Explore How AI Tools Can Support Local Community Needs

၁။ ရပ်ရွာလူထုအတွက် AI နည်းပညာသုံး လက်တွေ့ဖြေရှင်းနည်းများ

၁.၁ ရပ်ရွာလူထုအတွက် AI ဘာကြောင့် လိုအပ်တာလဲ

ရပ်ရွာတစ်ခုချင်းစီမှာ မတူညီတဲ့အခက်အခဲတွေကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။ အချို့က သဘာဝဘေးအန္တ ရာယ်ပြင်ဆင်ရေးအတွက် ကြိုးပမ်းနေရသလို အချို့ကလည်း ပညာရေးအထောက်အကူပြုပစ္စည်းတွေ၊ ကျန်း မာရေးသတင်းအချက်အလက်တွေ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ဒါမှမဟုတ် စိုက်ပျိုးရေးဆိုင်ရာ အကူအညီ တွေကို ပိုမိုလိုအပ်နေပါတယ်။ ရပ်ရွာခေါင်းဆောင်တွေမှာတော့ ဒီလိုအပ်ချက်တွေကို ဖြေရှင်းဖို့ အချိန်၊ ဝန်ထမ်း နဲ့ ဘဏ္ဍာရေး အရင်းအမြစ် ကန့်သတ်ချက်တွေ ရှိနေတတ်ပါတယ်။

AI နည်းပညာက အောက်ပါအတိုင်း ကူညီပေးနိုင်ပါတယ် –

  • ထပ်ခါတလဲလဲ လုပ်ရတဲ့အလုပ်တွေကို အလိုအလျောက်စနစ်နဲ့ ဆောင်ရွက်ပေးတာ။
  • သတင်းအချက်အလက် ရယူရလွယ်ကူအောင် တိုးမြှင့်ပေးတာ။
  • ဆုံးဖြတ်ချက်တွေကို မြန်မြန်ဆန်ဆန် ချနိုင်အောင် အထောက်အကူပြုတာ။
  • ကူညီဆက်သွယ် ပြောဆိုပေးတာ။
  • ရပ်ရွာဆိုင်ရာ အချက်အလက်တွေကို ဆန်းစစ်သုံးသပ်ပေးတာ။
  • မိမိ လိုအပ်ချက်နဲ့ ကိုက်ညီမယ့် အကြံပြုချက်တွေကို သီးသန့် ထုတ်ပေးတာတွေ ဖြစ်ပါတယ်။

အရေးကြီးတာကတော့ AI ဆိုတာ ဒေသခံတွေရဲ့ ပညာ၊ ဗဟုသုတနဲ့ ရပ်ရွာပူးပေါင်းပါဝင်မှုကို ပိုကောင်းအောင် ဖြည့်ဆည်းပေးရမှာဖြစ်ပြီး အစားထိုးပစ်တာမျိုး မဟုတ်ပါဘူး။

ရပ်ရွာဖြေရှင်းနည်း (၁) – သဘာဝဘေးအန္တရာယ် ပြင်ဆင်ရေးနှင့် အရေးပေါ် ဆက်သွယ်ရေး

ရေကြီးတာ၊ မုန်တိုင်းလာတာ၊ မြေပြိုတာ၊ ငလျင်လှုပ်တာနဲ့ တောမီးလောင်တာ စတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်လာရင် လျင်မြန်တဲ့ သတင်းအချက်အလက် ဆက်သွယ်ရေး လိုအပ်ပါတယ်။

AI နည်းပညာက အောက်ပါအတိုင်း ကူညီပေးနိုင်ပါတယ် –

  • မိုးလေဝသ ခန့်မှန်းချက်တွေကို ရိုးရှင်းတဲ့ စကားလုံးတွေနဲ့ အနှစ်ချုပ်ပေးတာ။
  • အရေးပေါ် အသိပေးချက်တွေကို ဒေသန္တရ ဘာသာစကားတွေနဲ့ ဘာသာပြန်ပေးတာ။
  • ရွှေ့ပြောင်းရေး အသိပေးစာလွှာတွေကို ရေးဆွဲပေးတာ။
  • မကြာခဏ မေးလေ့ရှိတဲ့ မေးခွန်းတွေကို ဖြေကြားပေးတာ။
  • လူမှုကွန်ရက်ပေါ်က သတင်းအမှားတွေကို စောင့်ကြည့်ပေးတာတွေ လုပ်ပေးနိုင်ပါတယ်။

မြန်မာနိုင်ငံအတွက် လက်တွေ့နမူနာ

မြန်မာနိုင်ငံက မြို့နယ်တစ်ခုမှာ မိုးရာသီရောက်တိုင်း ရာသီအလိုက် ရေကြီးရေလျှံမှု ခံရလေ့ရှိပါတယ်။ ကျေးရွာ အုပ်ချုပ်ရေးမှူးက Gemini ကို အသုံးပြုပြီး –

  • တရားဝင်မိုးလေဝသအစီရင်ခံစာတွေကို ရပ်ရွာလူထု နားလည်လွယ်တဲ့အသိပေးချက်တွေအဖြစ် ပြောင်းလဲပါတယ်။
  • နောက်ဆုံးရသတင်းတွေကို ဗမာဘာသာစကားနဲ့ တိုင်းရင်းသားဘာသာစကားတွေဆီ ဘာသာပြန်ပါ တယ်။
  • ဘေးလွတ်ရာ ရွှေ့ပြောင်းရေး စစ်ဆေးရန် စာရင်း (Checklists) တွေကို ပြင်ဆင်ပါတယ်။
  • Facebook နဲ့ Telegram စာမျက်နှာတွေမှာ တင်မယ့်အသိပေးချက်တွေကို ရေးဆွဲပါတယ်။

စာရေးဖို့ အချိန်အကြာကြီး ပေးစရာမလိုတော့ဘဲ၊ ခေါင်းဆောင်ဟာ သတင်းအချက်အလက် မှန်ကန်တိကျစွာနဲ့ လျင်မြန်စွာ အကြောင်းကြား သတင်းပို့နိုင်မှာ ဖြစ်ပါတယ်။

ရပ်ရွာဖြေရှင်းနည်း (၂) – တောင်သူလယ်သမားများကို ကူညီပေးခြင်း

တောင်သူအများစုမှာ စိုက်ပျိုးရေး ပညာရှင်တွေနဲ့ ချက်ချင်း ဆက်သွယ်ပြသဖို့ အခက်အခဲ ရှိကြပါတယ်။

AI နည်းပညာက အောက်ပါအတိုင်း ကူညီပေးနိုင်ပါတယ် –

  • မိုးလေဝသ ခန့်မှန်းချက်တွေကို ရှင်းပြပေးတာ။
  • သီးနှံစိုက်ပျိုးမယ့် အချိန်ဇယားတွေကို အကြံပြုပေးတာ။
  • ပိုးမွှား ကာကွယ်နှိမ်နင်းရေး အကြံဉာဏ်ပေးတာ။
  • စိုက်ပျိုးရေးဆိုင်ရာ အထောက်အကူပြု စာရွက်စာတမ်းတွေကို အနှစ်ချုပ်ပေးတာ။
  • မြေဩဇာ သုံးစွဲရေး စီမံကိန်းတွေကို ကူညီ ရေးဆွဲပေးတာတွေ လုပ်ဆောင်ပေးပါတယ်။

မြန်မာနိုင်ငံအတွက် လက်တွေ့နမူနာ

ဧရာဝတီတိုင်းဒေသကြီးက စပါးစိုက်တောင်သူတစ်ဦးဟာ စပါးရွက်ပေါ်မှာ ဆန်းသစ်တဲ့အစက်အပြောက်တွေကို သတိပြုမိပါတယ်။ စိုက်ပျိုးသီးနှံဓာတ်ပုံနဲ့အတူ Gemini ကို အသုံးပြုပြီး “ဒါ ဘာရောဂါ ဖြစ်နိုင်သလဲ၊ စိုက်ပျိုးရေး ဝန်ထမ်းဆီ သွားပြရင် ဘာအချက်အလက်တွေ ပြောပြရမလဲ” ဆိုပြီး မေးမြန်းလိုက်ပါတယ်။

Gemini က တောင်သူ့ရဲ့ အတွေ့အကြုံတွေကို စနစ်တကျ စီစဉ်ပေးပြီး ဖြစ်နိုင်ခြေရှိတဲ့ ရောဂါအကြောင်းတရားတွေကို ဖော်ပြရင်း ဒေသခံ စိုက်ပျိုးရေး အာဏာပိုင်တွေနဲ့ ဆွေးနွေးတိုင်ပင်ဖို့ အကြံပြုပေးပါတယ်။ ဒီလိုနဲ့ တောင်သူဟာ လမ်းညွှန်ချက်ကို ပိုမိုမြန်ဆန်စွာ ရရှိသွားပြီး ကျွမ်းကျင်သူတွေနဲ့ ထိရောက်စွာ ပြောဆိုဆက်ဆံနိုင်ခဲ့ပါတယ်။

ရပ်ရွာဖြေရှင်းနည်း (၃) – ပညာရေး

ဆရာ၊ ဆရာမတွေဟာ သင်ခန်းစာ၊ ပဟေဠိ၊ လေ့ကျင့်ခန်း စာရွက်စာတမ်းနဲ့ သင်ထောက်ကူ ပစ္စည်းတွေ ပြင်ဆင်ရတာနဲ့တင် အချိန် အများကြီး ပေးနေရပါတယ်။

AI နည်းပညာက အောက်ပါအတိုင်း ကူညီပေးနိုင်ပါတယ် –

  • သင်ခန်းစာ စီမံကိန်း (Lesson plans) တွေ ရေးဆွဲပေးတာ။
  • စာသင်ခန်းတွင်း လှုပ်ရှားမှုတွေ ဖန်တီးပေးတာ။
  • ဉာဏ်စမ်း ပဟေဠိတွေ ထုတ်ပေးတာ။
  • ခက်ခဲတဲ့ သဘောတရားတွေကို ရှင်းပြရလွယ်အောင် ကူညီပေးတာ။
  • ပညာရေး စာရွက်စာတမ်းတွေကို ဘာသာပြန်ပေးတာတွေ လုပ်ဆောင်ပေးပါတယ်။

မြန်မာနိုင်ငံအတွက် လက်တွေ့နမူနာ

ကျေးလက်ဒေသတစ်ခုက စေတနာ့ဝန်ထမ်းဆရာမတစ်ယောက်ဟာ အင်တာနက် ဘေးကင်းလုံခြုံရေး အကြောင်း သင်ကြားပေးချင်နေပါတယ်။ Gemini ကို အသုံးပြုပြီး အောက်ပါတို့ကို ဖန်တီးလိုက်ပါတယ် –

  • ကလေး အသက်အရွယ်နဲ့ ကိုက်ညီတဲ့ သင်ခန်းစာ စီမံကိန်းများ။
  • ပျော်စရာ စာသင်ခန်းတွင်း ကစားနည်းများ။
  • ဇာတ်ကောင်စရိုက် သရုပ်ဆောင် လေ့ကျင့်ခန်းများ။
  • ပြန်လည် စဉ်းစားသုံးသပ်ရမယ့် မေးခွန်းများ။
  • မိဘများအတွက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြစ်ပါတယ်။

ဒီလို လုပ်ဆောင်လိုက်တာကြောင့် သင်ခန်းစာ ပြင်ဆင်ချိန် အများကြီး လျှော့ချနိုင်ခဲ့ပါတယ်။

ရပ်ရွာဖြေရှင်းနည်း (၄) – ကျန်းမာရေး အသိပညာပေးခြင်း

ရောဂါ ကူးစက်ပြန့်ပွားချိန်မှာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ သတင်းအမှားတွေဟာ အလွန် လျှင်မြန်စွာ ပြန့်နှံ့လေ့ရှိပါတယ်။

AI နည်းပညာက ကျန်းမာရေး စေတနာ့ဝန်ထမ်းတွေကို အောက်ပါအတိုင်း ကူညီပေးနိုင်ပါတယ် –

  • တရားဝင် ကျန်းမာရေး လမ်းညွှန်ချက်တွေကို အနှစ်ချုပ်ပေးတာ။
  • ဆေးဝါး/ကျန်းမာရေး သတင်းအချက်အလက်တွေကို ဘာသာပြန်ပေးတာ။
  • အသိပညာပေး လှုပ်ရှားမှုတွေ ပြင်ဆင်ပေးတာ။
  • မေးခွန်းနဲ့ အဖြေ စာရွက်စာတမ်းတွေ ဖန်တီးပေးတာ။
  • လူမှုကွန်ရက်ပေါ်မှာ တင်မယ့် စာတွေကို ရေးဆွဲပေးတာတွေ လုပ်ဆောင်ပေးပါတယ်။

မြန်မာနိုင်ငံအတွက် လက်တွေ့နမူနာ

ရပ်ရွာ ကျန်းမာရေး စေတနာ့ဝန်ထမ်း တစ်ယောက်ဟာ သွေးလွန်တုပ်ကွေး ရောဂါ အသိပညာပေး စာရွက်စာတမ်းတွေ ပြင်ဆင်နေပါတယ်။ Gemini ရဲ့ အကူအညီနဲ့ အောက်ပါတို့ကို ထုတ်ယူလိုက်ပါတယ် –

  • တစ်မျက်နှာပါ ရပ်ရွာသုံး လက်ကမ်းစာစောင်။
  • Facebook အသိပညာပေး လှုပ်ရှားမှု စာမူများ။
  • ရွာအစည်းအဝေးသုံး ရှင်းလင်းတင်ပြချက် (Presentation)။
  • မကြာခဏ မေးလေ့ရှိသော မေးခွန်းနှင့် အဖြေများ (FAQs) ဖြစ်ပါတယ်။

အဆိုပါ ဝန်ထမ်းဟာ ရပ်ရွာထံ မမျှဝေမီ ဒေသခံ ကျန်းမာရေး ဝန်ထမ်းများနှင့် စာရွက်စာတမ်းတွေကို ပြန်လည် စစ်ဆေးအတည်ပြုပါတယ်။

ရပ်ရွာဖြေရှင်းနည်း (၅) – လူငယ် အလုပ်အကိုင်ရရှိရေး

လူငယ်အများစုဟာ အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းတွေကို ရှာဖွေရယူဖို့ အခက်အခဲ ရှိကြပါတယ်။

AI နည်းပညာက အောက်ပါအတိုင်း ကူညီပေးနိုင်ပါတယ် –

  • အသက်မွေးဝမ်းကျောင်း လမ်းကြောင်းတွေကို လေ့လာစုံစမ်းပေးတာ။
  • ကိုယ်ရေးရာဇဝင် (CV) ရေးသားပေးတာ။
  • အင်တာဗျူး ပြင်ဆင်ပေးတာ။
  • ကျွမ်းကျင်မှု အကဲဖြတ်ပေးတာ။
  • သင်ယူမှုဆိုင်ရာ အကြံပြုချက်တွေ ပေးတာတွေ လုပ်ဆောင်ပေးပါတယ်။

မြန်မာနိုင်ငံအတွက် လက်တွေ့နမူနာ

လူငယ်စင်တာ တစ်ခုက အလုပ်အကိုင် လမ်းညွှန်မှု ဆွေးနွေးပွဲ တစ်ခု ကျင်းပပါတယ်။ တက်ရောက်သူတွေဟာ Gemini ကို သုံးပြီး –

  • အသက်မွေးဝမ်းကျောင်း လမ်းကြောင်းတွေကို လေ့လာကြပါတယ်။
  • အင်တာဗျူး မေးခွန်းတွေကို လေ့ကျင့်ကြပါတယ်။
  • CV စာလွှာတွေကို ပိုမိုကောင်းမွန်အောင် ပြင်ဆင်ကြပါတယ်။
  • တိကျရေရာပြီး အကောင်အထည်ဖော်နိုင်မယ့် (SMART) အနာဂတ်ရည်မှန်းချက်တွေကို ရေးဆွဲကြပါတယ်။

ဒီလိုနဲ့ လူငယ်တွေဟာ သူတို့ရဲ့ အနာဂတ်ကို စီမံဖို့ ပိုပြီး ယုံကြည်မှု ရှိလာကြပါတယ်။

ရပ်ရွာဖြေရှင်းနည်း (၆) – ဒေသတွင်း အုပ်ချုပ်ရေး ဝန်ဆောင်မှုများ

ဒေသအာဏာပိုင် အဖွဲ့အစည်းတွေဟာ တူညီတဲ့ မေးခွန်းတွေကို ခါတိုင်း လာရောက် မေးမြန်းတာ ခံရလေ့ရှိပါတယ်။ ဥပမာ –

  • မွေးဖွားမှု မှတ်ပုံတင်ခြင်း
  • အမှိုက်သိမ်းဆည်းခြင်း
  • ရပ်ရွာ ပွဲလမ်းသဘောများ
  • ရေပေးဝေရေး
  • ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုများ

မြန်မာနိုင်ငံအတွက် လက်တွေ့နမူနာ

မြို့နယ် ရုံးတစ်ရုံးမှာ အမှိုက်သိမ်းချိန် အချိန်ဇယားနဲ့ ပတ်သက်ပြီး မေးမြန်းမှုတွေ အများကြီး ရရှိပါတယ်။ Gemini က ဝန်ထမ်းတွေကို အောက်ပါအတိုင်း ပြင်ဆင်ရာမှာ ကူညီပေးပါတယ် –

  • ပုံမှန် ပြန်လည်ဖြေကြားမယ့် အဖြေများ။
  • မကြာခဏ မေးလေ့ရှိသော မေးခွန်းနှင့် အဖြေများ။
  • နံရံကပ် ပိုစတာများ။
  • ရပ်ရွာအသိပေးချက်များ ဖြစ်ပါတယ်။

ဝန်ထမ်းတွေအနေနဲ့ အချိန်ကုန် သက်သာသွားသလို လူထု ဆက်ဆံရေးလည်း ပိုမိုကောင်းမွန်လာပါတယ်။

လက်တွေ့လေ့ကျင့်ခန်း

သင့်ရပ်ရွာမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတစ်ခုကို စဉ်းစားဖော်ထုတ်ပါ။ ပြီးရင် အောက်ပါဇယားကို ဖြည့်စွက် ပါ။

ရပ်ရွာ လိုအပ်ချက်လက်ရှိ အခက်အခဲ ကူညီပေးနိုင်မယ့် AI ကိရိယာ မျှော်မှန်းထားသည့် အကျိုးကျေးဇူး 
ဥပမာ – ရေကြီးရေလျှံ သတိပေးချက်သတင်းစကားများ နောက်ကျမှ ရောက်ရှိလာခြင်းGeminiပိုမိုမြန်ဆန်သော ဆက်သွယ်ရေး စနစ်

သင့်စိတ်ကူးတွေကို အဖွဲ့ဝင်တွေနဲ့ အတူတူ ဆွေးနွေးတိုင်ပင်ကြည့်ပါ။

ခေါင်းစဉ် (၂) – Gemini Gems ဖြင့် ဒေသတွင်း ပိုမိုကောင်းမွန်သော အကျိုးသက်ရောက်မှုများ ဖန်တီးခြင်း

Gemini Gems ဆိုတာ ဘာလဲ

Gemini Gems ဆိုတာ Google ရဲ့ Gemini စနစ်ထဲမှာ မိမိစိတ်ကြိုက် စီစဉ်ဖန်တီးလို့ရတဲ့ AI Assistants တွေ ဖြစ်ပါတယ်။ အမိန့်ပေးစာ (Prompt) တစ်ခုတည်းကို ထပ်ခါထပ်ခါ ရေးနေရမယ့်အစား၊ ကိုယ်ပိုင် ညွှန်ကြားချက်၊ ဗဟုသုတ၊ ပြောဆိုမယ့် စတိုင်နဲ့ ရည်ရွယ်ချက်ပါဝင်တဲ့ အထူးပြု AI ကူညီသူတစ်ဦးကို ဖန်တီးထားနိုင်တာ ဖြစ်ပါတယ်။

Gems ကို ရပ်ရွာအလုပ်တစ်ခုခုအတွက် သီးသန့်ဖန်တီးထားတဲ့ ကိုယ်ပိုင် AI ကူညီသူအဖြစ် မှတ်ယူနိုင်ပါတယ်။ ရပ်ရွာခေါင်းဆောင်တွေအတွက် Gems ဟာ မကြာခဏ လုပ်ရတဲ့အလုပ်တွေကို အလိုအလျောက် ဆောင် ရွက်ပေးနိုင်ပြီး ပြန်လည်ထွက်ရှိလာတဲ့ အဖြေတွေဟာ ဒေသတွင်း လိုအပ်ချက်တွေနဲ့ ထိရောက်စွာ ကိုက်ညီမှု ရှိစေပါတယ်။

Gemini Gems ကို ဘာကြောင့် သုံးသင့်တာလဲ

Gemini ထံမှာ အောက်ပါအတိုင်း ထပ်ခါတလဲလဲ မေးမြန်းနေရမယ့်အစား –

  • “ရပ်ရွာ အသိပေးချက်တစ်ခု ရေးပေးပါ။”
  • “ဒီသတင်းစကားကို ဘာသာပြန်ပေးပါ။”
  • “အလုပ်ရုံဆွေးနွေးပွဲ အစီအစဉ် ရေးဆွဲပေးပါ။”

Gem တစ်ခုကို အောက်ပါ အကျိုးကျေးဇူးတွေ ရရှိနိုင်အောင် ကြိုတင်သတ်မှတ်ထားတဲ့ ညွှန်ကြားချက်တွေအတိုင်း ဆောင်ရွက်ဖို့ စိတ်ကြိုက် ပြင်ဆင်ထားနိုင်ပါတယ် –

  • အချိန်ကုန် သက်သာစေတယ်။
  • စေတနာ သဘောထား တည်ငြိမ်မှု ပိုရှိစေတယ်။
  • ထပ်ခါတလဲလဲ လုပ်ရတဲ့ အလုပ်တွေကို လျှော့ချပေးတယ်။
  • အဖွဲ့လိုက် လုပ်ဆောင်မှုကို အထောက်အကူပြုတယ်။
  • လုပ်ငန်း ထိရောက်မှုကို တိုးတက်စေပါတယ်။

ရပ်ရွာခေါင်းဆောင်များအတွက် လက်တွေ့သုံး Gemini Gems များ

၁။ ရပ်ရွာ အသိပေးချက် ကူညီသူ (Community Announcement Assistant)

  • ရည်ရွယ်ချက် – ရှင်းလင်းပြတ်သားသည့် ပြည်သူ့အသိပေးချက်များ ထုတ်ပြန်ရန်။
  • လုပ်ဆောင်ချက်များ – အရေးပေါ် သတင်းများ၊ အစည်းအဝေး အသိပေးချက်များ၊ ပွဲလမ်းသဘော ဖိတ်ကြားချက်များ၊ စေတနာ့ဝန်ထမ်း ခေါ်ယူခြင်းများ။
  • ဥပမာ prompt – “စနေနေ့ ရပ်ရွာ သန့်ရှင်းရေး လှုပ်ရှားမှုမှာ ဒေသခံတွေ ပါဝင်ဖို့ ဖိတ်ခေါ်တဲ့ ရင်းနှီးပွင့်လင်းတဲ့ Facebook အသိပေးချက်တစ်စောင် ရေးပေးပါ။”

၂။ ဘေးအန္တရာယ်ဆိုင်ရာ ဆက်သွယ်ရေး ကူညီသူ (Disaster Communication Assistant)

  • ရည်ရွယ်ချက် – အရေးပေါ် ဆက်သွယ်ရေး လုပ်ငန်းများကို ကူညီရန်။
  • လုပ်ဆောင်ချက်များ – ဘေးလွတ်ရာ ရွှေ့ပြောင်းရေး အသိပေးချက်များ၊ ဘေးကင်းရေး သတိပေး ချက်များ၊ အရေးပေါ် စစ်ဆေးရန် စာရင်းများ၊ သတင်းအမှား တုံ့ပြန်ရေး သတင်းစကားများ။
  • လက်တွေ့နမူနာ – မိုးသည်းထန်စွာ ရွာသွန်းစဉ် Gems က အောက်ပါတို့ကို ပြင်ဆင်ပေးပါတယ် –
    • ရေကြီးမှု သတိပေးချက်များ
    • အရေးပေါ် ဆက်သွယ်ရန် စာရင်းများ
    • ခိုလှုံရေး စခန်း သတင်းအချက်အလက်များ
    • လူမှုကွန်ရက် နောက်ဆုံးရသတင်းများ

၃။ ရပ်ရွာ သင်တန်းများဆိုင်ရာ ကူညီသူ (Community Training Assistant)

  • ရည်ရွယ်ချက် – ရပ်ရွာ ပညာရေး လုပ်ငန်းများကို ထောက်ကူရန်။
  • လုပ်ဆောင်ချက်များ – အလုပ်ရုံဆွေးနွေးပွဲ အစီအစဉ်များ၊ သင်ယူမှု လှုပ်ရှားမှုများ၊ ပြန်လည် စဉ်းစားသုံးသပ်ရမယ့် မေးခွန်းများ၊ ဂုဏ်ပြုမှတ်တမ်းလွှာများ၊ မိတ်ဆက် ပျော်ရွှင်ဖွယ် ကစားနည်းများ။
  • ဥပမာ – လူငယ်အဖွဲ့အစည်း တစ်ခုက လစဉ် ဒစ်ဂျစ်တယ် နည်းပညာ အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲများ ပြင်ဆင်ရန် Gem ကို အသုံးပြုပါတယ်။

၄။ အကူအညီတောင်းခံလွှာ စာရေးသားပေးသူ (Grant Proposal Assistant)

  • ရည်ရွယ်ချက် – NGO များနှင့် ရပ်ရွာအဖွဲ့အစည်းများကို အထောက်အကူပြုရန်။
  • လုပ်ဆောင်ချက်များ – စီမံကိန်း အနှစ်ချုပ်များ၊ ရည်မှန်းချက်များ၊ ဘတ်ဂျက်များ၊ လှုပ်ရှားမှု အစီအစဉ်များ၊ စောင့်ကြည့် အကဲဖြတ်မည့် ညွှန်းကိန်းများ။
  • ရပ်ရွာ အဖွဲ့အစည်းတွေအနေနဲ့ ရန်ပုံငွေ အကူအညီတောင်းခံလွှာ ပြင်ဆင်ရမယ့် အချိန်ကို များစွာ သက်သာစေပါတယ်။

၅။ စေတနာ့ဝန်ထမ်း စီမံခန့်ခွဲသူ (Volunteer Coordinator)

  • ရည်ရွယ်ချက် – ရပ်ရွာ စေတနာ့ဝန်ထမ်းများကို စီမံခန့်ခွဲရန်။
  • လုပ်ဆောင်ချက်များ – စေတနာ့ဝန်ထမ်း အချိန်ဇယားများ၊ ကျေးဇူးတင်လွှာ သတင်းစကားများ၊ တာဝန်စကား စာရင်းများ၊ မိတ်ဆက် လမ်းညွှန်ချက် စာရွက်စာတမ်းများ။

၆။ ဒေသတွင်း ခရီးသွားလုပ်ငန်း မြှင့်တင်ရေး ကူညီသူ (Local Tourism Promotion Assistant)

  • ရည်ရွယ်ချက် – ရပ်ရွာ ခရီးသွားလုပ်ငန်းကို မြှင့်တင်ရန်။
  • လုပ်ဆောင်ချက်များ – ခရီးသွား လမ်းညွှန်များ၊ လူမှုကွန်ရက် စာမူများ၊ ရိုးရာအမွေအနှစ် ပုံပြင်များ၊ ဧည့်သည်များ မကြာခဏ မေးလေ့ရှိသည့် မေးခွန်းများနှင့် အဖြေများ။
  • လက်တွေ့နမူနာ – ယဉ်ကျေးမှု ကျေးရွာတစ်ခုက အောက်ပါတို့ကို မိတ်ဆက်ပေးနိုင်မယ့် Gem တစ်ခုကို ဖန်တီးထားပါတယ် –
    • ရိုးရာ ပွဲတော်များ
    • ဒေသထုတ် လက်မှုပစ္စည်းများ
    • ဒေသခံ အိမ်တည်းခိုခန်းများ
    • ဒေသတွင်း စားသောက်ဆိုင်များ
    • ရပ်ရွာ လည်ပတ်စရာ နေရာများ

Reference