှံ အထွက်တိုးဖို့ကိုပဲ အာရုံစိုက်ပြီး၊ စိုက်ပျိုးမြေကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းဖို့ကိစ္စကို “မေ့လျော့” သလို ဖြစ်လာကြပါတယ်။ 🌴သီးနှံအထွက်တိုးရေးကိုပဲ ဦးစားပေးလာကြတော့ ဓာတုမြေသြဇာတွေ၊ ဓာတုပိုးသတ်ဆေးတွေ၊ ဓာတုပေါင်းသတ်ဆေးတွေကို တွင်တွင်ကျယ်ကျယ် သုံးလာကြပါတယ်။ တစ်ချိန်ထဲမှာပဲ

စိုက်ပျိုးရေးဆိုင်ရာ အထွေထွေ မိတ်ဆက် Read More »

Cover Letter Writing

📃ပညာသင်ဆုလျှောက်ခြင်း၊ စေတနာ့ဝန်ထမ်းလျှောက်ခြင်း၊ အသင်းအဖွဲ့ဝင်အဖြစ်လျှောက်ထားခြင်း နဲ့ အလုပ်လျှောက်တဲ့အခါ  သင်ရဲ့ CVက ကောင်းမွန်နေဖို့ လိုအပ်သည်။ ဒါ့အပြင် CV နှင့်အတူ Cover Letterကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်သည်။ သင်ရဲ့ CVမှာ သင့် အတွေ့အကြုံ၊ ပညာအရည်အချင်းနဲ့ တတ်မြောက်မှုတွေကို အကျဉ်းချုံး ဖော်ပြပေးရပါတယ်။  Cover Letter မှာလည်း သင် လျှောက်လိုတဲ့ ပညာသင်ဆု၊ အလုပ်အတွက် ဘာကြောင့် ပြည့်စုံကိုက်ညီ သူတစ်ဦးဖြစ်တယ်ဆိုတာကို ပြသနိုင်ဖို့ အခွင့်အရေးပေးပါတယ်။ Cover Letterကောင်းတစ်စောင်က သင်လျှောက်လိုသော ပညာသင်ဆု၊ အလုပ်နဲ့ ဘယ်လို ကိုက်ညီမှုရှိကြောင်းကိုပါ ညွှန်ပြ နိုင်ပါတယ်။ 📑Cover Letter ဆိုတာ ဘာလဲ။ Cover Letter က CV နဲ့အတူ

Cover Letter Writing Read More »

ဝေဖန်ပိုင်းခြား တွေးခေါ်ခြင်း စွမ်းရည် (Critical Thinking Skills)

💭ဝေဖန်ပိုင်းခြားတွေးခေါ်ခြင်းစွမ်းရည် (Critical Thinking Skills) ဆိုတာဘာလဲ။ ဝေဖန်ပိုင်းခြားတွေးခေါ်ခြင်းက ပြဿနာတစ်ခု ဒါမှမဟုတ် အကြောင်းအရာတစ်ခုကို စေ့စေ့စပ်စပ်နားလည်ဖို့အတွက် အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာမှုတွေ လုပ်ရပါတယ်။ ဒါ့အပြင် ယူဆချက် နဲ့ အချက်အလက်တွေရဲ့ ဆက်သွယ်ချက်တွေကို နားလည်စေဖို့ ကျိုးကြောင်းဆီလျော်စွာ တွေးခေါ်နိုင်တဲ့ စွမ်းရည်တစ်ခု ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်စွမ်းရှိတဲ့သူက အခက်အခဲပြဿနာတွေရဲ့ ရင်းမြစ် နဲ့ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ယုတ္တိရှိရှိ စနစ်တကျ ဝေဖန်ဆန်းစစ်ပြီး အသင့်တော်ဆုံး နည်းလမ်းကို မှန်ကန်စွာ ရွေးချယ် ဆုံးဖြတ်နိုင်ပါတယ်။ အချက်အလက်တွေကို စနစ်တကျ ခွဲခြမ်းစိတ်ဖြာခြင်းနဲ့  ရွေးချယ် ဆုံးဖြတ်ခြင်း ပြုလုပ်ရာမှာ မိမိရဲ့ ပုဂ္ဂလိကအမြင်၊ ကိုယ်ရေးကိုယ်တာ ခံစားချက်တွေ မလွှမ်းမိုးမိစေဘဲ  ဓမ္မဓိဋ္ဌာန် ကျကျ ဆုံးဖြတ်နိုင်ဖို့က အရေးကြီးပါတယ်။   ဥပမာအားဖြင့်၊ သင်

ဝေဖန်ပိုင်းခြား တွေးခေါ်ခြင်း စွမ်းရည် (Critical Thinking Skills) Read More »

အချိန် စီမံခန့်ခွဲခြင်း စွမ်းရည် (Time Management)

🔍သင် စာလုပ်ဖို့ ဆုံးဖြတ်ထားပြီးမှ ဘယ်အချိန်စရမှန်း မသိဖြစ်ဖူးပါသလား။ ဒါမှမဟုတ် ပြဿနာတခုခုအပေါ် မဖြေရှင်းနိုင်ဘဲ ပိတ်မိနေတယ်လို့ ခံစားနေရပါသလား။ ဒီအရာတွေကို ဖြေရှင်းဖို့အတွက် စွမ်းရည်အများကြီးရှိတဲ့ထဲကနေ မရှိမဖြစ် ရှိသင့်တဲ့ စွမ်းရည်တစ်ခုလိုအပ်ပါတယ်။ အဲ့ဒါကတော့ Time Management ပဲ ဖြစ်ပါတယ်။  📈လူတွေအားလုံးက အချိန်တစ်ခုအပေါ်မှာ အလုပ်လုပ်ရင်း ရုန်းကန် ရှင်သန်ကြရပါတယ်။ အသက်အရွယ်ရောက်လာလေလေ မလုံလောက်တဲ့ အချိန်တွေ ရှိလာတာကြောင့် လူကြီးတွေအနေနဲ့ အချိန်ကို ရှိသလောက် ပိုလိုချင်ကြပါတယ်။ ဒါပေမယ့် ဆယ်ကျော်သက် လူငယ်တွေဆီမှာတော့ လုံလောက်တဲ့ အချိန်တွေ အများအပြားရှိကြပါတယ်။ လူငယ်တွေက များပြားလုံလောက်တဲ့အချိန်အပေါ် အကောင်းဆုံး အသုံးမချနိုင်ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ အချိန်ရဲ့ အရေးပါဝင်မှုနဲ့ အချိန်တခုက လူ့ဘဝမှာ ဘယ်လောက်အရေးကြီးလဲဆိုတာ မသိကြတဲ့အချိန် လူငယ်တွေ အသက်ကြီးလာတဲ့အခါ အချိန်လွန်မှ အနာဂတ်ရည်မှန်းချက်

အချိန် စီမံခန့်ခွဲခြင်း စွမ်းရည် (Time Management) Read More »

ဆုံးဖြတ်ချက်ချခြင်း စွမ်းရည် (Decision Making Skills)

🔎လူတိုင်းက နေ့ရက်တိုင်းမှာ ကိစ္စအမျိုးမျိုးအပေါ် မူတည်ပြီး ဆုံးဖြတ်ချက်တွေကို လုပ်ဆောင်ကြပါတယ်။ လုပ်ဆောင်ချက်တွေ အကောင်းဆုံးဖြစ်စေဖို့ ဆုံးဖြတ်ချက် ချနိုင်စွမ်းတွေကို သင်ယူရပါတယ်။ ငယ်စဉ်အချိန်မှာတော့ မိဘတွေကလူငယ်တွေကို တာဝန်ယူပြီး ကိစ္စအားလုံးအပေါ် ဆုံးဖြတ်ပေးပေမယ့် မိဘတွေကတော့ လူငယ်တွေကို ကိစ္စရပ်တိုင်းမှာ တာဝန်ယူနိုင်ပြီး ပျော်ရွှင်တဲ့ လူကြီးတွေ ဖြစ်စေချင်ကြပါတယ်။ သုတေသနတချို့အရဆိုရင် အခြေအနေတစ်ခုကို သုံးသပ်ပြီး ဆုံးဖြတ်ချက် ချနိုင်တဲ့လူတွေဟာ ဘဝမှာ ပိုအောင်မြင်တတ်ကြောင်းကို တင်ပြထားပါတယ်။ ကိစ္စတိုင်းမှာ လူငယ်တွေအနေနဲ့လည်း ဆုံးဖြတ်ချက် ချနိုင်စွမ်းကို လေ့ကျင့်ထားဖို့ လိုအပ်ပါတယ်။  🖌️လူငယ်အနေနဲ့ ပြဿနာဖြစ်လာခဲ့ရင် (ဒါမှမဟုတ်) ပြဿနာဖြစ်လာတော့မယ့် အခြေအနေနဲ့ ကြုံလာခဲ့ရင် ကိုယ့်ကိုကို ကာကွယ်ဖို့အတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ချတတ်ဖို့ လိုလာပါတယ်။ ဒါကြောင့် ဆုံးဖြတ်ချက် ချနည်း၊ ပြဿနာဖြေရှင်းနည်း လုပ်ငန်းစဉ်တွေကို ပိုတိုးတက်အောင်

ဆုံးဖြတ်ချက်ချခြင်း စွမ်းရည် (Decision Making Skills) Read More »

မိမိကိုယ်ကို လေ့လာသုံးသပ်ခြင်း (SWOT Analysis)

💠SWOT Analysis ဆိုတာဘာလဲ။ SWOT ဆိုတာ လူတစ်ဦးတစ်ယောက်အတွက်ဖြစ်စေ၊ အသင်းအဖွဲ့၊ အဖွဲ့အစည်းများအတွက်ဖြစ်စေ၊ အကောင်အထည်ဖော်မည့် စီမံကိန်းများအတွက်ဖြစ်စေ အားသာချက်များ(Strength)၊ အားနည်းချက်များ(Weakness)၊ အခွင့်အလမ်းများ (Opportunities)၊ ခြိမ်းခြာက်မှုများ(Threats)ကို ဖော်ထုတ်သုံးသပ်ရန်အတွက်ဖြစ်တယ်။ ဥပမာ မိမိကို အွန်လိုင်း အတန်းကနေ သင်ခန်းစာတစ်ခု လေ့လာခိုင်းတယ် ဆိုပါစို့။ သင်ယူဖို့အတွက် မိမိမှာ အားသာချက်ဘာတွေရှိလဲ၊ အတားအဆီးဖြစ်နိုင်မဲ့ အားနည်းချက်ဘာတွေရှိလဲ၊ အခွင့်အလမ်းအနေနဲ့ အလွယ်တကူသုံးနိုင်တဲ့  App/ website တွေသုံးလို့ရတာလား၊ တတ်မြောက်သွားရင် ဗဟုသုတတွေကို လက်တွေ့ အသုံးချနိုင်မှာလား၊ ခြိမ်းခြောက်မှုတွေအနေနဲ့က ဒေတာဖိုးဈေးကြီးတာလား၊ အင်တာနက်ရဖို့ခက်တာလား စတာတွေဖော်ထုတ်ပြီး မိမိကို ပေးအပ်တဲ့ သင်ယူမှုကို အောင်မြင်ဆောင်ဖော်ဆောင်နိုင်ဖို့ SWOT ကိုသုံးနိုင်ပါတယ်။ အားသာချက်များနဲ့ အားနည်းချက်တွေက မိမိလက်တွင်းရှိနေပြီး မိမိဘာသာထိန်းချုပ် နိုင်တယ် ပြောင်းလဲနိုင်တယ်။ အခွင့်အလမ်းများနဲ့ ခြိမ်းခြောက်မှုများက

မိမိကိုယ်ကို လေ့လာသုံးသပ်ခြင်း (SWOT Analysis) Read More »

မိမိကိုယ်ကို သိရှိခြင်း (Self-awareness)

⚜️Self-awareness ဆိုတာကတော့ မိမိကိုယ်ကို သိရှိခြင်းဖြစ်ပြီး လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးတဲ့ အရာတစ်ခုဖြစ်ပါတယ်။ မိမိကိုယ်ကိုသိရှိခြင်း- Self Awareness ကောင်းအောင် လေ့ကျင့်သင်ယူမှုတွေကို ဖော်ပြပေးပါမယ်။   မိမိကိုယ်ကို ကောင်းစွာနားလည်ထားရင် ကိုယ်က ဘယ်လိုလူမျိုးလဲဆိုတာ သေချာသိနိုင်ပါတယ်။ ကိုယ့်ရဲ့ မူရင်းပုံစံ၊ လုပ်ရပ်တွေ၊ တန်ဖိုးထားမှု၊ ယုံကြည်မှု၊ စိတ်ခံစားချက်တွေနဲ့ အတွေးအမြင်တွေကို သေချာသိမြင်လာနိုင်မှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ဖြစ်တည်မှုနဲ့ အမူအကျင့် အလေ့အထတွေ သိထားပြီးရင်တော့ ကိုယ့်ကိုကို အာရုံစိုက်နိုင်ပြီး စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေလည်း အပြုသဘောဆောင်တဲ့ဖက်ကနေ ကောင်းမွန်လာမှာပဲဖြစ်ပါတယ်။  မိမိကိုယ်ကိုသိရှိပြီဆိုရင် လူမှုရေးနယ်ပယ်တွေမှာ ကိုယ့်အပေါ် လူအများရဲ့ ထင်မြင်ချက်တွေကို အထူးဂရုစိုက်စရာမလိုတော့ဘဲ ကိုယ့်ရဲ့ မူရင်းအကျင့်လက္ခဏာနဲ့ ပျော်ရွှင်မှုတို့ပေါင်းစပ်ပြီး ကိုယ်လိုချင်တဲ့ အရာ၊ ဖြစ်ချင်တဲ့ဆန္ဒတွေကို အချိန်ကာလတစ်ခုအတွင်း ရယူလာနိုင်မှာပဲဖြစ်ပါတယ်။ ဒါကြောင့် မိမိကိုယ်ကိုသိရှိခြင်း-Self Awareness

မိမိကိုယ်ကို သိရှိခြင်း (Self-awareness) Read More »