MYEO-01

ပြဿနာဖြေရှင်းခြင်း

ပြဿနာဖြေရှင်းနိုင်ခြင်း စွမ်းရည် (Problem Solving Skills) သည် လူတိုင်းကျွမ်းကျင်ထားရမယ့် မရှိမဖြစ် လိုအပ်တဲ့ ကျွမ်းကျင်မှုစွမ်းရည် တစ်ခုဖြစ်ပါတယ်။ သင်ကိုယ်တိုင် သင်ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဖြေရှင်းခြင်းဖြင့် သင့်ရဲ့ Problem Solving Skills ကို တိုးတက်အောင်ပြုလုပ်လို့ရပါတယ်။ အသစ်သစ်သော ပြဿနာများ ကြုံတွေ့ရလေ သင်ရဲ့ Problem Solving Skills စွမ်းရည်က ပိုပြီးတိုးတက်လာလေပဲဖြစ်ပါတယ်။ လူတွေက သင့်ကို အဆိုးဆုံးသော အရာတွေ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ သင့်ကို မျှော်လင့်နေမှာဖြစ်ပါတယ်။ လူအများနဲ့ ပြောဆို ဆက်သွယ်ရလေ သင့်အတွက် အသစ်သစ်သော ပြဿနာများ တိုးပွားလာလေပဲဖြစ်ပါတယ်။ ဒီလို ပြဿနာများကို များများထိတွေ့ရလေလေ ပြဿနာဖြေရှင်းနိုင်သူ (Problem Solver)တစ်ယောက် ဖြစ်လာပြီး သင့်ရဲ့ တွေးခေါ်မှုစွမ်းရည်၊ တည်တည်ငြိမ်ငြိမ်သတိရှိရှိ […]

ပြဿနာဖြေရှင်းခြင်း Read More »

အချိန်နှင့် စိတ်ဖိစီးမှုကို စီမံခန့်ခွဲခြင်း

အချိန် စီမံခန့်ခွဲမှု ဆိုတာ ကိုယ်ရဲ့ အချိန်ကို အလုပ်တာဝန်များနှင့် အံဝင်ခွင်ကျဖြစ်အောင် စနစ်တကျ စီစဉ်တဲ့ လုပ်ဆောင်ချက် တစ်ခုပဲ ဖြစ်ပါတယ်။  ကောင်းမွန်တဲ့ အချိန်စီမံခန့်ခွဲမှုကို လုပ်ဆောင်တဲ့အခါ အဓိကအားဖြင့် လုပ်ဆောင်မှု (action) အဆင့်မှ ရလဒ် (Result) အဆင့်သို့ ရောက်ဖို့လိုပါတယ်။ အလုပ်များ ခြင်းက အချိန်ကို စနစ်တကျ စီမံခန့်ခွဲမှု မဟုတ်ပေ။ ထိုသို့ အချိန်ကို စနစ်တကျ စီမံမှုတွေ မရှိလာတာနဲ့အမျှ Stress ဆိုတဲ့ ဖိအားတွေ များလာပြီး စိတ်ရော ကိုယ်ပါ ပင်ပန်းပြီး လုပ်ငန်းခွင်မှာ မိမိရဲ့ တိုးတက်မှု စွမ်းရည်တွေ ကျဆင်းလာမှာ ဖြစ်ပါတယ်။ အချိန်ဇယား ဆွဲခြင်းနဲ့ စီစဉ်ခြင်းရဲ့ အရေးကြီးပုံ။ အချိန်ဇယားကို ထိထိရောက်ရောက် ပြုလုပ်ရန် အခြေခံမူများ

အချိန်နှင့် စိတ်ဖိစီးမှုကို စီမံခန့်ခွဲခြင်း Read More »

လုပ်ဖော်ကိုင်ဖက်များနှင့် ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်တတ်ခြင်း

လုပ်ငန်းခွင်မှာ ပူးပေါင်းလုပ်ဆောင်ခြင်းဆိုတာ အဖွဲ့တစ်ခု သို့မဟုတ် ကုမ္ပဏီကို အကျိုးပြုစေမယ့် တူညီတဲ့ ရည်မှန်းချက်တစ်ခုကို ရောက်အောင် လုပ်ဆောင်ရခြင်းပဲဖြစ်ပါတယ်။ လုပ်ငန်းခွင်အတွင်း ပူးပေါင်းလုပ်ဆောင်ခြင်းက အများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်တဲ့စွမ်းရည် (interpersonal skills)၊ ပေါင်းသင်းဆက်ဆံနိုင်တဲ့ အရည်အချင်း၊ ဗဟုသုတမျှဝေခြင်း တို့လိုအပ်ပြီး ရုံးတွင်းသော်လည်းကောင်း အွန်လိုင်းကနေသော်လည်းကောင်း လုပ်ဆောင်နိုင်ပါတယ်။ သင်မည်သည့်လုပ်လုပ်ငန်း တွင် လုပ်ကိုင်သည်ဖြစ်စေ အထက်လူကြီးများ ၊ လုပ်ဖော်ကိုင်ဖက်များ၊ ၀န်ထမ်း များ နှင့် ထိရောက်စွာ ဆက်သွယ်နိုင်မှု  အရည်အချင်း က မရှိမဖြစ် လိုအပ်ပါတယ်။ လူအများစုက မတူညီတဲ့ နောက်ခံပေါင်းစုံ ကနေ ဆင်းသက်လာတာဖြစ်ပြီး မတူညီတဲ့ အမြင်တွေ ယုံကြည်ချက်တွေ ရှိတဲ့အခါမှာ ပဋိပက္ခ များ ရံဖန်ရံခါ ကြုံတွေ့ ရင်ဆိုင် တတ်ရပါတယ်။ ကွဲပြားမှုတွေကတစ်ဆင့် ပဋိပက္ခ

လုပ်ဖော်ကိုင်ဖက်များနှင့် ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်တတ်ခြင်း Read More »

ပရော်ဖယ်ရှင်နယ်ကျကျ ပြုမူနေထိုင်မှုပုံစံ

လုပ်ငန်းခွင်အတွင်း စွမ်းရည် တိုးတက်မှုတွေမှာ ကိုယ့်ရဲ့ လုပ်ဆောင်မှု စွမ်းရည်တစ်ခုသာ မြင့်မားနေခြင်းသာ မဟုတ်ပဲ ကိုယ့်ရဲ့ ဝတ်စား ဆင်ယင်မှု ပြောဆို ဆက်ဆံမှု လူအများအပေါ် စာနာ ထောက်ထားခြင်း တွေ ပြည့်ဝမှသာ လုပ်ငန်းခွင်အတွင်း ပရော်ဖက်ရှင်နယ် တစ်ယောက် အနေနဲ့ ရပ်တည်နိုင်ပြီး လုပ်ငန်းတိုးတက်မှုတွေလည်း ပိုမိုရရှိ လာမှာဖြစ်ပါတယ်။ ပရော်ရှင်နယ် တစ်ယောက်မှာ ထားရှိရမယ့် အချက်တွေကတော့ ၁။ လေးစားမှုထားရှိခြင်း (Be Respectful) လူမှုဆက်ဆံရေးနယ်ပယ်တွေ အချင်းချင်း လေးစားမှုရှိခြင်းက ကောင်းတဲ့ ပတ်ဝန်းကျင် တစ်ခုကို ဖန်တီးနေခြင်းပဲဖြစ်ပါတယ်။ သင့်အနေနဲ့ သင်ကိုယ်တိုင်က လုပ်ငန်းခွင်မှာ အထက်အရာရှိ တစ်ဦး ဖြစ်နေသည် ဖြစ်စေ ကိုယ့်ရဲ့ လက်အောက်ငယ်များအပေါ် လေးစားမှုထားရှိရမှာ ဖြစ်ပါတယ်။ လက်အောက်ငယ်သားတွေရဲ့ အကြံပြုချက်တွေ လေးစားနားထောင်ပြီး

ပရော်ဖယ်ရှင်နယ်ကျကျ ပြုမူနေထိုင်မှုပုံစံ Read More »

Canva

canva အသုံးပြုနည်းကို အောက်က ဗီဒီယိုမှာလေ့လာကြည့်ရအောင် ဖုန်းမှာ canva အသုံးပြုနည်းကို အောက်က ဗီဒီယိုမှာလေ့လာကြည့်ရအောင်

Canva Read More »

Stakeholder Relationship Management

Stakeholders (ပါဝင်ပတ်သက်သူများ) ဆိုတာဘာလဲ။ Stakeholder- ပါဝင်ပတ်သက်နိုင်သူများ ဆိုသည်မှာ စီမံကိန်းတစ်ခု၊ အကြောင်းအရာတစ်ခု၊ ဆုံးဖြတ်ချက်တစ်ခုအပေါ်တွင် ဘုံ စိတ်ဝင်စားမှုရှိသော၊ စိုးရိမ်ပူမှုရှိသော၊ ကောင်းပြစ်/ဆိုးပြစ်များကို ဘုံသက်ရောက်မှုရှိသော လူပုဂ္ဂိုလ်တစ်ဦးချင်း၊ အုပ်စုများ၊ အဖွဲ့အစည်းများကို ဆိုလိုသည်။ Stakeholder တို့တွင် စိတ်ဝင်စားမှု နှင့် လွှမ်းမိုးနိုင်မှု အဆင့်များ ကွဲပြားနိုင်ပြီး စီမံကိန်း၊ အလုပ်၊ အဖွဲ့အစည်း တို့၏ ရည်မှန်းချက်များ အောင်မြင်နိုင်ရန် Stakeholder တို့၏ လိုအပ်ချက်နှင့် မျှောလင့်ချက်များ ပြည့်မီစေရေး ကောင်းစွာ စီမံခန့်ခွဲရန် လိုအပ်ပါတယ်။ Stakeholder လို့ပြောရင် ဥပမာအားဖြင့် Stakeholder (ပါဝင်ပတ်သက်သူများ) နဲ့ ချိတ်ဆက်ဆောင်ရွက်မှုကို စီမံခန့်ခွဲခြင်းဆိုတာဘာလဲ။ Stakeholder Relationship Management ဆိုတာကတော့ မတူညီတဲ့ Stakeholderတွေ မတူညီတဲ့ လူမှုအသိုင်းအဝိုင်းတွေနဲ့

Stakeholder Relationship Management Read More »

SWOT analysis (Analytical Skill)

💠SWOT Analysis ဆိုတာဘာလဲ။ SWOT ဆိုတာ Strength အားသာချက်များ၊ Weakness အားနည်းချက်များ၊ Opportunities အခွင့်အလမ်းများနှင့် Threads ခြိမ်းခြောက်မှုများကို ဖော်ထုတ်သုံးသပ်ရန်အတွက်ဖြစ်တယ်။ ဥပမာ မိမိက ရပ်ရွာမှာ သက်ကြီးစာတတ်မြောက်ရေး အစီအစဉ်တစ်ခုကို ဦးဆောင်ရမယ်ဆိုပါစို့ Strength အနေနဲ့ဘာတွေရှိနိုင်လဲ Weankness အနေနဲ့ဘာတွေရှိနိုင်လဲ Opportunities အနေနဲ့ဘာတွေရှိနိုင်လဲ Threads အနေနဲ့ဘာတွေရှိနိုင်လဲ စတာတွေဖော်ထုတ်ပြီး Weakness ထဲက အချက်တွေ ကောင်းအောင်ပြင်မယ်၊ Thread ထဲက ခြိမ်ခြောက်မှုတွေကို ကျော်လွှားနိုင်မည့် အစီအစဉ်တွေ ဖော်ထုတ်ခြင်းအားဖြင့် မိမိကို ပေးအပ်တဲ့တာဝန် နဲ့ လုပ်ငန်းများကို အောင်မြင်ဆောင်ဖော်ဆောင်နိုင်ဖို့ SWOT ကိုအသုံးချနိုင်မည်ဖြစ်ပါတယ်။  အားသာချက်များက စီမံကိန်းအောင်မြင်စေမဲ့ အထောက်အပံ့တွေဖြစ်ပြီး၊ အားနည်းချက်တွေက မိမိ နဲ့ သက်ဆိုင်သူတွေ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ထိန်းချုပ်ခြင်း

SWOT analysis (Analytical Skill) Read More »

Case study for organization

ကျွန်ုပ်တို့အားလုံးက လူ့ဘောင်အဖွဲ့အစည်းအတွင်းမှာပဲ မွေးဖွားရှင်သန်လာရင်း အသိပညာ အတတ်ပညာတွေကို လေ့လာသင်ယူရင်း ဘဝသက်တမ်းအချိန်များစွာကို လူ့ဘောင်အဖွဲ့အစည်း အတွင်းမှာပင် အလုပ်လုပ်ရင်းကုန်ဆုံးလာစေခဲ့ပါတယ်။ အဖွဲ့အစည်း (Organization) ဆိုတာဘာလဲ။ အဖွဲ့အစည်းဆိုတာက တူညီတဲ့ဘုံရည်မှန်းချက်တွေကို ရရှိအောင်မြင်ဖို့ အဖွဲ့ဝင်တစ်ဦးချင်းစီတိုင်းက တာဝန် ကိုယ်စီယူပြီး အပြန်အလှန် ဆက်သွယ်ပူးပေါင်းဆောင်ရွက်သည့် အစုအဝေးကို အဖွဲ့အစည်းလို့ ခေါ်ပါတယ်။ အဖွဲ့အစည်းတစ်ခုစီက ဆောင်ရွက်လုပ်ကိုင်တဲ့ သဘောသဘာဝ၊ ဖွဲ့စည်းပုံ အရွယ်အစား၊ လုပ်ဆောင်တဲ့နယ်ပယ်၊ လူဦးရေနဲ့ ရည်ရွယ်ချက်မျိုးစုံရှိနိုင်ပါတယ်။ အဖွဲ့အစည်းမှာ ပုံစံတကျဖွဲ့စည်း ထားတဲ့အဖွဲ့အစည်း (formal organization)၊ ဖွဲ့စည်းပုံနှင့် စနစ်တကျဖွဲ့စည်းထားခြင်းမရှိသော်လည်း ခင်ရာမင်ရာ တန်ဖိုးထားမှု တူညီရာလူများစုစည်းဆောင်ရွက်တဲ့အဖွဲ့အစည်း (informal organization)၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေးစသည်ဖြင့် အဖွဲ့အစည်းပုံစံမျိုးစုံ၊ နယ်ပယ်မျိုးစုံရှိနိုင်ပါတယ်။ Characteristics of Organization ( အဖွဲ့အစည်း၏

Case study for organization Read More »

Interactive activities for facilitation

အပြန်အလှန် ပူးပေါင်းပါဝင်မှုရှိသည့် ပံ့ပိုးကူညီမှုနှင့် သင်ကြားသင်ယူမှု  လုပ်ငန်းများ/နည်းလမ်းများ သင်ကြားသင်ယူသူနဲ့ ကူညီပံ့ပိုးသူတို့ကြားတွင် ပို၍ရင်းနှီးမှုရှိစေရန်နှင့် အုပ်စုတွင်း သက်တောင့်သက်သာ ဆွေးနွေးသင်ကြားနိုင်ရန် Ice-breaking Activities များကို အသုံးပြုနိုင်ပါတယ်။ သင်ကြားသင်ယူမှု လုပ်ငန်းစဉ်တွေနဲ့ အလုပ်ရုံဆွေးနွေးပွဲတွေမှာ ပါဝင်တက်ရောက်သူ တစ်ဦးချင်းစီရဲ့ တက်ရောက်လာရတဲ့ (သို့မဟုတ်) သင်ယူလေ့လာရတဲ့ အကြောင်းအရင်းတွေနဲ့ ၎င်းတို့ရဲ့ သင်တန်းနဲ့ဆွေးနွေးပွဲအပေါ်ထားရှိတဲ့ မျှော်မှန်းချက်တွေကို သိရှိနိုင်ဖို့ သင်တန်းပေးသူနဲ့ ပံ့ပိုးကူညီသူတွေက ထုတ်ဖော်ပြောဆိုခွင့်ပေးဖို့လိုအပ်ပါသည်။ ဒါမှသာ တက်ရောက်လာတဲ့ တစ်ဦးချင်းစီရဲ့ လိုအပ်ချက်တွေ၊ လိုအင်ဆန္ဒတွေကို ပံ့ပိုးကူညီသူတွေက အကောင်းဆုံးပံ့ပိုးပေးနိုင်မှာဖြစ်ပါတယ်။ အလုပ်ရုံဆွေးနွေးပွဲတွေ၊ သင်တန်းတွေမှာ တက်ရောက်လာသူအားလုံး ပါဝင်ဆွေးနွေးနိုင်ဖို့အတွက် ကူညီပံ့ပိုးသူက အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ပါတယ်။ ဆိုလိုတာကတော့ တက်ရောက်သူ တစ်ဦးချင်းစီရဲ့ အတွေ့အကြုံတွေ၊ အတွေးအမြင်တွေကို တလေးတစား နားထောင်ပေးတာ၊ လုံခြုံစိတ်ချရတဲ့ သင်ယူမှု ပတ်ဝန်းကျင်ကို

Interactive activities for facilitation Read More »

CV Writing

CV ဆိုတာဘာလဲ။ CV ဆိုသည်မှာ ကိုယ်ရေးမှတ်တမ်းအကျဉ်းကို ကိုယ်စားပြုပြီး အလုပ်လျှောက်ထားရာတွင် အသုံးပြုသည့် စာရွက်စာတမ်းဖြစ်ပါတယ်။ CV ကိုအသုံးပြု၍ အလားအလာရှိသော အလုပ်ရှင်များထံ မိမိရဲ့ပညာရေး၊ ကျွမ်းကျင်မှုနှင့် အတွေ့အကြုံများအကျဉ်းချုပ်ကို အောင်မြင်စွာဖော်ပြနိုင်ပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ ကနေဒါနိုင်ငံတွေမှာတော့ CV ကို ကိုယ်ရေးရာဇဝင်လို့ ခေါ်ပါတယ်။ CV က ဘယ်လောက်ရှိသင့်ပါသလဲ။ ဗြိတိန်နိုင်ငံရဲ့ စံသတ်မှတ်ချက်အရ CV တစ်ခုဟာ A4 နှစ်မျက်နှာထက် မပိုသင့်ပါဘူး။ ကျွန်တော်တို့စီစဉ်ပေးထားတဲ့  CVကို မူနာပုံစံအနေနဲ့  လေ့လာကြည့်နိုင်ပါတယ်။   ဆိုဒ်သတ်မှတ်ချက်တစ်ခုဟာ အားလုံးနဲ့တော့ အဆင်မပြေနိုင်ဘူး လို့ ဆိုပါတယ်။  ဥပမာအားဖြင့်၊ ကျောင်းထွက်ထားသူ သို့မဟုတ် အတွေ့အကြုံနည်းပါးသော ဘွဲ့ရပြီးခါစ သူသည် A4 ၏ တစ်မျက်နှာကိုသာ အသုံးပြုရန် လိုအပ်ပါတယ်။  မကြာခဏ

CV Writing Read More »