Fully Funded Scholarship: Global Korea Scholarship (GKS) 2027 (South Korea)

Type:

Undergraduate, Master’s, and PhD Degrees

Description: 

တောင်ကိုရီးယားအစိုးရမှ နိုင်ငံတကာကျောင်းသားများအတွက် ပေးအပ်သော အထင်ရှားဆုံးနှင့် အပြည့်စုံဆုံး (Fully Funded) ပညာသင်ဆုဖြစ်ပါတယ်။

Benefits:

ကျောင်းလခအပြည့်အဝ၊ 

– လစဉ်နေထိုင်စရိတ် (ဘွဲ့ကြိုအတွက် ၉၀၀,၀၀၀ ဝမ်၊ ဘွဲ့လွန်အတွက် ၁,၀၀၀,၀၀၀ ဝမ်ခန့်)၊ 

– အသွားအပြန်လေယာဉ်လက်မှတ်၊ 

– အခြေချစရိတ်၊ 

– ကျန်းမာရေးအာမခံနှင့် 

– ကိုရီးယားဘာသာစကား ၁ နှစ်စာ သင်တန်းစရိတ်တို့ကို ထောက်ပံ့ပေးပါတယ်။

Eligibility:
• မြန်မာနိုင်ငံသားဖြစ်ရပါမည်။ 

• အသက်ကန့်သတ်ချက်အနေဖြင့် ဘွဲ့ကြိုအတွက် အသက် ၂၅ နှစ်အောက်၊ ဘွဲ့လွန်အတွက် ၄၀ နှစ်အောက်ဖြစ်ရပါမည်။ 

• ယခင်တက်ရောက်ခဲ့သောကျောင်းမှ CGPA အနည်းဆုံး 2.64/4.0 (သို့) ရမှတ် ၈၀% အထက်ရှိရပါမည်။

Application Deadline:
Application Deadline က တစ်ခုတည်းသီးသန့်မရှိဘဲ Round အလိုက်ဖြစ်တာမို့လို့ အောက်က Link အသေးစိတ် ဖတ်ကြည့်စေချင်ပါတယ်။

Details Information: 

GKS-G Scholarship 2026 | GKS Scholarship for Graduates 2026 (Apply Now)

Embassy Track သို့မဟုတ် University Track တစ်ခုခုကိုသာ ရွေးချယ်လျှောက်ထားရမည်ဖြစ်ပြီး နှစ်ခုပြိုင်လျှောက်ပါက လျှောက်လွှာပယ်ဖျက်ခံရပါမည်။