Basic Communication Skills; Active Listening Techniques

💠Communication Skills (ပြောဆိုဆက်သွယ်ခြင်း စွမ်းရည်) ဆိုတာ ဘာလဲ။

ပြောဆိုဆက်သွယ်ခြင်း စွမ်းရည်က အခြားသူ နဲ့ မိမိကြား ဆက်သွယ်ပြောဆိုရာမှာ တစ်ဦးကိုတစ်ဦး နားလည်သဘောပေါက်အောင် ဆောင်ရွက်နိုင်တဲ့ စွမ်းရည်တစ်ခုဖြစ်ပါတယ်။ ဆက်သွယ်ချိတ်ဆက် ပြောဆိုမှုမှာ အဓိက ပါဝင်တဲ့ အရာတွေကတော့ နားထောင်ခြင်း၊ ပြောဆိုခြင်း၊ အကဲခတ်ခြင်း နဲ့ စာနာမှု စွမ်းရည်တို့ ပါဝင်ပါတယ်။ 

💠ဘာကြောင့် Communication Skills ရှိဖို့ လိုအပ်တာလဲ။

လုပ်ငန်းခွင်မှာ ဖြစ်စေ၊ စာသင်ကျောင်းမှာဖြစ်စေ လူအများနဲ့ ထိရောက်စွာ ဆက်သွယ်ပြောဆိုနိုင်ဖို့ လိုအပ်ပါတယ်။ ဒီဂျစ်တယ်ခေတ်မှာရှိတဲ့ လူသားတွေက မက်ဆေ့ချ်တွေကို ဖုန်း ၊ အီးမေးလ်နဲ့ လူမှုမီဒီယာတွေကတစ်ဆင့် ဘယ်လို ထိထိရောက်ရောက်ပို့ချ ရမလဲဆိုတာကို သိရှိထားဖို့ လိုအပ်ပါတယ်။ 

💠Types of Communication (ဆက်သွယ်ချိတ်ဆက်ပြောဆိုမှု အမျိုးအစားများ)

  • အသံဖြင့် ဆက်သွယ်ခြင်း (Verbal) – ဘာသာစကားပြောဆိုခြင်းဖြင့် ချိတ်ဆက်ပြောဆို ဆက်သွယ်ခြင်း
  • အသံမဲ့ ဆက်သွယ်ခြင်း (Non-Verbal) – ခန္ဓာကိုယ်ဟန်ပန်၊ မျက်နှာအမူအရာများဖြင့် ဆက်သွယ်ခြင်း။
  • အရေးဖြင့် ဆက်သွယ်ခြင်း (Writing) – ဘာသာစကား၊ သင်္ကေတနဲ့ ဂဏန်းတွေကို ရေးသားပြီး ဆက်သွယ်ခြင်း။
  • အမြင်ဖြင့် ဆက်သွယ်ခြင်း (Visual) – ဓာတ်ပုံ၊ ပန်းချီ၊ ပုံကြမ်းနဲ့ စာရင်းဇယားတွေနဲ့ ဆက်သွယ်ခြင်း။

🔹အသံနဲ့ ဆက်သွယ်ခြင်း

     á€…ကဏးပဟ္ဏဆိုတဲအဥခဍမသဏ အသံနဲ့ ဆက်သွယ်ရပါတယ်။ မျက်နှာချင်းဆိုင်၊ တယ်လီဖုန်း၊ Skype ဒါမှမဟုတ် Zoom စတာတွေနဲ့ ဆက်သွယ်ခြင်းဖြစ်နိုင်ပါတယ်။ အသံနဲ့ ဆက်သွယ်ရာမှာ ပြတ်သားပြီး ယုံကြည်မှုရှိတဲ့ အသံမျိုးကို အသုံးပြုပါ။ စိတ်ဝင်တစား နားထောင်ပေးဖို့လည်း လိုအပ်ပါတယ်။ စကားထစ်ငေါ့ခြင်းတွေနဲ့ မဆီလျော်တဲ့ ဗန်းစကားတွေ ပြောခြင်းကိုလည်း ရှောင်ရှားဖို့ လိုအပ်ပါတယ်။

🔹အသံမဲ့ ဆက်သွယ်ခြင်း

အသံမဲ့ ဆက်သွယ်ရာမှာ သင့်စိတ်ခံစားမှုကို သိသာပေါ်လွင်စေဖို့နဲ့ အသံမဲ့ ဆက်သွယ်မှုအပေါ် အာရုံစိုက်ဖို့ ဂရုစိုက်ရပါမယ်။ သရုပ်ပြဆက်သွယ်မှုက ထိရောက်တဲ့နည်းတစ်ရပ်ဖြစ်ပါတယ်။ အသံမဲ့ ဆက်သွယ်ခြင်းမှာ မျက်နှာအမူအရာ၊ ကိုယ်ဟန်အနေအထား၊ မျက်လုံးချင်းဆုံခြင်း၊ လက်လှုပ်ရှားမှုနှင့် ထိတွေ့ခြင်းတို့ ပါဝင်ပါတယ်။

🔹အရေးနဲ့ ဆက်သွယ်ခြင်း

အရေးနဲ့ ဆက်သွယ်ရာမှာ ရိုးရိုးရှင်းရှင်းဖြစ်ဖို့ ကြိုးစားပါ။ အသံနေ၊ အသံထားအပေါ် အားကိုးမထားပါနဲ့။ ရေးသားထားတဲ့ ဆက်သွယ်မှုတွေကို ပြန်လည်သုံးသပ်ဖို့ အချိန်ယူပါ။ အရေးနဲ့ ဆက်သွယ်ခြင်းဥပမာတွေကတော့ အီးမေးလ်၊ မှတ်စုတို၊ အစီရင်ခံစာ(report)၊ Facebook ပို့စ်တစ်ခု၊ Tweet၊ စာချုပ် စတဲ့အရာတွေ ဖြစ်ပါတယ်။

🔹အမြင်နဲ့ ဆက်သွယ်ခြင်း

Visualက  ဆိုရှယ်မီဒီယာ၊ YouTube နဲ့ ဒီဂျစ်တယ်ခေတ်ရဲ့ လူမှုဆက်သွယ်ရေး ပလက်ဖောင်းများမှာ အသုံးအများဆုံး ဆက်သွယ်ရေးအမျိုးအစားဖြစ်လာပါတယ်။ အမြင်နဲ့ ဆက်သွယ်ခြင်းရာမှာ မက်ဆေ့ချ်ရဲ့ နားလည်မှုကို မြှင့်တင်ပေးဖို့ ကူညီပေးနိုင်တဲ့ ဇယားများ(charts)၊ ဓာတ်ပုံများ(photographs)၊ ပုံကြမ်းများ(sketches)၊ ဗီဒီယိုများ၊ ဂရပ်များ၊ အီမိုဂျီများနဲ့ GIFများစတဲ့ နည်းလမ်းများစွာရှိပါတယ်။ အမြင်နဲ့ ဆက်သွယ်ခြင်းရာမှာ ရှင်းရှင်းလင်းလင်းဖြစ်ပြီး နားလည်လွယ်ပါစေ။

💠Communicating Effectively in the Workplace
(လုပ်ငန်းခွင်မှာ ထိရောက်စွာပြောဆို ဆက်ဆံခြင်း)

လုပ်ငန်းခွင်မှာ ထိရောက်တဲ့ ဆက်သွယ်ပြောဆိုမှုကို အောင်မြင်ဖို့ အောက်ပါတို့ကို လိုက်နာဆောင်ရွက်တတ်ရန် လိုအပ်ပါတယ်။

(၁) Be clear and concise (ရှင်းရှင်းလင်းလင်းနဲ့ ဆိုလိုရင်းကို နားလည်အောင်ပြောခြင်း)

သင်ပေးလိုတဲ့ သတင်းစကားကို တတ်နိုင်သမျှ အလွယ်တကူ နားလည်အောင် ပြုလုပ်ခြင်းက နားလည်မှုလွဲမှားခြင်းကို လျော့နည်းစေတဲ့အပြင် ပရောဂျက်စီမံကိန်းများကို အရှိန်မြှင့်ပေးပြီး သင်ရဲ့ ရည်မှန်းချက်တွေကို အခြားသူများ လျင်မြန်စွာ နားလည်စေပါတယ်။ လုပ်ဖော်ကိုင်ဖက်ရဲ့ ခံစားချက်၊ အတွေးအမြင်နဲ့ ပန်းတိုင်တွေကို နားလည်ခြင်းက သူတို့နဲ့ဆက်သွယ်တဲ့အခါ သင့်ကို ကူညီနိုင်ပါတယ်။

(၂) Assert yourself (သူတစ်ပါးလက်ခံနိုင်အောင် ခိုင်ခိုင်မာမာရဲရဲရင့်ရင့် ပြောဆိုတတ်ခြင်း)

တစ်ခါတစ်ရံမှာ ရည်မှန်းချက်ပန်းတိုင်တွေဆီ ရောက်ရှိဖို့အတွက် တိုးမြင့်တောင်းဆိုခြင်း၊ ပရောဂျက် စီမံကိန်း အခွင့်အလမ်းတွေ ရှာဖွေခြင်းအပြင် ထင်မှတ်မထားတဲ့ အတွေးအခေါ်တွေကို တွန်းလှန်ခြင်းဖြင့် အကျိုးဖြစ်ထွန်းစေမယ့်အရာများကို အခိုင်အမာ ပြောဆိုဖို့ လိုအပ်ပါတယ်။

(၃) Be calm and consistent (အေးဆေးတည်ငြိမ်ပြီး အပြောင်းအလဲ မများခြင်း)

သဘောမတူညီမှုတွေ (သို့) ပဋိပက္ခတွေဖြစ်ပွားပါက သင်ရဲ့ဆက်ဆံရေး (သို့) စိတ်ခံစားမှုတွေ လွယ်ကူစွာ ထိခိုက်စေနိုင်ပါတယ်။ အဲ့ဒီနောက် အလုပ်ခွင်ရှိ အခြားသူတွေနဲ့ ဆက်သွယ်တဲ့အခါ အေးဆေးတည်ငြိမ်စွာ နေတတ်ဖို့ အရေးကြီးပါတယ်။

(၄) Use and read body language (ပြောစကားနဲ့  လိုက်ဖက်တဲ့ ကိုယ်ဟန်မူရာရှိခြင်း)

ခန္ဓာကိုယ်ရဲ့ ဘာသာစကားက လုပ်ငန်းခွင်အတွင်း ဆက်သွယ်ရာမှ အရေးပါတဲ့ အရာတစ်ခုဖြစ်ပါတယ်။ မိမိရဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ မျက်နှာအမူအရာက လှုပ်ရှားမှုတွေနဲ့ ပေးပို့ဖော်ပြတဲ့ သတင်းအချက်အလက်တွေကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။

💠Important Facts in Communication (ပြောဆိုဆက်ဆံခြင်းရဲ့ အရေးကြီးတဲ့ အချက်များ)

(၁) Active listening ( တက်ကြွစွာနားထောင်ခြင်း)

တက်ကြွစွာနားထောင်ခြင်းဆိုတာက သင်နဲ့ဆက်သွယ်နေသူရဲ့ ပြောစကားကို အာရုံစိုက် နားထောင်ခြင်းဖြစ်ပါတယ်။ တက်ကြွစွာ နားထောင်သူတွေက ပတ်၀န်းကျင်ရှိလူများကို လေးစားမှုရှိတာကြောင့် လုပ်ဖော်ကိုင်ဖက်တွေရဲ့ အသိအမှတ်ပြုတာကို ခံရစေပါတယ်။

(၂) Adapting your communication style to your audience
(ပရိတ်သတ်နဲ့ လိုက်လျောညီထွေရှိတဲ့ သွယ်ရေးပုံစံနည်းလမ်းများ အသုံးပြုနိုင်ခြင်း)

မတူညီတဲ့ အခြေအနေ အမျိုးမျိုးအတွက် ကွဲပြားခြားနားတဲ့ ဆက်သွယ်ရေးပုံစံနည်းလမ်းတွေကို သင့်လျော်အောင် အသုံးပြုနိုင်ပါတယ်။ ဆက်သွယ်မှုစွမ်းရည်ကို အကောင်းဆုံးအသုံးပြုနိုင်ဖို့ သင်နဲ့ ပြောဆိုဆက်ဆံမယ့်လူရဲ့ ထိရောက်တဲ့ ဆက်သွယ်မှုနည်းလမ်းကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။

(၃) Friendliness (ရင်းနှီးဖော်ရွေမှုရှိခြင်း)

ရိုးသားမှုနဲ့ကြင်နာမှုက ရင်းနှီးဖော်ရွေမှုရဲ့ လက္ခဏာတွေဖြစ်တာကြောင့် ယုံကြည်မှုနှင့် နားလည်မှုကို တိုးပွားစေပါတယ်။ ရင်းနှီးဖော်ရွေမှု၊ ဂရုစိုက်မှု၊ ကြင်နာမှုစတဲ့ အရာတွေက အလုပ်ခွင်အတွင်း ရှိဖို့ လိုအပ်ပါတယ်။

(၄) Confidence ( မိမိကိုယ်ကိုယုံကြည်မှု ရှိခြင်း)

လုပ်ဖော်ကိုင်ဖက်တွေက  ယုံကြည်မှုရှိရှိတင်ပြတဲ့ အတွေးအခေါ်တွေနဲ့ အလုပ်လုပ်ဖို့ ပိုမိုလိုလားကြပါတယ်။

(၅) Giving and receiving feedback
(ဝေဖန်အကြံပြုချက်တွေကို လက်ခံနိုင်ခြင်းနဲ့  အခြားသူများအပေါ်လည်း အပြုသဘောဆောင်တဲ့ အကြံပြုချက်များပေးခြင်း)

ဆက်သွယ်ပြောဆိုရာမှာ ကျွမ်းကျင်သူတွေက ဝေဖန်အကြံပြုချက်များကို လက်ခံနိုင်စွမ်းရှိပြီး အခြားသူများအပေါ်လည်း အပြုသဘောဆောင်တဲ့ အကြံပြုချက်တွေနဲ့ ထောက်ပံ့ ပေးနိုင်ပါတယ်။

(၆) Volume and Clarity ( အသံနေ အသံထား ကောင်းမွန်ပြီး ရှင်းလင်း ပီသခြင်း)

သင်စကားပြောတဲ့အခါ ရှင်းရှင်းလင်းလင်းနဲ့ ပြတ်ပြတ်သားသား ကြားရဖို့ အရေးကြီးပါတယ်။ နေရာအမျိုးမျိုးရဲ့ အခြေအနေအမျိုးမျိုးမှာ အသံကိုကြားနိုင်ဖို့ ချိန်ညှိခြင်းက ကျွမ်းကျင်မှုတစ်ခုဖြစ်ပြီး ထိထိရောက်ရောက် ဆက်သွယ်ပြောဆိုရာမှာလည်း အလွန်အရေးကြီးပါတယ်။

(၇) Empathy ( စာနာစိတ်ထားရှိခြင်း)

စာနာစိတ်ရှိခြင်းက အခြားသူရဲ့ခံစားချက်ကို နားလည်ရုံသာမက စိတ်ခံစားမှုတွေကိုပါ မျှဝေနိုင်ပါတယ်။

(၈) Respect ( လေးစားမှု ရှိခြင်း)

ဆက်သွယ်ရာမှုတစ်ခုအတွက် အချိန်တိုင်း ဆက်သွယ်မှုများ ရှိနေပြီ ဘယ်အချိန်မှာ တုံ့ပြန်ရမယ်ဆိုတာကို နားလည်ခြင်းက လေးစားမှုရဲ့ အဓိက အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ရပ် ဖြစ်ပါတယ်။

(၉) Understanding Nonverbal Cues
(ရှင်းလင်း နားလည်လွယ်သတဲ့ ခန္ဓာကိုယ်ဘာသာစကားနဲ့  အမူအရာများသုံးတတ်ခြင်း)

ခန္ဓာကိုယ်ဘာသာစကား၊ မျက်နှာအမူအရာနဲ့ မျက်လုံးချင်းဆက်သွယ်ခြင်း အစရှိတဲ့ အသံမဲ့ ဆက်သွယ်ခြင်းများကလည်း ကောင်းမွန်တဲ့ ဆက်သွယ်မှုများ ဖြစ်ပေါ်နိုင်တယ်။

(၁၀) Responsiveness ( ဆက်သွယ်တုန့်ပြန်နိုင်ခြင်း)

ဖုန်းခေါ်ဆိုမှုကို တုံ့ပြန်ခြင်း၊ အီးမေးလ် ပြန်ကြားချက်ခြင်းစတဲ့ မြန်မြန်ဆန်ဆန် ဆက်သွယ်ပြုမူသူတွေက တုံ့ပြန်ရန်နှေးကွေးသူတွေထက်ပိုပြီ ထိရောက်တယ်လို့ သတ်မှတ်ကြပါတယ်။

တက်ကြွစွာနားထောင်ခြင်းကို ဟန့်တားစေနိုင်တဲ့အကြောင်းရင်းများ

၁။ ပြင်ပအာရုံပျံ့လွင့်မှုများ (External Distractions)

ဥပမာများ :

  • ဖုန်းအသံများ၊ ဆူညံသံများ
  • အခန်းအပူအအေး မသက်မသာဖြစ်မှု
  • အနားမှာရှိသောအခြားလှုပ်ရှားမှုများ

၂။ စိတ်တွင်းအာရုံပျံ့လွင့်မှု (Internal Distractions)

ဥပမာများ :

  • ကိုယ်ပိုင်စိုးရိမ်ပူပန်မှုများ
  • စကားပြောသူပြောနေစဉ် ကိုယ့်အဖြေကို ကြိုတင်ပြင်ဆင်နေခြင်း
  • စိတ်ဖိစီးမှုကြောင့် အာရုံမစိုက်နိုင်ခြင်း

၃။ ကြိုတင်ယူဆချက်များ (Prejudgments)

ဥပမာ :

  • “ဒီလူပြောတာက အရေးမကြီးဘူး” ဟု အလိုအလျောက်ယူဆခြင်း
  • စကားပြောသူ၏ ပင်ကိုယ်စရိုက်/အဆင့်အတန်းကို အခြေခံ၍ အကဲဖြတ်ခြင်း

၄။ စိတ်လှုပ်ရှားမှု (Emotional Reactions)

ဥပမာ :

  • စကားပြောသူ၏ အမြင်နှင့် သဘောထားမတူပါက ဒေါသထွက်ခြင်း
  • အတိတ်အတွေ့အကြုံများကြောင့် စကားလုံးတစ်ခုကို မှားယွင်းအနက်ကောက်ခြင်း

၅။ အလျင်စလိုတုံ့ပြန်ခြင်း (Interrupting)

ဥပမာ :

  • စကားပြောသူ မပြီးမီ အဖြေကို ကြိုတင်ပြောခြင်း
  • “ဒါပေမယ့်…” ဟု စကားဖြတ်ပြီး ကိုယ့်အမြင်ကို ထည့်ခြင်း

၆။ အာရုံစူးစိုက်မှုအားနည်းခြင်း (Lack of Focus)

ဥပမာ :

  • စကားပြောနေစဉ် ဖုန်းကြည့်ခြင်း၊ အခြားအလုပ်လုပ်ခြင်း
  • စကားဝိုင်းထဲမှာ ကိုယ်မပါဘဲ ကိုယ့်အတွေးထဲနေခြင်း

၇။ ယဉ်ကျေးမှုနှင့် ဘာသာစကားကွာဟမှုများ (Cultural/Language Barriers)

ဥပမာ :

  • စကားပြောသူ၏ အသံအနိမ့်အမြင့်/အလေ့အထများကို နားမလည်ခြင်း
  • ဘာသာစကားအခက်အခဲကြောင့် အဓိပ္ပာယ်ကောက်ယူမှုမှားယွင်းခြင်း

တက်ကြွစွာနားထောင်ခြင်းစွမ်းရည်ကိုတိုးတက်စေမယ့်နည်းလမ်း (၇) ချက်

၁။ လက်ရှိအချိန်ကိုအာရုံစိုက်ပါ

တက်ကြွစွာနားထောင်ခြင်းဖြစ်စေဖို့ နားထောင်သူဟာ စကားဝိုင်းထဲမှာစိတ်ရောကိုယ်ပါရှိနေဖို့လိုပါတယ်။ ဒါမှ သာ စကားပြောသူရဲ့ အကြောင်းအရာကို အပြည့်အဝအာရုံစိုက်နိုင်မှာပါ။

ဘယ်လိုလုပ်မလဲ?

  • ဖုန်းကို ဘေးဖယ်ထားပါ
  • အာရုံပျံ့လွင့်စေတဲ့ အရာတွေကို လျစ်လျူရှုပါ
  • ကိုယ့်အတွေးတွေကို ခဏမေ့ထားပြီး စကားပြောဖော်ကိုသာ အာရုံစိုက်ပါ

၂။ ကိုယ်နေဟန်ထားကို သတိထားပါ

လူအချင်းချင်းကြားက ဆက်သွယ်မှုရဲ့ ၆၅% က နှုတ်ကမပြောဘဲ ကိုယ်နေဟန်ထားကနေ ဖော်ပြနေတာပါ။

ဘယ်လိုသတိထားမလဲ?

  • စကားပြောသူကို လေ့လာပါ :
  • အသံမြန်နေလား? → စိုးရိမ်နေတာဖြစ်နိုင်တယ်
  • အသံခပ်ဖြည်းဖြည်းနဲ့ပြောနေလား? → ပင်ပန်းနေတာ ဒါမှမဟုတ် စကားလုံးတွေကိုသေချာရွေးနေ တာဖြစ်နိုင်ပါတယ်

ကိုယ့်ရဲ့ ကိုယ်နေဟန်ထား :

  • လက်ပိုက်မထားပါနဲ့
  • ပြုံးပြပါ
  • နားထောင်နေစဉ်မှာ ကိုယ်ကို အနည်းငယ်ရှေ့သို့ကိုင်းညွှတ်ထားပါ
  • အရေးကြီးတဲ့အချိန်တွေမှာ ခေါင်းညိတ်ပြပါ

၃။ မျက်လုံးချင်းဆုံပါ

မျက်လုံးချင်းဆုံတာက “မင်းကို ငါအာရုံစိုက်နေတယ်” လို့ ပြောနေတာပါပဲ။

ဘယ်လိုလုပ်မလဲ?

  • 50/70 စည်းမျဉ်း ကို အသုံးပြုပါ : နားထောင်နေတဲ့ကြာချိန်ရဲ့  ၅၀% မှ ၇၀% အထိ ပြောသူနဲ့ မျက်လုံးချင်းဆုံပါ
  • ပြောသူကို ၄-၅ စက္ကန့်ကြာအောင်ကြည့်ပြီး ခဏလောက်မျက်နှာလွှဲပါ

၄။ ဖွင့်ထားတဲ့မေးခွန်းတွေကိုမေးပါ

“ဟုတ်လား/မဟုတ်ဘူးလား” ဆိုတဲ့ အပိတ်မေးခွန်းတွေက ဆွေးနွေးမှုကိုရပ်တန့်သွားစေနိုင်ပါတယ်။

ဥပမာ မေးခွန်းများ :

“ဒီအကြောင်း နည်းနည်းထပ်ပြောပြပါလား?”

“ဒါနဲ့ပတ်သက်ပြီး မင်းဘယ်လိုထင်လဲ?”

“ဒီအခြေအနေမှာ ဘာလုပ်သင့်တယ်ထင်လဲ?”

အရေးကြီးတဲ့အချက် : မေးခွန်းတွေကို စူးစမ်းလိုစိတ်နဲ့မေးပါ။ ဒါက စကားပြောဖော်ကိုတန်ဖိုးထားကြောင်းကို ဖော်ပြနိုင်တဲ့အပြင် သူတို့ပြောစကားရဲ့ဆိုလိုရင်းကိုလည်း ပိုပြီးနားလည်စေပါတယ်။

၅။ ကြားလိုက်တာကို ပြန်ပြောပြပါ

စကားပြောသူပြောပြီးတဲ့အခါ သင်နားလည်သလောက် ပြန်ပြောပြပါ။

ဘယ်လိုလုပ်မလဲ?

  • အကျဉ်းချုပ်ပြောပါ : “ဆိုလိုတာက…လို့ နားလည်လိုက်ပါတယ်”
  • စိတ်ခံစားချက်ကို ပြန်ပြောပါ : “မင်းဒီကိစ္စနဲ့ပတ်သက်ပြီး စိတ်တိုနေတယ်လို့ ခံစားရတယ်”
  • အကျိုးကျေးဇူး : ဒီနည်းလမ်းက နားလည်မှုလွဲခြင်းတွေကိုလျှော့ချပေးပြီး စကားပြောသူကိုတန်ဖိုး ထားတယ်လို့ ခံစားရစေပါတယ်။

၆။ သည်းခံပါ

တခြားသူပြောနေတုန်းမှာ စကားကိုဖြတ်မပြောပါနဲ့။ သူတို့ ပြောချင်တာကို အဆုံးထိ နားထောင်ပေးပါ။

ဘာတွေရှောင်ရမလဲ?

  • သူတို့စကားကို ဖြတ်ပြီး ကိုယ့်အတွေးတွေကို မပြောပါနဲ့
  • ငြိမ်နေတဲ့အချိန်တွေကို ကိုယ့်အတွေးနဲ့မဖြည့်ပါနဲ့
  • စကားအကြောင်းအရာကို မပြောင်းပါနဲ့
  • တကယ်တမ်း နားထောင်တယ်ဆိုတာက အဖြေပြောဖို့မဟုတ်ဘဲ နားလည်ဖို့ဆိုတာကို သတိရပါ။

၇။ အကဲမဖြတ်ပါနဲ့

ဘယ်သူမှအပြစ်တင်ခံရမှာကို မကြိုက်ပါဘူး။ ဒါကြောင့် စကားပြောသူကို ဝေဖန်တာ၊ အပြစ်တင်တာမျိုးကို ရှောင်ပါ။

ဘယ်လိုလုပ်မလဲ?

  • စကားပြောသူရဲ့ ခံစားချက်ကို နားလည်အောင် ကြိုးစားပါ
  • မတူညီတဲ့ယဉ်ကျေးမှုတွေနဲ့ လူတွေရဲ့အကြောင်းကို လေ့လာပါ
  • တခြားသူတွေကို လက်ခံဖို့ လေ့ကျင့်ပါ
  • ကိုယ်ကနားထောင်နေရင်းနဲ့ ပြောနေသူကို အကဲဖြတ်နေမိတယ်လို့ သတိထားမိရင် ချက်ချင်းရပ်လိုက်ပါ။

Reference Video

What Are Communication Skills?

How to Communicate Assertively 4 Tips

14 Ways To Instantly Improve Communication Skills

Barriers to Effective Listening Skills Top 6

7 Active Listening Techniques For Better Communication