အေးချမ်းစွာယှဉ်တွဲနေထိုင်ခြင်းကိုအတားအဆီးဖြစ်စေသော အကြမ်းဖက်မှုများ😈
အကြမ်းဖက်မှုများနှင့်ပတ်သက်ပြီး လေ့လာရာမှာ သုတေသနပညာရှင် ဂျွန်ဂါလ်တန်ရဲ့ ပြုစုချက် များအပေါ်မှာ အခြေခံထားတဲ့ အကြမ်းဖက်မှုပုံစံများကို လေ့လာသိရှိသင့်ပါတယ်။ ၎င်းရဲ့ ပြုစုချက်များကတော့ တိုက်ရိုက်အကြမ်းဖက်မှု၊ လူ့ဘောင် အသိုင်းအဝိုင်း ဖွဲ့စည်းမှုပုံစံရဲ့ အားနည်းချက်ကြောင့် ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်မှုနှင့် ယဉ်ကျေးမှုဆိုင်ရာ အကြမ်းဖက်မှုများအကြောင်းကို အောက်မှာ ဖော်ပြထားပါတယ်။ တိုက်ရိုက်အကြမ်းဖက်မှု(Direct Violence) တိုက်ရိုက်အကြမ်းဖက်မှုဆိုတာကတော့ တစ်စုံတစ်ဦး (သို့မဟုတ်) တစ်စုံတစ်ခုအပေါ်တွင် ရုပ်ပိုင်းဆိုင် ရာအကြမ်းဖက်ခြင်းကို ဆိုလိုပါတယ်။ ဥပမာအားဖြင့် လူများကိုရိုက်နှက် ပစ်ခတ်ခြင်း၊ ပိုင်ဆိုင်မှုများကို ဖျက်ဆီးခြင်းများ ဖြစ်ပါတယ်။ အဆိုပါ အကြမ်းဖက်မှုပုံစံက မြင်သာပြီး တွေ့မြင်ရလွယ်တဲ့ ပုံစံဖြစ်ပါတယ်။ တိုက်ရိုက်အကြမ်းဖက်မှုများ ဖြစ်ပွါးရင် လူတို့အနေနဲ့ ဘယ်သူက ဘယ်သူ့ကို ရန်ပြုနေတယ် ဆိုတာကို တွေ့မြင်နိုင်ပါတယ်။ ဒါကြောင့် တိုက်ရိုက်အကြမ်းဖက်မှုများကတော့ တခြားအကြမ်းဖက်မှုပုံစံ နှစ်မျိုးနဲ့ မတူဘဲ […]
အေးချမ်းစွာယှဉ်တွဲနေထိုင်ခြင်းကိုအတားအဆီးဖြစ်စေသော အကြမ်းဖက်မှုများ😈 Read More »









