Type
Fellowship Program
Description:
AI ကို စိတ်ဝင်စားပြီး Research ပိုင်းမှာ Career တည်ဆောက်ချင်တဲ့ မြန်မာလူငယ်တွေအတွက် အခွင့်အရေးကောင်းတစ်ခု ရောက်လာပါပြီ။
Singapore မှာ ၃ လကြာ Fully Funded Fellowship ကို တက်ရောက်ရင်း AI Safety Research ကို ကျွမ်းကျင်သူတွေနဲ့အတူ လေ့လာနိုင်သလို၊ လစဉ် Stipend၊ နေထိုင်စရိတ်၊ လေယာဉ်စရိတ်နဲ့ Research Support တွေလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။
AI Research၊ Machine Learning နဲ့ Emerging Technologies ကို စိတ်ဝင်စားသူတွေ၊ Technical Background ရှိသူတွေဆိုရင် လက်မလွတ်သင့်တဲ့ အခွင့်အရေးတစ်ခုပါ။
ကိုယ်နဲ့ သင့်တော်တယ်လို့ ထင်ရင် လျှောက်ထားလိုက်ပါ။ AI နယ်ပယ်မှာ နိုင်ငံတကာအတွေ့အကြုံ ရယူဖို့ ဒီလိုအခွင့်အရေးတွေက နောက်တစ်ဆင့်တက်ဖို့ အထောက်အကူဖြစ်နိုင်ပါတယ်
Benefit:
- SGD 5,000 Monthly Stipend
- Free Accommodation
- Round-trip Travel Support
- Experienced AI Researchers များထံမှ Mentorship
- AI Research Projects အတွက် USD 30,000 အထိ Compute Support
- International Research Experience နှင့် Networking Opportunities
Eligibility:
• International နှင့် Collaborative Environment တွင် အလုပ်လုပ်နိုင်သူ ဖြစ်ရမည်
• Technical Research Experience သို့မဟုတ် Strong Technical Background ရှိရမည်
• AI Development နှင့် AI Safety ကို စိတ်ဝင်စားသူ ဖြစ်ရမည်
• မတူညီသော ယဉ်ကျေးမှုများနှင့် နယ်ပယ်အသီးသီးမှ လူများနှင့် ပူးပေါင်းလုပ်ဆောင်နိုင်သူ ဖြစ်ရမည်
• Singapore တွင် Full-time (3 Months) တက်ရောက်နိုင်ရမည်
Deadline:
10th July, 2026
Details Information:
https://www.aisafety.sg/programs/singapore-ai-safety-fellowship
