Ye Phone Myint

Creative Digital Skills with Canva

ဒီဗီဒီယိုထဲမှာဆိုရင်တော့ Canva အကောင့်ဖွင့်နည်းကို လေ့လာရမှာဖြစ်ပါတယ်။ Canva အကောင့် အဆင်ပြေစွာသုံးနိုင်ဖို့အတွက် Gmail တစ်ခုလိုအပ်ပါတယ်။ အကောင့်မရှိသေးပါက ဒီ Video ထဲကအတိုင်း အကောင့်ဖွင့်ဖို့တိုက်တွန်းလိုက်ပါတယ်။ ဒီဗီဒီယိုထဲမှာဆိုရင်တော့ Canva မှာ Design တစ်ခုကို ပြင်ဆင်တဲ့အခါမှာ Design tab ကို အသုံးပြုနည်းအကြောင်းကို လေ့လာရမှာဖြစ်ပါတယ်။ Design tab မှာ Template များကို စာသားဖြင့်ရှာဖွေခြင်း၊ အရောင်ဖြင့်ရှာဖွေခြင်း၊ မတူညီသော Template များကို တူညီသော Font များ၊ အရောင်များအဖြစ့် အမြန်ဆုံး ပြောင်းလဲနည်းတို့ကို လေ့လာရမှာဖြစ်ပါတယ်။ ဒီဗီဒီယိုထဲမှာဆိုရင်တော့ Canva ကို အသုံးပြုပြီး Prsentation, Proposal, Report စသည်တို့ပြင်ဆင်တဲ့အခါမှာ ‌‌‌‌‌‌‌ဒေတာအချက်လက်များကို Graphs များဖြင့်ဖော် ပြရာတွင် ‌ဒေတာထည့်သွင်းနည်း၊ […]

Creative Digital Skills with Canva Read More »

Community Leaders as AI Ethics Advocates

Generative AI နည်းပညာတွေဟာ ယနေ့ လူမှုအသိုင်းအဝိုင်းတွေရဲ့ နေ့စဉ်ဘဝထဲကို လျင်မြန်စွာ ဝင်ရောက်လာနေပါတယ်။ လူတွေဟာ AI ကို စာရေးဖို့၊ ဘာသာပြန်ဖို့၊ ပုံဖန်တီးဖို့၊ အချက်အလက်ရှာဖွေဖို့၊ ပညာသင်ယူဖို့၊ စီးပွားရေးလုပ်ငန်းတွေမှာ အသုံးချဖို့နဲ့ လူမှုကွန်ရက်အတွက် Content တွေဖန်တီးဖို့ အသုံးပြုလာကြပါတယ်။ Community Organization တွေမှာလည်း Project Proposal ရေးခြင်း၊ Report အကျဉ်းချုပ်ခြင်း၊ Social Media Content ဖန်တီးခြင်း၊ Training Materials ပြင်ဆင်ခြင်း စတဲ့လုပ်ငန်းတွေမှာ Generative AI ကို အသုံးပြုလာနိုင်ပါတယ်။ AI က အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်ပေမယ့် တစ်ချိန်တည်းမှာ မှားယွင်းတဲ့အချက်အလက်တွေ ထုတ်ပေးနိုင်ခြင်း၊ လူတစ်စုအပေါ် ဘက်လိုက်မှုရှိနိုင်ခြင်း၊ ကိုယ်ရေးအချက်အလက်တွေ ပေါက်ကြားနိုင်ခြင်း၊ မူပိုင်ခွင့်ပြဿနာတွေ ဖြစ်လာနိုင်ခြင်း၊

Community Leaders as AI Ethics Advocates Read More »

AI and Environmental/Planetary Well-being

ယနေ့ခေတ်မှာ Artificial Intelligence (AI) နဲ့ Generative AI နည်းပညာတွေဟာ လူတွေရဲ့ နေ့စဉ်ဘဝ၊ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုဖွံ့ဖြိုးရေးနဲ့ Community လုပ်ငန်းတွေမှာ အရေးပါတဲ့ နည်းပညာတစ်ခု ဖြစ်လာပါတယ်။ Chatbot တွေကို မေးခွန်းမေးတာ၊ AI နဲ့ စာရေးတာ၊ ပုံဖန်တီးတာ၊ ဘာသာပြန်တာ၊ Data တွေကို ခွဲခြမ်းစိတ်ဖြာတာ စတဲ့လုပ်ငန်းတွေကို အချိန်တိုအတွင်း လုပ်ဆောင်နိုင်လာပါတယ်။ ဒါပေမယ့် AI ကို အသုံးပြုတဲ့အခါ ကျွန်တော်တို့မြင်ရတာက ဖုန်း ဒါမှမဟုတ် ကွန်ပျူတာ Screen ပေါ်က ရလဒ်တစ်ခုပဲ ဖြစ်ပါတယ်။ အဲဒီရလဒ်ရဲ့ နောက်ကွယ်မှာတော့ ကြီးမားတဲ့ Data Center တွေ၊ Server ထောင်ပေါင်းများစွာ၊ လျှပ်စစ်စွမ်းအင်၊ ရေ၊

AI and Environmental/Planetary Well-being Read More »

AI, Economic Opportunities & Job Changes

AI သည် စီးပွားရေးနှင့် အလုပ်အကိုင်လောကကို မည်သို့ ပြောင်းလဲနေသနည်း ကမ္ဘာတစ်ဝန်းတွင် Artificial Intelligence (AI) နည်းပညာသည် လျင်မြန်စွာ တိုးတက်လာပြီး လူနေမှုဘဝ၊ စီးပွားရေးလုပ်ငန်းများနှင့် အလုပ်အကိုင်ပုံစံများကို ပြောင်းလဲလျက်ရှိပါတယ်။ ယခင်က AI ကို နည်းပညာကျွမ်းကျင်သူများနှင့် ကုမ္ပဏီကြီးများသာ အသုံးပြုနိုင်သည်ဟု ထင်မြင်ခဲ့ကြသော်လည်း ယနေ့တွင် ကျောင်းသားများ၊ ဆရာများ၊ ဝန်ထမ်းများ၊ လုပ်ငန်းရှင်များနှင့် Community Leader များအထိ AI ကို နေ့စဉ်လုပ်ငန်းများတွင် အသုံးပြုလာကြပါတယ်။ အထူးသဖြင့် Generative AI ပေါ်ပေါက်လာပြီးနောက် စာသားရေးသားခြင်း၊ ဘာသာပြန်ခြင်း၊ အစီရင်ခံစာပြင်ဆင်ခြင်း၊ ပုံဖန်တီးခြင်း၊ သင်ကြားရေးပစ္စည်းများ ပြုစုခြင်းနှင့် အကြံဉာဏ်ပေးခြင်းကဲ့သို့သော လုပ်ငန်းများကို ပိုမိုလျင်မြန်စွာ ဆောင်ရွက်နိုင်လာပါတယ်။ ထို့ကြောင့် AI သည် လူသား၏ အလုပ်ကို

AI, Economic Opportunities & Job Changes Read More »

Explore How AI Tools Can Support Local Community Needs

၁။ ရပ်ရွာလူထုအတွက် AI နည်းပညာသုံး လက်တွေ့ဖြေရှင်းနည်းများ ၁.၁ ရပ်ရွာလူထုအတွက် AI ဘာကြောင့် လိုအပ်တာလဲ ရပ်ရွာတစ်ခုချင်းစီမှာ မတူညီတဲ့အခက်အခဲတွေကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။ အချို့က သဘာဝဘေးအန္တ ရာယ်ပြင်ဆင်ရေးအတွက် ကြိုးပမ်းနေရသလို အချို့ကလည်း ပညာရေးအထောက်အကူပြုပစ္စည်းတွေ၊ ကျန်း မာရေးသတင်းအချက်အလက်တွေ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ဒါမှမဟုတ် စိုက်ပျိုးရေးဆိုင်ရာ အကူအညီ တွေကို ပိုမိုလိုအပ်နေပါတယ်။ ရပ်ရွာခေါင်းဆောင်တွေမှာတော့ ဒီလိုအပ်ချက်တွေကို ဖြေရှင်းဖို့ အချိန်၊ ဝန်ထမ်း နဲ့ ဘဏ္ဍာရေး အရင်းအမြစ် ကန့်သတ်ချက်တွေ ရှိနေတတ်ပါတယ်။ AI နည်းပညာက အောက်ပါအတိုင်း ကူညီပေးနိုင်ပါတယ် – အရေးကြီးတာကတော့ AI ဆိုတာ ဒေသခံတွေရဲ့ ပညာ၊ ဗဟုသုတနဲ့ ရပ်ရွာပူးပေါင်းပါဝင်မှုကို ပိုကောင်းအောင် ဖြည့်ဆည်းပေးရမှာဖြစ်ပြီး အစားထိုးပစ်တာမျိုး မဟုတ်ပါဘူး။ ရပ်ရွာဖြေရှင်းနည်း (၁)

Explore How AI Tools Can Support Local Community Needs Read More »

Using Generative AI to Design Lesson Plans and Materials

၁. LESSON PLANNING: Objectives, Standards, and Structure ၁.၁ ရှင်းလင်းသော သင်ယူမှုဦးတည်ချက်များ ရေးသားခြင်း သင်ခန်းစာအစီအစဥ် (Lesson Plan) တစ်ခုကို  စရေးတဲ့အခါ ၊ကိုယ် ဘာကို သင်ကြားပေးချင်သလဲ ဆိုတာကို တိတိကျကျ သိဖို့က အရေးကြီးဆုံးပါပဲ။ AI ကိုသုံးပြီး သင်ခန်းစာတစ်ခုရဲ့ သင်ယူမှု ဦးတည်ချက်တွေကို တိုင်းတာပေးနိုင်တဲ့ပုံစံမျိုး (ဥပမာ- Bloom’s Taxonomy ရဲ့ verb တွေနဲ့ ကိုက်ညီအောင် ရေးသားတာမျိုး) လုပ်နိုင်ပါတယ်။ Gemini သို့မဟုတ် ChatGPT ကဲ့သို့သော AI ကိရိယာတွေဟာ အင်္ဂလိပ်ဘာသာ ဖြင့် prompt ပေးတဲ့အခါ ပိုမိုတည်ငြိမ်ပြီး တိကျတဲ့ ရလဒ်တွေ ကို ထုတ်ပေးနိုင်ပါတယ်။ ဒါဆိုရင် Gemini

Using Generative AI to Design Lesson Plans and Materials Read More »

ဆရာများနှင့် ကျောင်းသားများအတွက် ဒစ်ဂျစ်တယ် ကျန်းမာသုခ (Digital Wellbeing)

ဒစ်ဂျစ်တယ် နည်းပညာဟာ ယနေ့ခေတ် နေထိုင်မှု၊ သင်ယူမှုနဲ့ သင်ကြားမှု ပုံစံတွေကို အခြေခံကစလို့ အကြီးအကျယ် ပြောင်းလဲစေခဲ့ပါတယ်။ ဖုန်း၊ ကွန်ပျူတာတွေထဲကနေ အချိန်မရွေး သတင်းအချက်အလက်တွေကို ရယူနိုင်တဲ့အပြင် တစ်ကမ္ဘာလုံးမှာရှိတဲ့ အွန်လိုင်းပလက်ဖောင်းတွေနဲ့ ချိတ်ဆက်ပြီး ပူးပေါင်းဆောင်ရွက်နိုင်တဲ့အထိ နည်းပညာဟာ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ယခင်က မရှိခဲ့ဖူးတဲ့ အခွင့်အလမ်းကောင်းတွေကို ပေးစွမ်းနေပါတယ်။ ဒါပေမဲ့ ဖုန်း ဒါမှမဟုတ် ကွန်ပျူတာတွေဟာ စာသင်ခန်းထဲမှာရော အိမ်မှာပါ ကိုယ်နဲ့မကွာ ထပ်ချပ်ဆောင်ထားရတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာတဲ့အခါမှာ လူသားတွေရဲ့ ကျန်းမာရေးနဲ့ ဘဝပျော်ရွှင်မှုကိုပါ ထိခိုက်စေနိုင်တဲ့ စိန်ခေါ်မှုအသစ်တွေကိုလည်း သယ်ဆောင်လာပါတယ်။ ဒစ်ဂျစ်တယ်ကျန်းမာသုခ (Digital Wellbeing) ဆိုတာ ဒီဒစ်ဂျစ်တယ် နည်းပညာတွေကို စနစ်တကျ၊ ရည်ရွယ်ချက်ရှိရှိနဲ့ မိမိကျန်းမာရေးကို မထိခိုက်အောင် အသုံးချတတ်အောင် လေ့ကျင့်တာ ဖြစ်ပါတယ်။

ဆရာများနှင့် ကျောင်းသားများအတွက် ဒစ်ဂျစ်တယ် ကျန်းမာသုခ (Digital Wellbeing) Read More »