Type
Youth Forum
Description:
ASEAN နိုင်ငံများနှင့် ဂျပန်နိုင်ငံမှ လူငယ်များအကြား နားလည်မှု ပိုမိုတိုးတက်စေရန် ရည်ရွယ်ထားသော exchange programme ဖြစ်ပါသည်။အခု အစီအစဉ်ကတော့ “Partnership to Co-create a Future with the Next Generation: WA Project 2.0” ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။
2026 ခုနှစ်အတွက် theme မှာ “Live in Harmony with Nature: Reimagining the Biosphere from Asian Perspectives” ဖြစ်ပါသည်။ (သဘာဝနှင့် သဟဇာတရှိစွာ နေထိုင်ခြင်း – အာရှအမြင်မှ biosphere ကို ပြန်လည်စဉ်းစားခြင်း)
ပါဝင်သူများသည် မိမိတို့၏ မေးခွန်းများကို ကိုယ်တိုင်တည်ဆောက်ပြီး theme ကို အခြေခံကာ
- online programme များတွင် ပါဝင်ခြင်း
- Thailand နှင့် Japan သို့ field trip သွားရောက်ခြင်း
- အခြားသက်ဆိုင်ရာ လှုပ်ရှားမှုများတွင် ပါဝင်ခြင်း
တို့မှတဆင့် လေ့လာမည်ဖြစ်ပါသည်။
ထို့နောက် အဖွဲ့ဝင်များနှင့် ဆွေးနွေးညှိနှိုင်းခြင်း (dialogue) များပြုလုပ်ကာ ပိုမိုကောင်းမွန်သော ကမ္ဘာတစ်ခုကို အတူတကွ ဖန်တီးနိုင်ရန် action plan များရေးဆွဲမည်ဖြစ်ပြီး နောက်ဆုံးတွင် အဖွဲ့တစ်ခုချင်းစီမှ မိမိတို့၏ ရလဒ်များကို report အဖြစ် တင်ပြရမည်ဖြစ်ပါသည်။
Benefit:
Full Scholarship
Requirement:
ASEAN နိုင်ငံသား ဖြစ်ရမည်
တက္ကသိုလ် undergraduate degree တွင် full-time တက်ရောက်နေသူ ဖြစ်ရမည်
Social issue များကို ဖြေရှင်းရန် စိတ်ဝင်စားသူဖြစ်ရမည်
English language အသင့်အတင့်ရှိရမည်
Programme အချိန်တစ်လျှောက်လုံး ပါဝင်နိုင်ရမည်
Online programme အတွက် computer နှင့် internet ရှိရမည်
ကျန်းမာရေးအခြေအနေကောင်းမွန်ရမည်
Deadline:
1st May, 2026
Details Information:
