Uncategorized

အချိန် စီမံခန့် ခွဲမှု (Time Management)

အချိန်စီမံခန့် ခွဲမှုဆိုတာဘာလဲ “အချိန် စီမံခန့်ခွဲမှု” ဆိုတာဟာ သင့်ရဲ့ အချိန်ကို တနေ့တာ ဆောင်ရွက်ရန်ရှိတဲ့ သင်ယူခြင်းလုပ်ငန်းများ၊ အလုပ်တာဝန်များ၊ လူမှုရေးလုပ်ငန်းများနှင့် မိသာစုတာဝန်များကို အံဝင်ခွင်ကျဖြစ်အောင် ပြီးမြောက်အောင် စနစ်တကျ စီစဉ်တဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ အချိန်စီမံခန့်ခွဲမှုတွေကို လုပ်ဆောင်တဲ့အခါ အဓိကအားဖြင့် လုပ်ဆောင်မှု (action) အဆင့်မှ ရလဒ် (Result) အဆင့်သို့ ရောက်ဖို့လိုပါတယ်။ အလုပ်များ ခြင်းဟာ အချိန်ကို စနစ်တကျ စီမံခန့်ခွဲမှု မဟုတ်ပါ။ တိုးတက်လိုသူတစ်ဦးအနေနဲ့ ရှိသင့်တဲ့ အရေးကြီးတဲ့ အရည်အချင်းတစ်ခုကတော့ အချိန်စီမံခန်ခွဲမှုပဲဖြစ်ပါတယ်။ အချိန်စီမံခန်ခွဲမှုဆိုတာ တစ်ရက်တာအချိန် ၂၄ နာရီကို အကျိုးရှိစွာ အသုံးပြုခြင်းကို ရည်ညွှန်းခြင်းဖြစ်ပါတယ်။ ပထမဦးစွာ အောက်ပါမေးခွန်းများဖြင့်  မိမိရဲ့ အချိန်စီမံခန့်ခွဲမှု အလေ့အထကို ပြန်လည်စဉ်းစား သုံးသပ်ကြည့်ပါ။ ကောင်းမွန်သော […]

အချိန် စီမံခန့် ခွဲမှု (Time Management) Read More »

ပြဿနာဖြေရှင်းနိုင်ခြင်း စွမ်းရည် (Problem Solving Skills)

ပြဿနာဖြေရှင်းနိုင်ခြင်း စွမ်းရည် (Problem Solving Skills) ဆိုတာဘာလဲ။ 🧩လူတိုင်ဟာ နေ့စဉ် အခက်အခဲအမျိုးမျိုး၊ ပြသနာအမျိုးမျိုးကြုံရလေ့ရှိတာမို့ ပြဿနာဖြေရှင်းနိုင်ခြင်း စွမ်းရည်(Problem Solving Skills) သည် လူတိုင်းကျွမ်းကျင်ထားရမယ့် မရှိမဖြစ်လိုအပ်တဲ့ ကျွမ်းကျင်မှုစွမ်းရည် တစ်ခုဖြစ်ပါတယ်။ သင်ကိုယ်တိုင် သင်ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဖြေရှင်းခြင်းဖြင့် သင့်ရဲ့ Problem Solving Skills ကို တိုးတက်အောင်ပြုလုပ်လို့ရပါတယ်။ အသစ်သစ်သော ပြဿနာများ ကြုံတွေ့ရလေ သင်ရဲ့ Problem Solving Skills စွမ်းရည်က ပိုပြီးတိုးတက်လာလေပဲဖြစ်ပါတယ်။ လူတွေက သင့်ကို အဆိုးဆုံးသော အရာတွေ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ သင့်ကို မျှော်လင့်နေမှာဖြစ်ပါတယ်။ 🧩လူအများနဲ့ ပြောဆို ဆက်သွယ် အလုပ်လုပ်ရလေ သင့်အတွက် အသစ်သစ်သော ပြဿနာများ တိုးပွားလာလေပဲဖြစ်ပါသတယ်။ ဒီလို

ပြဿနာဖြေရှင်းနိုင်ခြင်း စွမ်းရည် (Problem Solving Skills) Read More »

Online Facilitation Techniques and Tools

နေ့စဉ်ဘဝမှာအလုပ်လုပ်ကိုင်နေရတဲ့သူတွေအတွက် အဖွဲ့အစည်းအတွင်း ဆက်သွယ်ပြောဆိုခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဆုံးဖြတ်ချက်များချခြင်း စတဲ့ အလုပ်တွေဟာ လုပ်ငန်းခွင်မှာအလုပ်လုပ်နေသူတွေအတွက်  မလွဲမသေ ရင်ဆိုင်ရမယ့်အရာတွေပဲဖြစ် ပါတယ်။  အကယ်၍ သင်ဟာ စာသင်ကြားခြင်း၊ workshop များဆောင်ရွက်ခြင်း၊ အစည်းအဝေးများကိုဦးဆောင်ခြင်း စတဲ့ ပံ့ပိုးကူညီမှုတွေ ပေးရတဲ့သူတစ်ယောက်ဆိုရင် မှန်ကန်တဲ့ ပံ့ပိုးကူညီမှုနည်းလမ်းတွေကို သိရှိနားလည်ထားဖို့လိုပါလိမ့်မယ်။  ပံ့ပိုးကူညီတယ်ဆိုတာက ချမှတ်ထားတဲ့ ရည်ရွယ်ချက်တွေကို အတူတကွပူးပေါင်းပြီး ထိရောက်မှုရှိအောင် ဆောင်ရွက်နိုင်ဖို့အတွက် ပါဝင်နေတဲ့သူတစ်ဦးတစ်ယောက်ချင်းစီကို လမ်းပြပေးပြီး အကြံဉာဏ်များပေးခြင်းဖြစ်ပါတယ်။ သင်ကြားရေးကို ဆောင်ရွက်နေတဲ့ ဆရာတစ်ယောက်အတွက် မိမိကျောင်းသားများကို ဦးဆောင်ရတဲ့အခါ ဘယ်လိုပံ့ပိုးကူညီမှုနည်းလမ်းတွေရှိတယ်ဆိုတာကို သိရှိ နားလည်ထားဖို့လိုအပ်ပါတယ်။ ၁။ Teaching ( သင်ကြားခြင်း ) နှင့် Facilitation ( ပံ့ပိုးကူညီခြင်း )  ၁.၁။ Teaching (သင်ကြားခြင်း) Teaching (သင်ကြားခြင်း)

Online Facilitation Techniques and Tools Read More »

ဝေဖန်ပိုင်းခြားတွေးခေါ်ခြင်းစွမ်းရည် (Critical Thinking Skills)

ဝေဖန်ပိုင်းခြားတွေးခေါ်ခြင်းစွမ်းရည် (Critical Thinking Skills) ဆိုတာဘာလဲ။ ဝေဖန်ပိုင်းခြားတွေးခေါ်ခြင်းသည် ပြဿနာတစ်ခု သို့မဟုတ် အကြောင်းအရာတစ်ခုကို စေ့စေ့စပ်စပ်နားလည်ဖို့အတွက် အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာခြင်း လုပ်ရပ်တစ်ခုဖြစ်သည်။ ယူဆချက် နှင့် အချက်အလက်များရှိ ဆက်သွယ်ချက်များကို နားလည်စေရန် ကျိုးကြောင်းဆီလျော်စွာ တွေးခေါ်နိုင်တဲ့ စွမ်းရည်တစ်ခု ဖြစ်သည်။ ကောင်းစွာ ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်စွမ်းရှိသူသည် အခက်အခဲပြဿနာများ၏ ရင်းမြစ်နှင့် ဖြေရှင်းနိုင်မည့်နည်းလမ်းများကို ယုတ္တိရှိရှိ စနစ်တကျ ဝေဖန်ဆန်းစစ်၍ အသင့်တော်ဆုံး နည်းလမ်းကို မှန်ကန်စွာ ရွေးချယ် ဆုံးဖြတ်နိုင်သည်။ အချက်အလက်များကို စနစ်တကျ ခွဲခြမ်းစိတ်ဖြာခြင်းနှင့်  ရွေးချယ် ဆုံးဖြတ်ခြင်း ပြုလုပ်ရာတွင် မိမိ၏ ပုဂ္ဂလိကအမြင်၊ ကိုယ်ရေးကိုယ်တာ ခံစားချက်တို့မှ မလွှမ်းမိုးဘဲ ဓမ္မဓိဋ္ဌာန် ကျကျ ဆုံးဖြတ်နိုင်ခြင်း က အရေးကြီးပါသည်။   ဥပမာအားဖြင့်၊ သင်သည် လူ့စွမ်းအားအရင်းအမြစ်ဌာန( Human

ဝေဖန်ပိုင်းခြားတွေးခေါ်ခြင်းစွမ်းရည် (Critical Thinking Skills) Read More »

Conflict Resolution

💠ပဋိပက္ခ (Conflict) ဆိုတာဘာလဲ။ ပဋိပက္ခဆိုတာ လူနှစ်ယောက် (သို့မဟုတ်) နှစ်ယောက်ထက်ပိုပြီး လူများအကြား မတူညီတဲ့ အမြင်နဲ့ တန်ဖိုးထားမှုတွေ ရှိတဲ့အခါ ဖြစ်ပေါ်နိုင်ပါတယ်။ ပဋိပက္ခက သင်နဲ့ သင့်သူငယ်ချင်းများ၊ မိဘများ၊ အတန်းဖော်များနဲ့ လုပ်ဖော်ကိုင်ဖက်များအကြား ဖြစ်ပေါ်နိုင်ပါတယ်။ သင်ကိုယ်တိုင် အတွင်းစိတ်ထဲကလည်း ပဋိပက္ခဖြစ်ပေါ်နိုင်ပါတယ်။ တစ်ခါတစ်ရံသင့်သူငယ်ချင်းတစ်ဦး (သို့မဟုတ်) မိသားစုဝင်တစ်ဦးကို ထောက်ခံပေးခြင်းကြောင့် သင်ကိုယ်တိုင် ပဋိပက္ခအခြေအနေအတွင်း ဝင်ရောက်သွားနိုင်ပါတယ်။ ပဋိပက္ခအမျိုးအစားများမှာ_  💠ပဋိပက္ခ ဖြစ်ပွားရခြင်း အကြောင်းရင်း (၅) ချက် ၁။ သတင်းအချက်အလက် မှန်ကန်လုံလောက်စွာ မရရှိမှုနဲ့ ဆက်သွယ်ပြောဆိုမှု အားနည်းခြင်း ပဋိပက္ခ ဖြစ်ပွားရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုကတော့ သတင်းအချက်အလက် မှန်ကန်လုံလောက်စွာ မရရှိမှုနဲ့ ဆက်သွယ်ပြောဆိုမှု အားနည်းခြင်းကြောင့် ဖြစ်ပါတယ်။ လူမှုအသိုင်းအဝိုင်းနှစ်ခုကြားဖြစ်စေ၊ လုပ်ငန်းခွင်တွင်ဖြစ်စေ၊ မိသားစုအချင်းချင်း၊

Conflict Resolution Read More »

Empower Youth and Team

လူငယ်စွမ်းအားမြင့်တင်ရေး (Youth Empowerment) ဆိုတာဘာလဲ။ လူငယ်စွမ်းအားမြင့်တင်ရေးဆိုတာက လူငယ်တွေက သူတို့ရဲ့ ဘဝတာဝန်တွေကို ကိုယ်တိုင် တာဝန်ယူတတ်စေဖို့ တွန်းအားပေးတဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်ပါတယ်။ လူငယ်တွေကို သူတို့ရဲ့ ဘဝအခြေအနေကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းနိုင်စေပြီး သူတို့မှာရှိတဲ့ အရည်အချင်း၊ အရင်းမြစ်တွေကို အသုံးပြုပြီး တစ်ခုခုလုပ်ဆောင်နိုင်ဖို့နဲ့ သူတို့ရဲ့ ယုံကြည်ချက်၊ သဘောထား၊ တန်ဖိုးထားမှုတွေကို အခြေခံပြီး ကိုယ်တိုင်ကိုယ်ကျ ပြောင်းလဲဖို့ လူငယ်စွမ်းအားမြှင့်တင်ရေးကို လုပ်ဆောင်ကြတာဖြစ်ပါတယ်။ လူငယ်စွမ်းအားမြင့်တင်ရေးက ဘာကြောင့်အရေးပါတာလဲ။  (Purpose of Youth Empowerment)  လူငယ်စွမ်းအားမြင့်တင်ရေးက ကောင်းမွန်တဲ့ လူနေမှုဘဝကို မြင့်တင်ဖို့အတွက် ရည်ရွယ်ပါတယ်။ လူငယ်စွမ်းရည် မြင့်တင်ရေးလုပ်ဆောင်တဲ့ ပရိုဂရမ်တွေမှာ တောက်လျှောက် ပါဝင်စေခြင်းက လူငယ်စွမ်းရည်မြင့်တင်ရေးကို အောင်မြင်အောင် လုပ်ဆောင်နိုင်ပါတယ်။ လူငယ်စွမ်းရည်မြှင့်တင်ရေးလှုပ်ရှားမှု ( Youth Empowerment Movement) စွမ်းရည်မြင့်တင်မှုဆိုင်ရာ

Empower Youth and Team Read More »

Team Building

အဖွဲ့တည်ဆောက်ခြင်း(Team Building) ဆိုတာဘာလဲ။ Team Building သည် အဖွဲ့အစည်းအတွင်း စဉ်ဆက်မပြတ် ဆောင်ရွက်နေရသော ဖြစ်စဉ်ဖြစ်ပြီး အဖွဲ့(ဥပမာ သင်ရိုးရေးဆွဲရေးအဖွဲ့၊ အကဲဖြတ်အဖွဲ့) ၏ လုပ်ငန်းများ ထိရောက် အောင်မြင်စေရန် ကူညီပံ့ပေးဖို့ လိုအပ်ပါတယ်။ တစ်နည်းအားဖြင့် အဖွဲ့၏ ဘုံရည်မှန်းချက်များ (common goals) အောင်မြင်ရန် အဖွဲ့ဝင်များ အားလုံး ညီညွတ်စွာ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ အဖွဲ့တည်ဆောက်ခြင်းတွင် သက်ရှိသက်မဲ့ အရင်းမြစ်များနှင့် အချက်အလက်များ သဟဇာတဖြစ်အောင် ပေါင်းစပ်ပြီး ဒါ့အပြင် အဖွဲ့ဝင် တစ်ဦးချင်းစီရဲ့ ထင်မြင်ယူဆချက်တွေကို အုပ်စုအတွင်း မျှဝေခြင်း၊ တစ်ဦးပေါ်တစ်ဦး အပြန်အလှန် ယုံကြည်ပြီး ပံ့ပိုးကူညီမှုရှိခြင်း အပြင် တစ်ဦးချင်းစီရဲ့ မတူကွဲပြားမှုကိုလည်း လေးစားမှုရှိရပါမယ်။ Richard Hackmanရဲ့ အဆိုအရ စွမ်းဆောင်ရည်မြင့်မားတဲ့ အသင်းအဖွဲ့တစ်ခုက

Team Building Read More »

Youth Capacity Building

What is Capacity? (စွမ်းဆောင်နိုင်စွမ်း ဆိုတာဘာလဲ။)  Oxford dictionary၏ အဓိပ္ပာယ် ဖွင့်ဆိုချက်အရ Capacity စွမ်းဆောင်နိုင်စွမ်းဆိုတာကတော့ တစ်စုံတစ်ယောက် (သို့မဟုတ်) တစ်စုံတစ်ခု၏ လုပ်ဆောင်နိုင်သော စွမ်းရည်ပမာဏကို ဆိုလိုတာ ဖြစ်ပါတယ်။ Capacity Building စွမ်းရည်တည်ဆောက်ခြင်းဟာ အလိုအလျောက်ဖြစ်တည်လာခြင်းမဟုတ်ပါ။ စိတ်ဆန္ဒထက်သန်မှု၊ အားစိုက်ထုတ်မှု၊ အစပျိုးမှု နှင့် ဦးဆောင်မှု တို့အပေါ် အခြေခံ၍ ပျိုးထောင်ရမှာမျိုး ဖြစ်ပါတယ်။ Capacity Building (လူငယ်စွမ်းရည်တည်ဆောက်ခြင်း) ဆိုတာ ဘာလဲ။  Capacity Building ဆိုတာကတော့ Capacity Development စွမ်းရည်မြှင့်တင်ခြင်းနှင့် သဘောတရားတူပါတယ်။ Capacity Building ရဲ့ အဓိကအနှစ်သာရမှာ လူသားတွေရဲ့စွမ်းဆောင်ရည်တိုးတက်ရေးကို နှောင့်နှေးစေတဲ့ အခက်အခဲ အတားအဆီးများကို သဘောပေါက်နားလည်လာစေရန်နှင့် ၎င်း အခက်အခဲများကို ကျော်လွန်ရန်

Youth Capacity Building Read More »

လူမှုအသိုင်းအဝိုင်းခေါင်းဆောင်မှုစွမ်းရည် (Community Leadership)

လူမှုခေါင်းဆောင်မှု ဆိုတာဘာလဲ။ ( What is community Leadership) လူမှုခေါင်းဆောင်မှု ဆိုတာက ခေါင်းဆောင်မှုပြုလုပ်သူတွေ ဒါမှမဟုတ် စီမံခန့်ခွဲတတ်သူတွေဆီကနေ ပံ့ပိုးကူညီမှုများ၊ သူတို့ရဲ့ စွမ်းရည်များကို ရင်းနှီးမြုပ်နှံခြင်းနှင့်အတူ ပတ်ဝန်းကျင်တစ်ခုမှာ သူတို့ကိုယ်တိုင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။ လူမှုခေါင်းဆောင်မှုဆိုတာ လူမှုရေးနဲ့ဆိုင်တဲ့ လုပ်ငန်းတွေမှာ တက်တက်ကြွကြွပါဝင်လုပ်ကိုင်ပြီး ပတ်ဝန်းကျင်တစ်ခု တိုးတက်ပြောင်းလဲဖို့အတွက် ရှေ့ကနေ ဦးဆောင်ဦးရွက် လုပ်ကိုင်ပေးခြင်း ဖြစ်ပါတယ်။ ဒီလိုလုပ်ကိုင်ရာမှာ လူမှုခေါင်းဆောင်မှုပြုသူတွေက သူတို့ရဲ့စွမ်းရည်တွေကို လိုအပ်တဲ့နေရာတွေမှာ အသုံးချဖို့အတွက် ပံ့ပိုးကူညီတတ်ကြတဲ့အပြင် ပတ်ဝန်းကျင်တစ်ခု တိုးတက်ရေးအတွက် အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ကြပါတယ်။ ပတ်ဝန်းကျင်တစ်ခုမှာ ပူပေါင်းပါဝင် ဆောင်ရွက်ရခြင်းရဲ့ အဓိကသော့ချက်က တိုးတက်ပြောင်းလဲဖို့အတွက်ပဲ ဖြစ်ပါတယ်။ ယျေဘုယျအားဖြင့် ဒီလို လူမှုခေါင်းဆောင်တွေက နေထိုင်ရာ ပတ်ဝန်းကျင်တစ်ခုကနေ ပေါ်ပေါက်လာကြပြီး ရပ်ရွာလူထုကပဲ ခေါင်းဆောင်အဖြစ် ခန့်အပ်ပေးကြရပါတယ်။

လူမှုအသိုင်းအဝိုင်းခေါင်းဆောင်မှုစွမ်းရည် (Community Leadership) Read More »

Communication Skills

💠Communication Skills (ပြောဆိုဆက်သွယ်ခြင်း စွမ်းရည်) ဆိုတာ ဘာလဲ။ ပြောဆိုဆက်သွယ်ခြင်း စွမ်းရည်က အခြားသူ နဲ့ မိမိကြား ဆက်သွယ်ပြောဆိုရာမှာ တစ်ဦးကိုတစ်ဦး နားလည်သဘောပေါက်အောင် ဆောင်ရွက်နိုင်တဲ့ စွမ်းရည်တစ်ခုဖြစ်ပါတယ်။ ဆက်သွယ်ချိတ်ဆက် ပြောဆိုမှုမှာ အဓိက ပါဝင်တဲ့ အရာတွေကတော့ နားထောင်ခြင်း၊ ပြောဆိုခြင်း၊ အကဲခတ်ခြင်း နဲ့ စာနာမှု စွမ်းရည်တို့ ပါဝင်ပါတယ်။ 💠ဘာကြောင့် Communication Skills ရှိဖို့ လိုအပ်တာလဲ။ လုပ်ငန်းခွင်မှာ ဖြစ်စေ၊ စာသင်ကျောင်းမှာဖြစ်စေ လူအများနဲ့ ထိရောက်စွာ ဆက်သွယ်ပြောဆိုနိုင်ဖို့ လိုအပ်ပါတယ်။ ဒီဂျစ်တယ်ခေတ်မှာရှိတဲ့ လူသားတွေက မက်ဆေ့ချ်တွေကို ဖုန်း ၊ အီးမေးလ်နဲ့ လူမှုမီဒီယာတွေကတစ်ဆင့် ဘယ်လို ထိထိရောက်ရောက်ပို့ချ ရမလဲဆိုတာကို သိရှိထားဖို့ လိုအပ်ပါတယ်။ 💠Types of Communication

Communication Skills Read More »