Sadness (ဝမ်းနည်းမှု) Vs. Depression (စိတ်ဓါတ်ကျရောဂါ)
ဝမ်းနည်းမှု ( Sadness ) ဆိုတာဘာလဲ။ ဝမ်းနည်းမှုဆိုသည်မှာ လူသားတိုင်းခံစားလေ့ရှိကြသည့် နာကျင်ဖွယ်ကောင်းသော ပုံမှန်စိတ်ခံစားမှုတစ်ခုဖြစ်ပါသည်။ အများအားဖြင့် ပုံမှန်နေ့ဓဒူဝကိစ္စများ၊ ဖြစ်လေ့ဖြစ်ထရှိသည့် ဖြစ်ရိုးဖြစ်စဥ်များနှင့် ကြုံတွေ့ရလျှင် ခံစားလေ့ရှိသည့် စိတ်အခြေအနေတစ်ရပ်ဖြစ်ပါသည်။ ဝမ်းနည်းမှုဆိုသည့် ပုံမှန်စိတ်ခံစားမှုကို ခံစားရသည့် အချိန်ကာလသည် တိုတောင်းသည်။ အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ သူ့အလိုလိုပြေပျောက်သွားလေ့ရှိပါသည်။ လူသားတိုင်းအတွက် ဝမ်းနည်းမှုဘာကြောင့်လိုအပ်တာလဲ။ ဝမ်းနည်းမှုဆိုသည့် စိတ်ခံစားမှုသည် လူသားတိုင်းအတွက် ကိုယ်တွေ့ကြုံခံစားနေရသည့် အခက်အခဲပြဿနာများကို ဖြတ်သန်းဖို့ရာအတွက် ခွန်အားသစ်များကို တစ်နည်းတစ်ဖုံဖြင့် ပြန်လည်ဖော်ဆောင်ပေးနိုင်သော ခန္ဓာကိုယ်၏ဇီဝကမ္မလုပ်ဆောင်ချက်တစ်ရပ်ဖြစ်ပါသည်။ စိတ်သက်သာမှုကို ရရှိစေပါသည်။ ငြိမ်သက်မှုကိုပေးစွမ်းနိုင်ပါသည်။ ပျော်ရွှင်မှုလမ်းစသစ်ကို ပြန်လည်ဖွင့်ပေးနိုင်ပါသည်။ ဘဝတွင်အမှန်တကယ်ပျော်ရွှင်နိုင်ဖို့ ပျော်ရွှင်မှုကိုသာ ရှာဖွေရုံဖြင့် မရရှိနိုင်ပါ။ ဝမ်းနည်းမှုဆိုသည့် စိတ်ခံစားချက်နှင့် ဒွန်တွဲခံစားမှသာ ဘဝ၏ မှန်ကန်သော ပျော်ရွှင်မှုကို ခံစားရမည် ဖြစ်ပါသည်။ စိတ်ဓါတ်ကျရောဂါ ( Depression […]
Sadness (ဝမ်းနည်းမှု) Vs. Depression (စိတ်ဓါတ်ကျရောဂါ) Read More »









