Digital Literacy

AI အသုံးပြုမှုတွင် ခိုးယူကူးချခြင်း (Plagiarism) နဲ့ မူပိုင်ခွင့် (Copyright)

ယနေ့ခေတ်မှာ AI ဟာ သတင်းအချက်အလက်တွေကို ဖန်တီး၊ ရယူပြီး မျှဝေတဲ့နေရာမှာ မရှိမဖြစ် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပါပြီ။ ဆောင်းပါးတွေ ရေးသားတာ၊ တေးဂီတ ဖန်တီးတာကနေစလို့ အနုပညာလက်ရာတွေ ထုတ်လုပ်တာနဲ့ ကွန်ပျူတာ ကုဒ် (Code) တွေ ရေးသားတာအထိ ဖန်တီးမှုဆိုင်ရာနဲ့ ကျွမ်းကျင်မှုဆိုင်ရာ နယ်ပယ်အားလုံးနီးပါးမှာ AI နည်းပညာတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပြီ ဖြစ်ပါတယ်။ ဒီနည်းပညာတွေဟာ နေ့ည ၂၄ နာရီပတ်လုံး အလုပ်လုပ်နိုင်တာ၊ ထပ်တလဲလဲ လုပ်ရတဲ့ အလုပ်တွေကို လျှော့ချပေးနိုင်တာနဲ့ များပြားလှတဲ့ ဒေတာအချက်အလက်တွေကို အချိန်တိုအတွင်း ခွဲခြမ်းစိတ်ဖြာပေးနိုင်တာ စတဲ့ အားသာချက်တွေ ရှိနေပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း ဒီနည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ရှုပ်ထွေးတဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာနဲ့ ဥပဒေဆိုင်ရာ မေးခွန်းတွေလည်း ပေါ်ပေါက်လာပါတယ်။ […]

AI အသုံးပြုမှုတွင် ခိုးယူကူးချခြင်း (Plagiarism) နဲ့ မူပိုင်ခွင့် (Copyright) Read More »

AI ကို ကျင့်ဝတ်နှင့်အညီ အသုံးပြုခြင်း

၁။ AI ခေတ်တွင် ကျင့်ဝတ်နှင့် တာဝန်ယူမှု AI ရဲ့ တိုးတက်လာမှုနဲ့အတူ ကမ္ဘာတစ်ဝှမ်းလုံးမှာ ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ များစွာ ဖြစ်ပေါ်လာပါတယ်။ ဥပမာအားဖြင့် ကျန်းမာရေးကဏ္ဍမှာ ရောဂါများစွာအတွက် ကုသနည်း အသစ်အဆန်းတွေကို ရှာဖွေထောက်လှမ်းရာမှာ AI ကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပါတယ်။ ဒါ့အပြင် အလုပ်တွေကို အလိုအလျောက်လုပ်ပေးတဲ့ Automation စနစ်ကြောင့် အချိန်တိုအတွင်း အလုပ်တွေကို မြန်မြန်ဆန်ဆန် ပြီးမြောက်အောင် စွမ်းဆောင်နိုင်လာကြပါတယ်။ AI ဟာ ကောင်းမွန်တဲ့ အပြောင်းအလဲတွေကို ဖော်ဆောင်လာနိုင်တာ အမှန်တရားတစ်ခုဖြစ်ပေမဲ့ AI ရဲ့ လုပ်နိုင်စွမ်းတွေ အပေါ်ကိုတော့ အမြဲပဲ မေးခွန်းထုတ်နေဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုရင် AI တွေဟာ သူတို့ကို လေ့ကျင့်သင်ကြားပေးထားတဲ့ အကန့်အသတ်ရှိတဲ့ ဒေတာတွေနဲ့ သူတို့ကို ဖန်တီးထားတဲ့

AI ကို ကျင့်ဝတ်နှင့်အညီ အသုံးပြုခြင်း Read More »

AI and Community Leadership

၁။ လူ့အဖွဲ့အစည်းခေါင်းဆောင်များအတွက် AI က ဘာကြောင့် အရေးပါသလဲ (Why AI Matters for Community Leaders) ၁.၁ လူ့အဖွဲ့အစည်းခေါင်းဆောင်များ ကြုံတွေ့ရသည့် စိန်ခေါ်မှုများ (Challenges faced by community leaders) ရပ်ရွာလူထု ဖွံ့ဖြိုးရေးနဲ့ လူမှုကူညီရေး လုပ်ငန်းတွေကို ဦးဆောင်နေကြတဲ့ ခေါင်းဆောင်တွေအနေနဲ့ ၎င်းတို့ရဲ့ နေ့စဉ်လုပ်ငန်းခွင်တွေမှာ အောက်ပါစိန်ခေါ်မှုတွေကို ရင်ဆိုင်ကြရလေ့ရှိပါတယ် – ✅အချိန်နှင့် လုပ်အား မလုံလောက်ခြင်း (Time and Resource Constraints):  လူ့အဖွဲ့အစည်းခေါင်းဆောင် အများစုက ကန့်သတ်ထားတဲ့ အချိန်နဲ့ လူအင်အားကိုသာ အသုံးပြုကြရပါတယ်။ အစီရင်ခံစာ ရေးသားခြင်း၊ ဖိတ်စာပြင်ဆင်ခြင်း၊ အစည်းအဝေးမှတ်တမ်း တင်ခြင်း စတဲ့ ရုံးလုပ်ငန်းဆန်တဲ့ အုပ်ချုပ်မှုကိစ္စရပ်တွေမှာ အချိန်အများကြီးပေးရတဲ့အတွက် ဒေသခံတွေနဲ့

AI and Community Leadership Read More »

Generative AI ဆိုင်ရာအကြောင်းအရာများ

၁။ Generative AI ဆိုတာ ဘာလဲ။ Artificial Intelligence (AI) က လူသားတွေရဲ့နေ့စဉ်ဘဝထဲမှာရောက်ရှိနေခဲ့ပါပြီ။ ဥပမာပြရရင် လမ်း ကြောင်းပြအက်ပ်တွေကနေ အမြန်ဆုံးလမ်းကို ရှာပေးတာ၊ ရုပ်ရှင်နဲ့ ပစ္စည်းတွေကို ကိုယ့်အကြိုက်လိုက်ပြီး အကြံပြုပေးတာ၊ ပြီးတော့ မလိုချင်တဲ့ အီးမေးလ် (Spam) တွေကို ဖယ်ထုတ်ပေးတာမျိုးတွေဖြစ်ကြပါတယ်။ ဒီစနစ်တွေဟာ အချက်အလက်တွေကို ပိုင်းခြားစိတ်ဖြာပြီး ခန့်မှန်းပေးဖို့အတွက် တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ မကြာသေးတဲ့ကာလတွေအတွင်းမှာတော့ ကမ္ဘာတစ်ဝန်းလုံးရဲ့အာရုံစိုက်မှုကို ခံလာရတဲ့ AI အမျိုးအ စားသစ်တစ်ခု ပေါ်လာပါတယ်၊ အဲဒါကတော့ Generative AI ပါပဲ။ Generative AI ဆိုတာ AI ရဲ့ အကိုင်းအခက်တစ်ခုဖြစ်ပြီး ၁၉၅၀ ပြည့်နှစ်များကတည်းက စတင်ပေါ်ပေါက်ခဲ့သော်လည်း ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှသာ လျင်မြန်စွာ

Generative AI ဆိုင်ရာအကြောင်းအရာများ Read More »

Artificial Intelligence(AI)ဆိုင်ရာအကြောင်းအရာများ

Artificial Intelligence (AI) ဟာ လူသားတွေရဲ့နေ့စဉ်ဘဝထဲကို တဖြည်းဖြည်းရောက်ရှိလာနေပြီ ဖြစ်ပါတယ်။ အင်တာနက်ပေါ်မှာအချက်အလက်တွေရှာဖွေတာ၊ လူမှုကွန်ရက် (Social Media) ပေါ်မှာ ကိုယ်ကြိုက် တတ်မယ့်အရာတွေကို အလိုအလျောက်ညွှန်ပြပေးတာ၊ လမ်းညွှန်အက်ပ် (Navigation Apps) တွေသုံးတာ၊ ဘာသာပြန်တာကအစ Chatbot တွေနဲ့ စကားပြောတာအဆုံး ဒါတွေအားလုံးရဲ့ နောက်ကွယ်မှာ AI က အလုပ် လုပ်ပေးနေတာဖြစ်ပါတယ်။ Community Leader တွေအနေနဲ့ AI အကြောင်းကို နားလည်ထားဖို့ဆိုတာ ရွေးချယ်စရာတစ်ခု မဟုတ်တော့ဘဲ မဖြစ်မနေ သိထားဖို့လိုအပ်လာပြီဖြစ်ပါတယ်။ အကြောင်းကတော့ AI နည်းပညာတွေဟာ လူထုအတွင်း ဆက်သွယ်ပြောဆိုပုံ၊ သင်ယူပုံ၊ ဝန်ဆောင်မှုတွေရယူပုံ၊ ဆုံးဖြတ်ချက်ချပုံနဲ့ အစိုးရ သို့မဟုတ် အဖွဲ့ အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပုံတွေအပေါ် ပိုမိုသက်ရောက်မှုရှိလာလို့ ဖြစ်ပါတယ်။ AI

Artificial Intelligence(AI)ဆိုင်ရာအကြောင်းအရာများ Read More »

Slack

Slack ဆိုတာ ဘာလဲ Slack ဆိုတာက သင့်အဖွဲ့ဝင်အချင်းချင်း စကားပြောဖို့၊ ဖိုင်တွေမျှဝေဖို့၊ အစည်းအဝေးတွေလုပ်ဖို့၊ အလုပ်ကိစ္စတွေကိုစနစ်တကျစီစဉ်ဖို့စတဲ့အရာအားလုံးကို နေရာတစ်ခုတည်းမှာ လုပ်ဆောင်နိုင်တဲ့ ဒီဂျစ်တယ်ရုံးခန်း (digital office) လို့ သင်ထင်မြင်ယူဆကြည့်နိုင်ပါတယ်။ Slack ဟာ Slack နည်းပညာကုမ္ပဏီကနေဖန်တီးခဲ့တဲ့ အဖွဲ့အစည်းတွင်းဆက်သွယ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအတွက် အသုံးပြုနိုင်တဲ့ပလက်ဖောင်းတစ်ခုဖြစ်ပါတယ်။ များပြားလှတဲ့အီးမေးလ်ပို့ ခြင်း/လက်ခံခြင်း (email threads) တွေကို လျှော့ချပြီး၊ အချိန်နဲ့တပြေးညီစကားပြောခြင်းတွေ (real-time chats)‌၊ စနစ်တကျဖွဲ့စည်းထားတဲ့ ချန်နယ် (channels) တွေပါဝင်ပြီး အလုပ်ကိစ္စဆက်သွယ်ပြောဆိုခြင်းကို ပိုမိုမြန်ဆန်ပြီး လွယ်ကူရိုးရှင်းစေဖို့အတွက် ရည်ရွယ်ပြီး Slack ကိုဖန်တီးထားတာပါ။ “Slack” ဆိုတဲ့ စကားလုံးဟာ မူလက “Searchable Log of All Communication and Knowledge” ကို

Slack Read More »

Google Docs

Google Docs အခြေခံ မိတ်ဆက် (Introduction) ဒီဗီဒီယိုမှာ Google Docs ဆိုတာဘာလဲ၊ ဘာကြောင့် သုံးသင့်သလဲ ဆိုတာကို အခြေခံအဆင့်မှာ မိတ်ဆက်ပေးထားပါတယ်။ Google Docs ကို ဘယ်လိုဖွင့်ရမလဲ၊ အလုပ်အတွက် ဘယ်လို အသုံးဝင်လဲ ဆိုတာတွေကို ရှင်းပြပေးထားပြီး၊ Online document တစ်ခုအဖြစ် ဘယ်လို အလွယ်တကူ အသုံးပြုနိုင်မလဲကိုလည်း သိရှိနိုင်ပါလိမ့်မယ်။ စာသားပြင်ဆင်ခြင်း (Editing Features) ဒီဗီဒီယိုမှာ Google Docs ထဲမှာ စာသားတွေကို ဘယ်လို ပြင်ဆင်ရမလဲ ဆိုတာကို လေ့လာနိုင်ပါတယ်။ စာလုံးအရွယ်အစား ပြောင်းခြင်း၊ Font ပြောင်းခြင်း၊ Bold / Italic / Underline အသုံးပြုခြင်း၊ Alignment ပြောင်းခြင်း စတဲ့

Google Docs Read More »

Google Calendar

ဒီဗီဒီယိုမှာ Google Calendar ကို အသုံးပြုပြီး နေ့စဉ်အလုပ်များ၊ သင်တန်းများ၊ အစည်းအဝေးများကို စနစ်တကျ စီမံခန့်ခွဲနိုင်အောင် အပြည့်အစုံ ရှင်းပြထားပါတယ်။ Event တစ်ခုကို ဘယ်လိုဖန်တီးရမလဲ၊ Date & Time သတ်မှတ်နည်း၊ Reminder ထည့်နည်း၊ Notification ပြန်လည်ရရှိနည်းတွေကို လက်တွေ့ပြသထားပါတယ်။ ထို့အပြင် Calendar view (Day / Week / Month) ပြောင်းနည်း၊ Repeating events ဖန်တီးနည်း၊ Task နဲ့ Event ကွာခြားချက်၊ Color coding အသုံးပြုပြီး အလုပ်အမျိုးအစားအလိုက် ခွဲခြားစီမံနည်းတွေကိုလည်း လေ့လာနိုင်ပါလိမ့်မယ်။ Google Meet link ပါတဲ့ Meeting ဖန်တီးနည်း၊ အခြားသူများကို Invite လုပ်နည်း၊

Google Calendar Read More »

Google Slides

ဒီဗီဒီယိုမှာဆိုရင် Google Slides ဆိုတာက ဘာလဲ၊ Google Slides ကို စတင်အသုံးပြုပုံ၊ ဖိုင်အမည်ပေးပုံနဲ့ Google Slides မှာပါတဲ့ Functions တွေကို မိတ်ဆက်ပေးထားတာဖြစ်လို့ အခြေခံအကျဆုံး အဆင့်တွေကနေ စတင်လေ့လာချင်သူတွေအတွက် အထူးသင့်တော်ပါတယ်။ Google Slides မှာ Slide အသစ်တွေကို ဘယ်လိုယူရမလဲ၊ Slide Background တွေကို စနစ်တကျ ဘယ်လိုပြောင်းလို့ရမလဲဆိုတဲ့အကြောင်းနဲ့ Slide Ratio ချိန်ညှိနည်းတွေကိုပါ ရှင်းပြထားတာကြောင့် ဒီဗီဒီယိုကို လေ့လာပြီးသွားတဲ့အခါ ကိုယ်လိုချင်တဲ့ Layout ပုံစံတွေကို စနစ်တကျ ရွေးချယ်တတ်စေမှာ ဖြစ်ပါတယ်။ Google Slides ထဲမှာ Presentation အတွက် ပြင်ဆင်တဲ့အခါ ထည့်ရမယ့်စာသားတွေကို Font ပုံစံတွေ၊ အရွယ်အစားနဲ့ အရောင်ပြောင်းလဲနည်းအပြင် Shape

Google Slides Read More »