လူ့အဖွဲ့အစည်းဆိုင်ရာပြဿနာများကို ဖြေရှင်းနိုင်မယ့် AI စွမ်းပကား (AI for Community Solution)
၁။ AI နှင့် လူမှုအသိုင်းအဝိုင်းစွမ်းဆောင်ရည်မြှင့်တင်ခြင်း AI ကတော့ ကျွန်မတို့ရဲ့နေ့စဉ်ဘဝထဲမှာ မမြင်နိုင်တဲ့အဖော်တစ်ဦးလို ဖြစ်လာနေပါပြီ။ ကိုယ်ပိုင်အကြံပြုချက်တွေပေးတဲ့စျေးဝယ်စနစ်ကနေစပြီး AI စွမ်းရည်သုံးဆေးဘက်ဆိုင်ရာရောဂါရှာဖွေမှုတွေအထိ ၎င်းရဲ့အသုံးဝင်ပုံတွေဟာ လူမှုအသိုင်းအဝိုင်းတွေဘယ်လိုနေထိုင်၊ အလုပ်လုပ်ပြီး ပြဿနာတွေကိုဖြေရှင်းနေတယ်ဆိုတာကို ပုံဖော်ပေးနေပါတယ်။ ASEAN ဒေသမှာတော့ ယဉ်ကျေးမှုနဲ့ လူမှုစီးပွားရေးအခြေအနေတွေအမျိုးမျိုးကွဲပြားနေတာကြောင့် AI အကြောင်းကို သိရှိတတ်မြောက်ဖို့ဆိုတဲ့ AI Literacy ဆိုတာ နည်းပညာအကြောင်းသက်သက်တင်မဟုတ်ပါဘူး။ AI Literacy ဟာ ပြည်သူတွေအတွက်၊ ဒါ့အပြင် ဒေသတွင်းအကျိုးကျေးဇူးတွေအတွက် AI ကို တာဝန်ယူမှုရှိရှိအသုံးချနိုင်ဖို့ အသိပညာတွေပေးတာမျိုးပါ။ လူမှုအသိုင်းအဝိုင်းတွေဟာ AI ကို အရင်းအမြစ်ကန့်သတ်ချက်တွေကို ကျော်လွှားဖို့၊ ဒစ်ဂျစ်တယ်ကွာဟမှုတွေကို ပေါင်းကူးဖို့နဲ့ လူမှုဆက်ဆံရေးကို ခိုင်မာအောင်လုပ်ဖို့အတွက် အသုံးပြုနိုင်ပါတယ်။ ဥပမာအနေနဲ့ ပြောရရင် မြန်မာနိုင်ငံရှိ ကျေးလက် ဒေသတစ်ခုမှာ တာဝန်ထမ်းဆောင်နေတဲ့ဆရာတစ်ဦးဟာ AI […]
