Ye Phone Myint

AI အသုံးပြုမှုတွင် ခိုးယူကူးချခြင်း (Plagiarism) နဲ့ မူပိုင်ခွင့် (Copyright)

ယနေ့ခေတ်မှာ AI ဟာ သတင်းအချက်အလက်တွေကို ဖန်တီး၊ ရယူပြီး မျှဝေတဲ့နေရာမှာ မရှိမဖြစ် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပါပြီ။ ဆောင်းပါးတွေ ရေးသားတာ၊ တေးဂီတ ဖန်တီးတာကနေစလို့ အနုပညာလက်ရာတွေ ထုတ်လုပ်တာနဲ့ ကွန်ပျူတာ ကုဒ် (Code) တွေ ရေးသားတာအထိ ဖန်တီးမှုဆိုင်ရာနဲ့ ကျွမ်းကျင်မှုဆိုင်ရာ နယ်ပယ်အားလုံးနီးပါးမှာ AI နည်းပညာတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပြီ ဖြစ်ပါတယ်။ ဒီနည်းပညာတွေဟာ နေ့ည ၂၄ နာရီပတ်လုံး အလုပ်လုပ်နိုင်တာ၊ ထပ်တလဲလဲ လုပ်ရတဲ့ အလုပ်တွေကို လျှော့ချပေးနိုင်တာနဲ့ များပြားလှတဲ့ ဒေတာအချက်အလက်တွေကို အချိန်တိုအတွင်း ခွဲခြမ်းစိတ်ဖြာပေးနိုင်တာ စတဲ့ အားသာချက်တွေ ရှိနေပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း ဒီနည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ရှုပ်ထွေးတဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာနဲ့ ဥပဒေဆိုင်ရာ မေးခွန်းတွေလည်း ပေါ်ပေါက်လာပါတယ်။

AI အသုံးပြုမှုတွင် ခိုးယူကူးချခြင်း (Plagiarism) နဲ့ မူပိုင်ခွင့် (Copyright) Read More »

AI ကို ကျင့်ဝတ်နှင့်အညီ အသုံးပြုခြင်း

၁။ AI ခေတ်တွင် ကျင့်ဝတ်နှင့် တာဝန်ယူမှု AI ရဲ့ တိုးတက်လာမှုနဲ့အတူ ကမ္ဘာတစ်ဝှမ်းလုံးမှာ ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ များစွာ ဖြစ်ပေါ်လာပါတယ်။ ဥပမာအားဖြင့် ကျန်းမာရေးကဏ္ဍမှာ ရောဂါများစွာအတွက် ကုသနည်း အသစ်အဆန်းတွေကို ရှာဖွေထောက်လှမ်းရာမှာ AI ကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပါတယ်။ ဒါ့အပြင် အလုပ်တွေကို အလိုအလျောက်လုပ်ပေးတဲ့ Automation စနစ်ကြောင့် အချိန်တိုအတွင်း အလုပ်တွေကို မြန်မြန်ဆန်ဆန် ပြီးမြောက်အောင် စွမ်းဆောင်နိုင်လာကြပါတယ်။ AI ဟာ ကောင်းမွန်တဲ့ အပြောင်းအလဲတွေကို ဖော်ဆောင်လာနိုင်တာ အမှန်တရားတစ်ခုဖြစ်ပေမဲ့ AI ရဲ့ လုပ်နိုင်စွမ်းတွေ အပေါ်ကိုတော့ အမြဲပဲ မေးခွန်းထုတ်နေဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုရင် AI တွေဟာ သူတို့ကို လေ့ကျင့်သင်ကြားပေးထားတဲ့ အကန့်အသတ်ရှိတဲ့ ဒေတာတွေနဲ့ သူတို့ကို ဖန်တီးထားတဲ့

AI ကို ကျင့်ဝတ်နှင့်အညီ အသုံးပြုခြင်း Read More »

Using AI in Community Leadership

၁။ လူ့အဖွဲ့အစည်းခေါင်းဆောင်များအတွက် AI က ဘာကြောင့် အရေးပါသလဲ (Why AI Matters for Community Leaders) ၁.၁ လူ့အဖွဲ့အစည်းခေါင်းဆောင်များ ကြုံတွေ့ရသည့် စိန်ခေါ်မှုများ (Challenges faced by community leaders) ရပ်ရွာလူထု ဖွံ့ဖြိုးရေးနဲ့ လူမှုကူညီရေး လုပ်ငန်းတွေကို ဦးဆောင်နေကြတဲ့ ခေါင်းဆောင်တွေအနေနဲ့ ၎င်းတို့ရဲ့ နေ့စဉ်လုပ်ငန်းခွင်တွေမှာ အောက်ပါစိန်ခေါ်မှုတွေကို ရင်ဆိုင်ကြရလေ့ရှိပါတယ် – ✅အချိန်နှင့် လုပ်အား မလုံလောက်ခြင်း (Time and Resource Constraints):  လူ့အဖွဲ့အစည်းခေါင်းဆောင် အများစုက ကန့်သတ်ထားတဲ့ အချိန်နဲ့ လူအင်အားကိုသာ အသုံးပြုကြရပါတယ်။ အစီရင်ခံစာ ရေးသားခြင်း၊ ဖိတ်စာပြင်ဆင်ခြင်း၊ အစည်းအဝေးမှတ်တမ်း တင်ခြင်း စတဲ့ ရုံးလုပ်ငန်းဆန်တဲ့ အုပ်ချုပ်မှုကိစ္စရပ်တွေမှာ အချိန်အများကြီးပေးရတဲ့အတွက် ဒေသခံတွေနဲ့

Using AI in Community Leadership Read More »

Generative AI ဆိုင်ရာအကြောင်းအရာများ

၁။ Generative AI ဆိုတာ ဘာလဲ။ Artificial Intelligence (AI) က လူသားတွေရဲ့နေ့စဉ်ဘဝထဲမှာရောက်ရှိနေခဲ့ပါပြီ။ ဥပမာပြရရင် လမ်း ကြောင်းပြအက်ပ်တွေကနေ အမြန်ဆုံးလမ်းကို ရှာပေးတာ၊ ရုပ်ရှင်နဲ့ ပစ္စည်းတွေကို ကိုယ့်အကြိုက်လိုက်ပြီး အကြံပြုပေးတာ၊ ပြီးတော့ မလိုချင်တဲ့ အီးမေးလ် (Spam) တွေကို ဖယ်ထုတ်ပေးတာမျိုးတွေဖြစ်ကြပါတယ်။ ဒီစနစ်တွေဟာ အချက်အလက်တွေကို ပိုင်းခြားစိတ်ဖြာပြီး ခန့်မှန်းပေးဖို့အတွက် တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ မကြာသေးတဲ့ကာလတွေအတွင်းမှာတော့ ကမ္ဘာတစ်ဝန်းလုံးရဲ့အာရုံစိုက်မှုကို ခံလာရတဲ့ AI အမျိုးအ စားသစ်တစ်ခု ပေါ်လာပါတယ်၊ အဲဒါကတော့ Generative AI ပါပဲ။ Generative AI ဆိုတာ AI ရဲ့ အကိုင်းအခက်တစ်ခုဖြစ်ပြီး ၁၉၅၀ ပြည့်နှစ်များကတည်းက စတင်ပေါ်ပေါက်ခဲ့သော်လည်း ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှသာ လျင်မြန်စွာ

Generative AI ဆိုင်ရာအကြောင်းအရာများ Read More »

Artificial Intelligence(AI)ဆိုင်ရာအကြောင်းအရာများ

Artificial Intelligence (AI) ဟာ လူသားတွေရဲ့နေ့စဉ်ဘဝထဲကို တဖြည်းဖြည်းရောက်ရှိလာနေပြီ ဖြစ်ပါတယ်။ အင်တာနက်ပေါ်မှာအချက်အလက်တွေရှာဖွေတာ၊ လူမှုကွန်ရက် (Social Media) ပေါ်မှာ ကိုယ်ကြိုက် တတ်မယ့်အရာတွေကို အလိုအလျောက်ညွှန်ပြပေးတာ၊ လမ်းညွှန်အက်ပ် (Navigation Apps) တွေသုံးတာ၊ ဘာသာပြန်တာကအစ Chatbot တွေနဲ့ စကားပြောတာအဆုံး ဒါတွေအားလုံးရဲ့ နောက်ကွယ်မှာ AI က အလုပ် လုပ်ပေးနေတာဖြစ်ပါတယ်။ Community Leader တွေအနေနဲ့ AI အကြောင်းကို နားလည်ထားဖို့ဆိုတာ ရွေးချယ်စရာတစ်ခု မဟုတ်တော့ဘဲ မဖြစ်မနေ သိထားဖို့လိုအပ်လာပြီဖြစ်ပါတယ်။ အကြောင်းကတော့ AI နည်းပညာတွေဟာ လူထုအတွင်း ဆက်သွယ်ပြောဆိုပုံ၊ သင်ယူပုံ၊ ဝန်ဆောင်မှုတွေရယူပုံ၊ ဆုံးဖြတ်ချက်ချပုံနဲ့ အစိုးရ သို့မဟုတ် အဖွဲ့ အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပုံတွေအပေါ် ပိုမိုသက်ရောက်မှုရှိလာလို့ ဖြစ်ပါတယ်။ AI

Artificial Intelligence(AI)ဆိုင်ရာအကြောင်းအရာများ Read More »

Japan Youth Exchange Programme 2026: ASEAN-Japan Sports (Rugby) x SDGs Exchange

ဂျပန်နိုင်ငံကို သွားရောက်ပြီး ASEAN နိုင်ငံများမှ လူငယ်တွေနဲ့ အတူ SDGs နဲ့ Sports အကြောင်း လေ့လာချင်တဲ့ မြန်မာအထက်တန်းကျောင်းသား၊ ကျောင်းသူတွေအတွက် JENESYS 2026 ASEAN-Japan Sports (Rugby) x SDGs Exchange for Youths Programme ကို လျှောက်ထားနိုင်ပါပြီ။ ဒီ Programme မှာ Rugby နှင့် SDGs ကို ချိတ်ဆက်လေ့လာရင်း ဂျပန်ယဉ်ကျေးမှုကို တွေ့ကြုံခံစားနိုင်သလို ASEAN လူငယ်များနဲ့ အတွေ့အကြုံဖလှယ်ပြီး နိုင်ငံတကာမိတ်ဆွေများ တည်ဆောက်နိုင်မယ့် အခွင့်အရေးလည်း ရရှိမှာ ဖြစ်ပါတယ်။ Benefits• Japan Youth Exchange Programme တွင် ပါဝင်ခွင့်• Tokyo နှင့် အခြားမြို့များသို့ သွားရောက်လေ့လာခွင့်•

Japan Youth Exchange Programme 2026: ASEAN-Japan Sports (Rugby) x SDGs Exchange Read More »

Free Online Course: Global & Planetary Security – Planetary Leadership

Climate Change, AI, Global Health, Peacebuilding နဲ့ Global Governance စတဲ့ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကို စိတ်ဝင်စားပြီး လူငယ်ခေါင်းဆောင်တစ်ယောက်အဖြစ် အပြောင်းအလဲဖန်တီးလိုသူတွေအတွက် One Young World Academy မှ ဖွင့်လှစ်တဲ့ Global & Planetary Security – Prevent and Reduce Risks from Existential Threats Free Online Course ကို လျှောက်ထားနိုင်ပါပြီ။ ဒီ Course မှာ Climate Change၊ AI Governance၊ Pandemic Preparedness၊ Peacebuilding နဲ့ Planetary Leadership အကြောင်းကို ကမ္ဘာ့ကျွမ်းကျင်ပညာရှင်များထံမှ သင်ယူနိုင်ပြီး မိမိရဲ့

Free Online Course: Global & Planetary Security – Planetary Leadership Read More »

CIP Fellowship Program 2026–2027 (Fully Funded Online Fellowship)

Research နဲ့ Social Policy ကို စိတ်ဝင်စားတဲ့ မသန်စွမ်းသူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေရှိရင် ဒီအခွင့်အရေးကို မျှဝေပေးလိုက်ပါ။Research Skills တွေကို မြှင့်တင်နိုင်သလို International Mentorship၊ Monthly Stipend နဲ့ Global Research Network တို့ကို ရရှိနိုင်မယ့် အခွင့်အရေးကောင်းတစ်ခု ဖြစ်ပါတယ်။ တကယ်စိတ်ဝင်စားပြီး အရည်အချင်းနဲ့ ကိုက်ညီသူတစ်ယောက်အတွက် ဒီ Post လေးက အခွင့်အရေးအသစ်တစ်ခု ဖြစ်လာနိုင်ပါတယ်။ Benefits:• Monthly Stipend – USD 1,000 (12 Months)• Research, Conference သို့မဟုတ် Training Support – USD 2,000 အထိ• Participation အတွက် လိုအပ်သော Accommodation Costs

CIP Fellowship Program 2026–2027 (Fully Funded Online Fellowship) Read More »

Women Rising for Climate Resilience 2026 (Free Online Leadership Program) 

Climate Change အတွက် အပြောင်းအလဲတစ်ခု ဖန်တီးချင်တဲ့ မြန်မာအမျိုးသမီးလူငယ်တွေအတွက် Women Rising for Climate Resilience Programme ကို အခမဲ့ လျှောက်ထားနိုင်ပါပြီ။ ဒီ Programme ဟာ South Asia နဲ့ Southeast Asia မှ အမျိုးသမီးခေါင်းဆောင်တွေကို စုစည်းပြီး Climate Leadership, Community Action နဲ့ Project Design Skills တွေကို မြှင့်တင်ပေးမယ့် 8 ပတ်ကြာ Free Online Leadership Programme တစ်ခု ဖြစ်ပါတယ်။ သင်ယူမှုအပြင် တခြားနိုင်ငံများမှ Women Leaders တွေနဲ့ အတွေ့အကြုံဖလှယ်နိုင်ပြီး ကိုယ့် Community အတွက် Climate Initiative

Women Rising for Climate Resilience 2026 (Free Online Leadership Program)  Read More »