ညှိနှိုင်းဆောင်ရွက်ခြင်းစွမ်းရည်🤝
ညှိနှိုင်းရေး မစတင်မှီ လုပ်ဆောင်ထားသင့်သော အရာများ ညှိနှိုင်းရေးမစတင်မှီလုပ်ဆောင်ရမည့် အရာများမှာ – ကိုယ်လက်ရှိ ပါဝင်ဆောင်ရွက်ရမည့် အနေအထားကို ပြန်လည်သုံးသပ်ဖို့လိုပါတယ်။ မိမိ တဦးတည်းအတွက်သော်လည်းကောင်း၊ မိမိ၏မိသားစု (ဒါမှမဟုတ်) မိမိရပ်ကွက်အတွက် ကိုယ်စားသွားပြီး ညှိနှိုင်းဆောင်ရွက်ရမယ်ဆိုရင်တော့ စေ့စပ်ညှိနှိုင်းရေး နည်းလမ်း ကိုသုံးရမယ်။ အငြင်းပွားနေသူများမှ နှစ်ဖက်သဘောတူ မိမိထံလာရောက်ပြီး ဖြေရှင်းပေးဖို့ တောင်းဆိုလာပါက၊ အငြင်းပွားနေသူတစ်ဖက်ဖက်က တောင်းဆိုလာပါက မိမိအနေဖြင့် လူနှစ်ဦးကြား၊ မိသားစု နှစ်စုကြား (ဒါမှမဟုတ်) ရပ်ကွက် နှစ်ခုကြားကို ညှိနှိုင်းပေးရမယ်ဆိုရင်တော့ ကြားဝင်ဖျန်ဖြေရေး နည်းလမ်းကို သုံးရမှာဖြစ်ပါတယ်။ အငြင်းပွားနေသူများမှ နှစ်ဖက်မှသဘောတူညီမှုယူပြီး သူတို့ရဲ့ ပြဿနာကို သင့်အနေနဲ့ ဆုံးဖြတ်ချက်ချ ပေးဖို့ တောင်းဆိုလာရင်တော့ ခုံသမာဓိ နည်းလမ်း ကို အသုံးပြုရမှာဖြစ်ပါတယ်။ စေ့စပ်ညှိနှိုင်းရေးဆိုင်ရာ ယူဆချက်များ ပဋိပက္ခဖြေရှင်းနည်းများထဲကမှ စေ့စပ်ညှိနှိုင်းမှုနည်းနဲ့ […]
ညှိနှိုင်းဆောင်ရွက်ခြင်းစွမ်းရည်🤝 Read More »









