MYEO-01

Sadness (ဝမ်းနည်းမှု)  Vs. Depression (စိတ်ဓါတ်ကျ​ရောဂါ)

ဝမ်းနည်းမှု ( Sadness ) ဆိုတာဘာလဲ။ ဝမ်းနည်းမှုဆိုသည်မှာ လူသားတိုင်းခံစား​လေ့ရှိကြသည့် နာကျင်ဖွယ်​ကောင်း​သော ပုံမှန်စိတ်ခံစားမှုတစ်ခုဖြစ်ပါသည်။ အများအားဖြင့် ပုံမှန်​နေ့ဓ​ဒူဝကိစ္စများ၊ ဖြစ်​လေ့ဖြစ်ထရှိသည့် ဖြစ်ရိုးဖြစ်စဥ်များနှင့် ကြုံ​တွေ့ရလျှင် ခံစား​လေ့ရှိသည့် စိတ်အ​ခြေအ​နေတစ်ရပ်ဖြစ်ပါသည်။ ဝမ်းနည်းမှုဆိုသည့် ပုံမှန်စိတ်ခံစားမှုကို ခံစားရသည့် အချိန်ကာလသည် တို​တောင်းသည်။ အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ သူ့အလိုလို​​ပြေပျောက်သွား​လေ့ရှိပါသည်။  လူသားတိုင်းအတွက် ဝမ်းနည်းမှုဘာ​ကြောင့်လိုအပ်တာလဲ။ ဝမ်းနည်းမှုဆိုသည့် စိတ်ခံစားမှုသည် လူသားတိုင်းအတွက် ကိုယ်​တွေ့ကြုံခံစား​နေရသည့် အခက်အခဲပြဿနာများကို ဖြတ်သန်းဖို့ရာအတွက် ခွန်အားသစ်များကို တစ်နည်းတစ်ဖုံဖြင့် ပြန်လည်​ဖော်​ဆောင်​ပေးနိုင်​သော ခန္ဓာကိုယ်၏ဇီဝကမ္မလုပ်​​ဆောင်ချက်တစ်ရပ်ဖြစ်ပါသည်။ ​စိတ်သက်သာမှုကို ရရှိ​​စေပါသည်။ ငြိမ်သက်မှုကို​ပေးစွမ်းနိုင်ပါသည်။ ​ပျော်ရွှင်မှုလမ်းစသစ်ကို ပြန်လည်ဖွင့်​ပေးနိုင်​ပါသည်​။ ဘဝတွင်​အမှန်တကယ်ပျော်ရွှင်နိုင်ဖို့ ​ပျော်ရွှင်မှုကိုသာ ရှာ​ဖွေရုံဖြင့် မရရှိနိုင်ပါ။ ဝမ်းနည်းမှုဆိုသည့် စိတ်ခံစားချက်နှင့် ဒွန်တွဲခံစားမှသာ ဘဝ၏ မှန်ကန်​သော ​ပျော်ရွှင်မှုကို ခံစားရမည် ဖြစ်ပါသည်။ စိတ်ဓါတ်ကျ​ရောဂါ ( Depression […]

Sadness (ဝမ်းနည်းမှု)  Vs. Depression (စိတ်ဓါတ်ကျ​ရောဂါ) Read More »

စိုးရိမ်ကြောင့်ကြခြင်း (Anxiety)

စိုးရိမ်ကြောင့်ကြခြင်းဆိုတာ ဘာလဲ? စိုးရိမ်ကြောင့်ကြခြင်းဆိုတာ လူတစ်ယောက်ရဲ့စိတ်က ပစ္စုပ္ပန်မှာရှိမနေဘဲ မဖြစ်သေးတဲ့ အနာဂတ်ကိုပဲ လှမ်းပူပန်တာမျိုးဖြစ်နေတတ်တဲ့အခါ စိုးရိမ် ကြောင့်ကြခြင်းတွေ ဖြစ်လာပါတယ်။ ထိုကဲ့သို့ စိုးရိမ်တာတွေက တစ်ရွေ့ရွေ့နဲ့ များလာတဲ့ အခါမှာ မိမိရဲ့ အတွေးတွေကို မထိန်းချုပ်နိုင်မှုတွေ ဖြစ်လာပါတယ်။ ထိုသို့ စိုးရိမ်တဲ့အခါ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုတွေ ဖြစ်လာပါတယ်။ ဥပမာ – ရင်ခုန်လာခြင်း၊ လက်တွေ ခြေဖဝါးတွေမှ ချွေးတွေ ထွက်လာခြင်း၊ ဖြစ်လာပါတယ်။ စိုးရိမ်ပူပန်မှုတွေက မကောင်းတဲ့အတွေးများဘက်ကိ  ပိုပြီး စဉ်းစားမိပါတယ်။ လူတိုင်းမှာ စိုးရိမ် ပူပန်မှုတွေ အနည်းနဲ့အများ ရှိကြပေမယ့် Anxiety ဆိုတဲ့ စိုးရိမ်ကြောင့်ကြခြင်းသည် ပူပန်မှုသာမက တစ်ခြားတုံ့ပြန်မှုတွေရှိသလို အတွေးခေါ်တွေကလည်း Negative Thinking ဘက်ရောက်ပြီး အတွေးတွေကို မထိန်းနိုင်တာတွေ ဖြစ်လာပါတယ်။ ဘယ်လို

စိုးရိမ်ကြောင့်ကြခြင်း (Anxiety) Read More »

 မိမိကိုယ်ကိုကိုယ် ဂရုစိုက်စောင့်ရှောက်ခြင်း။ 🫶

Self-care ( မိမိကိုယ်ကိုကိုယ် ဂရုစိုက်စောင့်ရှောက်ခြင်း။) နေ့စဉ်ဘဝမှာ စိတ်ညစ်စရာတွေ၊ စိတ်ရှုပ်စရာတွေ၊ အဆင်မပြေမှုတွေက အနည်းနဲ့အများ ကြုံတွေ့ရစမြဲဖြစ်ပါတယ်။ ဒီလို စိတ်ပင်ပန်းစရာ အသေးမွှားလေးတွေကို လျစ်လျုရှု့ခြင်းမှ စိတ်မွန်းကျပ်မှုတွေကို စုထားတဲ့ အဆောက်အုံတစ်ခုလို ဖြစ်လာပြီး မိမိကိုယ်ကိုကိုယ် ဂရုစိုက်ခြင်းတွေ လျော့နည်းလာပြီး စိတ်မရှည်ခြင်း၊ ဒေါသထွက်ခြင်း၊ လူမှုဆက်ဆံရေးတွေ အဆင်မပြေခြင်းမှ ၊ မိမိကိုယ်ကိုကိုယ် အလိုမကျခြင်းတွေ ဖြစ်လာတယ်။ ဒါကြောင့် မိမိကိုယ်ကိုကိုယ် ဂရုစိုက်စောင့်ရှောက်ခြင်းက လူတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့အရာ တစ်ခု ဖြစ်ပါတယ်။ မိမိကိုယ်ကိုကိုယ် ဂရုစိုက် ဂရုစိုက်စောင့်ရှောက်ခြင်းက စိတ်ဖိစီးချိန်မှ စိတ်ထွက်ပေါက်ရှာတာမျိုးအရာ မဟုတ်တဲ့အတွက်နေ့စဉ် မိမိကိုယ်ကိုဂရုစိုက်ခြင်းဖြင့် ကိုယ်ရော စိတ်ပါ ကျန်းမာပြီး တိုးတက်မှုတွေကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ Self-care ပြုလုပ်ပုံ အမျိုးအစားများ။ ခန္ဓာကိုယ်ကို ဂရုစိုက်ခြင်း။ ခန္ဓာနဲ့စိတ်က

 မိမိကိုယ်ကိုကိုယ် ဂရုစိုက်စောင့်ရှောက်ခြင်း။ 🫶 Read More »

စိတ်အားတက်ကြွမှု နဲ့ စာနာ​နားလည်​ခံစား​ပေးနိုင်သည့် စိတ်စွမ်းရည် အကြောင်း သိကောင်းစရာ

စာနာမှု ( Empathy ) ဆိုတာဘာလဲ။ စာနာမှု ( Empathy ) ဆိုတာ တခြားသူတစ်​ယောက်၏ ခံစားချက်များ၊ အ​တွေးအ​ခေါ်များ၊ အခက်အခဲများ၊ အဖြစ်အပျက်​များကို ကိုယ်ကိုယ်တိုင် မြင်ရ၊ ကြုံရ၊ ဖြစ်ပျက်ခံစားခဲ့ရသကဲ့သို့ စာနာ​နားလည်​ခံစား​ပေးနိုင်သည့် စိတ်စွမ်းရည် ကိုဆိုလိုပါသည်။ သို့တည်းသာမက ကိုယ်ကိုတိုင် ဝင်​​ရောက်ကူညီရိုင်းပင်းတတ်သည်အထိ စာနာမှုသ​ဘောထားကြီးမားတတ်ပါသည်။ Sympathy နှင့် Empathy တို့၏ကွာခြားချက် စာနာမှု (Empathy)ကို အဓိအားဖြင့် (၃)မျိုး ခွဲခြားနိုင်ပါသည်။ ( ၁ ) Cognitive Empathy ( ၂ ) Emotional Empathy ( ၃ ) Compassionate Empathy ( ၁ ) Cognitive Empathy

စိတ်အားတက်ကြွမှု နဲ့ စာနာ​နားလည်​ခံစား​ပေးနိုင်သည့် စိတ်စွမ်းရည် အကြောင်း သိကောင်းစရာ Read More »

Stress & Distress 🤦‍♀️

စာဖတ်ရန်ကြာချိန်  ၅ မိနစ် စိတ်ဖိစီးမှု ဆိုတာဘာလဲ။ ဇီဝကမ္မဗေဒဘာသာရပ်(Physiology)အရ စိတ်ဖိစီးမှုဆိုသည်မှာ အာရုံ​ကြောအဖွဲ့အစည်းအင်္ဂါရပ်များမှ ဟိုမုန်းများ (Adrenaline, cortisol) ထုတ်လွတ်ခြင်းအားဖြင့် ခြိမ်း​ခြောက်မှုများ၊ စိန်​​​ခေါ်မှုများ (Stressors) အစရှိသည့် ရုတ်တရက်ဖြစ်လာ​သော၊ ဖြစ်မြဲဖြစ်​နေ​သော၊ ​နောင်ဖြစ်လာမည်ဖြစ်​သော အခက်အခဲများကို ခန္ဓာကိုယ်မှ ရုတ်တရက်တုံ့ပြန်​ပေးနိုင်ရန်၊ အန္တရာယ်မှ ကာကွယ်​ပေးနိုင်ရန် သဘာဝတရားမှ ဖန်တီး​ပေးသည့် ခန္ဓာကိုယ်၏ဇီဝကမ္မလုပ်​ဆောင်ချက်တစ်ခုဖြစ်ပါသည်။  ​ရှေး​ခေတ်အခါက တောတွင်း​အမဲလိုက်ဘဝတွင် လူသားများအတွက် ​နေ့ဓဒူဝကိစ္စများသည်ပင်လျှင် အသက်အန္တရာယ်များလှသည်။ စိန်​​​ခေါ်မှုများလှသည်။ ခြိမ်း​​ခြောက်မှုများလှသည်။ အခက်အခဲများလှပါသည်။ ထိုစဥ် ထိုအရာများကို အဆင်သင့်ရင်ဆိုင်တုံ့ပြန်​ကျော်လွားနိုင်ရန် သတိအ​နေအထားအဖြစ် ရှိ​စေသည်မှာလည်း စိတ်ဖိစီးမှုဟူသည့်ဇီဝကမ္မလုပ်​​ဆောင်ချက်​ကြောင့် ဖြစ်ပါသည်။ စိတ်ဖိစီးမှုဖြစ်လာလျှင် နှလုံးခုန်နှုန်းမြန်လာသည်၊ အသက်ရှုမြန်လာသည်၊ ကြွက်သားများတင်းမာလာသည်။ ဤသည်မှာ လူ့ခန္ဓာကိုယ်မှ ခြိမ်း​ခြောက်မှုများ၊ စိန်​ခေါ်မှုများကို အဆင်သင့်တုံ့ပြန်နိုင်ရန် ​ပြောင်းလဲ​ပေးခြင်းဖြစ်ပါသည်။ ထို့​ကြောင့် စိတ်ဖိစီးမှုဆိုသည်ကို ​ရှေး​ခေတ်အခါက

Stress & Distress 🤦‍♀️ Read More »

စိတ်ဖိစီးမှုများကို ကိုင်တွယ်​ဖြေရှင်းခြင်း 🧘

စိတ်ဖိစီးမှု​လျော့နည်း​အောင် ကိုင်တွယ်​ဖြေရှင်းရန် ဘာ​ကြောင့်အ​ရေးကြီးပါသလဲ။ လူ့ဘဝတွင်လူသားတစ်ဦးအ​ဖြစ် ​မွေးဖွားကာ ​နေ့ တဓူ၀ လုပ်ငန်း​ဆောင်တာများ လုပ်​ဆောင်လာလျှင် စိတ်ဖိစီးမှုဒဏ်ကို ကြုံလာရစမြဲဖြစ်ပါသည်။ ကိုယ်​ရေးကိုယ်တာ ကြောင့်ဖြစ်​စေ၊ မိသား​စုရေးရာ ​ကြောင့်ဖြစ်​စေ၊ လုပ်ငန်းခွင်တာဝန်များ​ကြောင့် ဖြစ်​စေ တစ်နည်းတစ်ဖုံဖြင့် စိတ်ဖိစီးမှုဒဏ်ကို ခံစားရ၊ ရင်ဆိုင်ရ၊ ကြုံလာရမှာပင် ဖြစ်ပါသည်။ သို့​သော် Distress/ Unhealthy Stress ဖြစ်ကာ ခံစား​နေရ​သော အချိန်ကာလကြာမြင့်လာလျှင် ထိခိုက်လာကာ ပုံမှန် ​နေ့ တဓူ၀ လုပ်ငန်း​ဆောင်တာများ၊ လှုပ်ရှားသွားလာ​နေထိုင်မှုများအ​ပေါ် အနုတ်လက္ခဏာဆောင်​သော သက်​ရောက်မှုများ ရှိလာနိုင်ပါသည်။ ထို့အပြင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာ​ရေးကိုပိုဆိုးရွား​စေ၍ အသက်​သေဆုံး​စေနိုင်သည်အထိ သက်​ရောက်မှုရှိ​စေနိုင်ပါသည်။  စိတ်ဖိစီးမှုနှင့် ရင်ဆိုင်ကြုံ​တွေ့လျှင် မပြုလုပ်သင့်သည့်အရာများ ဤအရာများအတိုင်းပြုလုပ်​နေထိုင်လျှင် ပထမဦးစွာ စိတ်ဖိစီးမှုဒဏ်မှ သက်သာ​စေနိုင်​ကြောင်း ထင်သ​ယောင်​ယောင်ခံစားရ​လေ့ရှိသည်။ သို့​သော် အချိန်ကြာမြင့်လာသည်နှင့်အမျှ

စိတ်ဖိစီးမှုများကို ကိုင်တွယ်​ဖြေရှင်းခြင်း 🧘 Read More »

Wellbeing ကျန်းမာပျော်ရွင်ခြင်း။ 🚶‍♀️

စာဖတ်ရန်ကြာချိန်  ၅ မိနစ် စိတ်ကျန်းမာရေး ဆိုတာဘာလဲ။ စိတ်ကျန်းမာရေး Mental Health ဆိုသည်မှာ စိတ်၏ ကျန်းမာခြင်း ၊ ချမ်းသာခြင်းတွေနဲ့ အတူ ရှင်သန်နိုင်ခြင်းပဲဖြစ်ပါတယ်။ လူတစ်ယောက်က စိတ်ကျန်းမာရေး ကောင်းမွန်မည်ဆိုပါက မိမိရဲ့ စွမ်းဆောင်နိုင်ရည်ကို သိရှိနားလည်ခြင်းပဲ ဖြစ်ပါတယ်။ လူတိုင်းမှာ မိမိရဲ့ ပင်ကိုယ် စွမ်းရည်ကို အခြေခံပြီး မိမိ လုပ်နိုင်တဲ့ အရာများနဲ့ မလုပ်နိုင်တ့ အရာတွေ ရှိပါတယ်။  ဒီအချက်တွေကို  ကောင်းမွန်စွာ သိရှိနားလည် လက်ခံနိုင်တဲ့ စိတ်စွမ်းရည် ရှိမည်ဆိုပါက ထိုသူသည် စိတ်ကျန်းမာရေး ကောင်းမွန်တဲ့ သူလို့ သတ်မှတ်လို့ရပါတယ်။  ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း ဖြစ်တဲ့ WHO မှ အောက်ပါအချက် ၄ ချက်နဲ့ ဆွေးနွေးထားပါတယ်။  ⁃ မိမိ၏စွမ်းဆောင်ရည်ကို

Wellbeing ကျန်းမာပျော်ရွင်ခြင်း။ 🚶‍♀️ Read More »

ပဋိပက္ခကို အပြုသဘောဆောင်ပြီးအဓိပ္ပာယ် ဖွင့်ဆိုနည်း✍️

လူတို့၏ စိတ်တွင် အဓီကအားဖြင့် အသိစိတ်နှင့် မသိစိတ်ဟူ၍ နှစ်မျိုးရှိပြီး အင်မတန် ရှုပ်ထွေး၍ တစ်ခုနှင်တစ်ခု အပြန်အလှန် ရှုပ်ထွေးနေသော အနေထားဖြင့် အလုပ်လုပ်ကြပါတယ်။ သိစိတ်နှင့် မသိစိတ်ကို ရိုးရှင်းစွာပြောရလျှင် သိစိတ်သည် လူတို့နိုးကြားချိန်တွင် အလုပ်လုပ်ပြီး မသိစိတ်သည် အများအားဖြင့် အိပ်စက်ချိန်တွေမှာ အလုပ်လုပ်ပါသည်။  ဥပမာအားဖြင့် မသိစိတ်သည် ပင်လယ် သမုဒ္ဒရာ၏ အောက်ဆုံးပိုင်းမှ ရေများနှင့် တူပြီး သိစိတ်သည် သမုဒ္ဒရာ မျက်နှာပြင်မှ လှိုင်းလုံးများနှင့် အလားသဏ္ဍာန်တူပါသည်။ ပင်လယ်သမုဒ္ဒရာ၏ အောက်ဆုံးရေလွှာများ လှုပ်ရှားမှုကြောင့် အပေါ်ယံမျက်နှာပြင်တွင် လှိုင်းများဖြစ်ပေါ်လာရသကဲ့သို့ မသိစိတ်၏ စေ့ဆော်မှုကြောင့် သိစိတ်မှ အပြုမူများ ဖြစ်ပေါ်လာတယ်။  ထို့အတူ လူတို့သည် မိမိတို့ ကြားသိမြဲ မှတ်ယူမြဲ အရာတွေပေါ်မှာ မူတည်ပြီး ပဋိပက္ခ (Conflict) လို့ပြောလိုက်တာနဲ့

ပဋိပက္ခကို အပြုသဘောဆောင်ပြီးအဓိပ္ပာယ် ဖွင့်ဆိုနည်း✍️ Read More »

တာဝန်သိဒစ်ဂျစ်တယ်နိုင်ငံသား🧑‍💼

တာဝန်သိ ဒစ်ဂျစ်တယ် နိုင်ငံသားတစ်ယောက် ဖြစ်ခြင်းဆိုတာ ဘာလဲ။ နိုင်ငံသားကောင်း တစ်ယောက် ဖြစ်ဖို့ အရေးကြီး သလိုပဲ ဒီဂျစ်တယ် နိုင်ငံသားကောင်းတစ်ဦး ဖြစ်ဖို့ဟာလဲ ထပ်တူ အရေးကြီးပါတယ်။ နည်းပညာ တိုးတက်တာလာ ခြင်းနှင့်အတူ အင်တာနက်ကို မှီခိုအားထားမှုတွေနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး စတဲ့ နေ့စဉ် လူမှုဘဝ အဖြာဖြာတို့ကို အွန်လိုင်းပေါ်မှာ လုပ်ဆောင် လာကြပါတယ်။ ထိုသို့ လုပ်ဆောင်မှုတွေ အပေါ်တွင် တစ်ဦးနှင့် တစ်ခု လေးစားမှုရှိပြီး မိမိရဲ့ လုပ်ဆောင်ချက် တစ်ခုစီတိုင်းကို စဉ်းစား တွေးခေါ်နိင်လာဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဒီဂျစ်တယ် နိုင်ငံသားကောင်း တစ်ဦးမှာ ရှိတဲ့ အရည်းအသွေးတွေကို အောက်ဖော်ပြပါ အချက်တွေနဲ့ မိမိ ကိုယ်ကိုကိုယ် သုံးသပ်ပြီး အတည်ပြုနိုင်ပါတယ်။

တာဝန်သိဒစ်ဂျစ်တယ်နိုင်ငံသား🧑‍💼 Read More »

ကိုယ်ပိုင် ဘက်လိုက်မှုတွေကို သိရှိခြင်း🖋️

ဘက်လိုက်မှု(Bias) ဘက်လိုက်မှုဆိုတာဘာလဲ။ ဘက်လိုက်မှုဆိုတာ ကျိုးကြောင်းဆီလျော်တဲ့ သုံးသပ်ဆင်ခြင်ခြင်း (သို့) တွေးတောခြင်းမရှိဘဲ တစ်စုံတစ်ခု (သို့) တစ်စုံတစ်ဦးဆီကို တိမ်းညွတ်သွားတဲ့အချိန်ကို ပြောတာဖြစ်ပါတယ်။ ဘက်လိုက်မှုက ကျွန်ုပ်တို့ရဲ့ ယခင်အတွေ့အကြုံတွေ၊ နေ့စဉ်ပုံမှန် ကြည့်ရှုနေတဲ့ သတင်း အချက်အလက်တွေနဲ့ ယဉ်ကျေးမှုနဲ့ဘာသာရေးယုံကြည်ချက်တွေရဲ့ ထုတ်ကုန်(ရလဒ်)ဖြစ်နိုင်တယ်။  လူတိုင်းမှာ သူတို့ရဲ့ ဘက်လိုက်မှု ရှိတယ်။ တရားသူကြီးတွေ၊ ဂျာနယ်လစ်တွေ၊ နိုင်ငံရေးသမားတွေနဲ့ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်တွေမှာတောင်မှ သူတို့ဆီမှာ ကိုယ်ပိုင်ဘက်လိုက်မှုရှိကြပါတယ်။ ဘက်လိုက်မှုတွေက နှစ်မျိုးဖြစ်နိုင်တယ်။  ကောင်းတဲ့ ဘက်လိုက်မှုနဲ့ ဆိုးတဲ့ ဘက်လိုက်မှုပါ။ ကောင်းတဲ့ဘက်လိုက်မှုကတော့ ကိုယ်လက်ခံယူကြည်ထားတဲ့ အရာက မိမိအတွက် သူတစ်ပါးအတွက် ကောင်းကျိုးဖြစ်စေနိုင်တယ်။ ဥပမာ-ကျန်းမာရေးနှင့်ညီညွတ်တဲ့ စားသောက်မှု သို့မဟုတ် အသီးအရွက် များများစားခြင်းအပေါ် ဘက်လိုက်မှုရှိခြင်း။ ဆိုးတဲ့ ဘက်လိုက်မှုကတော့ ကိုယ်လက်ခံယုံကြည်ထားတဲ့ အရာက မိမိ

ကိုယ်ပိုင် ဘက်လိုက်မှုတွေကို သိရှိခြင်း🖋️ Read More »