၁. LESSON PLANNING: Objectives, Standards, and Structure
၁.၁ ရှင်းလင်းသော သင်ယူမှုဦးတည်ချက်များ ရေးသားခြင်း
သင်ခန်းစာအစီအစဥ် (Lesson Plan) တစ်ခုကို စရေးတဲ့အခါ ၊ကိုယ် ဘာကို သင်ကြားပေးချင်သလဲ ဆိုတာကို တိတိကျကျ သိဖို့က အရေးကြီးဆုံးပါပဲ။ AI ကိုသုံးပြီး သင်ခန်းစာတစ်ခုရဲ့ သင်ယူမှု ဦးတည်ချက်တွေကို တိုင်းတာပေးနိုင်တဲ့ပုံစံမျိုး (ဥပမာ- Bloom’s Taxonomy ရဲ့ verb တွေနဲ့ ကိုက်ညီအောင် ရေးသားတာမျိုး) လုပ်နိုင်ပါတယ်။ Gemini သို့မဟုတ် ChatGPT ကဲ့သို့သော AI ကိရိယာတွေဟာ အင်္ဂလိပ်ဘာသာ ဖြင့် prompt ပေးတဲ့အခါ ပိုမိုတည်ငြိမ်ပြီး တိကျတဲ့ ရလဒ်တွေ ကို ထုတ်ပေးနိုင်ပါတယ်။
ဒါဆိုရင် Gemini ကို အသုံးပြုပြီး သင်ခန်းစာတစ်ခုရဲ့ သင်ယူမှု ဦးတည်ချက်တွေကို ဘယ်လိုရေးမလဲ ကြည့်ရအောင်။
Lesson objectives ရေးသားခြင်းအတွက် အစားထိုးအသုံးပြုနိုင်သော နမူနာ Prompt Template
| Act as an expert curriculum developer specializing in [SUBJECT AREA] pedagogy. **Task:** Generate three clear, measurable learning objectives for a lesson on the topic “[LESSON TOPIC]”. **Context & Constraints:** 1. The target audience is [GRADE LEVEL] students, who have [PRIOR KNOWLEDGE/SPECIFIC CHALLENGE, e.g., a basic understanding of the topic, or struggle with analytical skills]. 2. The three objectives must cover the following cognitive levels of Bloom’s Taxonomy (Revised): Objective 1: [LOWER LEVEL, e.g., Remembering or Understanding] Objective 2: [MIDDLE LEVEL, e.g., Applying or Analyzing] Objective 3: [HIGHER LEVEL, e.g., Evaluating or Creating] 3. The objectives must use strong, actionable verbs (e.g., *demonstrate, calculate, defend*). **Structure:** Output the three objectives as a numbered list, starting with the phrase “Students will be able to…” |
ပုံ ၁.၁ Bloom’s Taxonomy Revised Model

၁.၂ သင်ယူသူ၏ စိတ်ဝင်စားမှုနှင့် လိုအပ်ချက်များကို ပေါင်းစပ်ခြင်း
သင်ခန်းစာ အကြောင်းအရာတွေကို လက်တွေ့ဘဝနဲ့ ချိတ်ဆက်ပြနိုင်မယ်ဆိုရင် ကျောင်းသားတွေက ပိုပြီးစိတ်ဝင်စားကြပါတယ်။
ဆရာ ဆရာမတွေအနေနဲ့ Gemini ကိုအသုံးပြုပြီး သင်ခန်းစာတွေကို လက်တွေ့နဲ့ပိုပြီးနီးစပ်မှုရှိအောင် အောက်မှာ ပေးထားတဲ့ အချက်တွေနဲ့အညီ ပြင်ဆင်နိုင်ပါတယ်။
- အသက်/အဆင့် (Age/grade level)
- နောက်ခံဗဟုသုတ (Background knowledge)
- ယဉ်ကျေးမှုနှင့် သက်ဆိုင်မှု (Cultural relevance)
- ကျောင်းသား စိတ်ဝင်စားမှုများ (အားကစား၊ ဂီတ၊ ဂိမ်း၊ ဒေသတွင်း ပုံပြင်များ)
သင်ခန်းစာကို စိတ်ဝင်စားမှု မြင့်မားစေဖို့ဆိုရင် ယေဘုယျဆန်တဲ့ မေးခွန်းတွေအစား၊ ကျောင်းသားရဲ့ ဒေသဆိုင်ရာ အကြောင်းအရာတွေနဲ့ စိတ်ဝင်စားမှုတွေကို ထည့်သွင်းပေးခြင်းဖြင့် Gemini ကို အသုံးပြု နိုင်ပါတယ်။
ဥပမာ – ၁ ရိုးရှင်းသော Prompt (ယေဘုယျဆန်သော ရလဒ်)
ဆရာ/မတစ်ဦးက ၇ တန်း သင်္ချာအတွက် ရာခိုင်နှုန်း (Percentages) တွက်ချက်မှုဆိုင်ရာ မေးခွန်းတွေ ပြင်ဆင်နေပါတယ်။
| ယေဘုယျ Prompt | ရလဒ် (AI Output) |
| “၇ တန်း သင်္ချာအတန်းအတွက် ရာခိုင်နှုန်းဆိုင်ရာ ပုစ္ဆာ ၅ ပုဒ်ကို ရေး ပေးပါ။” | အမေရိကန် ဒေါ်လာဖြင့် တွက်ချက်သော၊ Apple iPhone တွင် လျှော့စျေးရှာဖွေသော၊ သို့မဟုတ် ကားမောင်းသည့် အကွာအဝေးများအပေါ် အခြေခံသော မေးခွန်းများ ပေးလာနိုင်ပါတယ်။ |
| ပြဿနာ | ကျောင်းသားတွေအနေနဲ့ ၎င်းတို့ရဲ့ နေ့စဉ်ဘဝနဲ့ မသက် ဆိုင်တဲ့ အကြောင်းအရာတွေပါဝင်တာကြောင့် သင်ယူမှုမှာ စိတ်ဝင်စားမှု နည်းနိုင်ပါတယ်။ |
ဥပမာ – ၂ စိတ်ဝင်စားမှုနှင့် နောက်ခံအကြောင်းအရာကို ပေါင်းစပ်ထားသော Prompt
| စိတ်ကြိုက်ပြင်ဆင်ထားသော Prompt (P-A-R-T-S အခြေခံ) | ရလဒ် (AI Output) |
| “သင်က ၇ တန်း သင်္ချာဆရာအဖြစ် လုပ်ဆောင်ပါ။ ‘ရာခိုင်နှုန်း’ ကို တွက်ချက်တဲ့ ပုစ္ဆာ ၅ ပုဒ်ကို ဖန်တီး ပါ။ မေးခွန်းများအားလုံးကို မြန်မာ့ရိုးရာပွဲတော်များ (ဥပမာ- သင်္ကြန်ပွဲတော် သို့မဟုတ် ပန်းပွဲတော်)၊ ကျပ်ငွေနှင့် ဒေသခံဈေးများရှိ လျှော့စျေးများ (discounts) ကို အခြေခံ၍ ရေးသားပေးပါ။” | “ရွှေမန်းဈေးမှာ အင်္ကျီ တစ်ထည်ကို ကျပ် ၁၅,၀၀၀ နဲ့ ရောင်းတာကို သင် တွေ့တယ်။ဒီအင်္ကျီကို သင်္ကြန်ပွဲတော် အမှတ်တရအနေနဲ့ ၂၀% လျှော့စျေး ပေးထားမယ်ဆိုရင်,အင်္ကျီတန်ဘိုး ဘယ်လောက်ကျသင့်မလဲ “* |
| အကျိုးကျေးဇူး | ကျောင်းသားတွေအနေနဲ့ ၎င်းတို့ရဲ့ နေ့စဉ်ဘဝမှာ ရာခိုင်နှုန်းကို ဘယ်လို အသုံးပြုရမလဲဆိုတာကို ချက်ချင်း နားလည်နိုင်ပြီး၊ သင်ခန်းစာအပေါ် စိတ်ဝင်စားမှု ပိုမိုမြင့်တက်လာပါမယ်။ |
၂။ မတူညီသော သင်ခန်းစာများကို AI ဖြင့် ပြင်ဆင်ခြင်း
သင်ခန်းစာတစ်ခုမှာ သင်ယူရမယ့်အကြောင်းအရာတွေနဲ့ သင်ယူသူရဲ့အဆင့် ကိုက်ညီမှုရှိဖို့က အရေးကြီး တဲ့အပိုင်းတစ်ခုဖြစ်ပါတယ်။သင်ခန်းစာအကြောင်းအရာတွေရဲ့ မတူညီတဲ့ခက်ခဲမှုအဆင့် နဲ့ ရေးသားပုံ တွေ ကို AI အသုံးပြုပြီး ချိန်ညှိနိုင်ပါတယ်။
၂.၁ ဘယ်အရာတွေကို စိတ်ကြိုက်ပြင်ဆင်နိုင်လဲ
Gemini ကိုအသုံးပြုပြီး သင်ခန်းစာတွေကို ကျောင်းသားတစ်ဦးချင်းစီရဲ့ လိုအပ်ချက်၊ အားသာချက်နဲ့ သင်ယူမှုအဆင့်အလိုက် ကိုက်ညီမှုရှိအောင် ပြင်ဆင်နိုင်ပါတယ်။
- ဖတ်ရှုရန် စာပိုဒ်များ (အဆင့်အလိုက်ဖတ်ရှုရန်အကြောင်းအရာများ)
- လေ့ကျင့်ခန်းစာရွက်များ (Worksheets)
- ဝေါဟာရများ
- အရေးအသား လေ့ကျင့်ခန်းများ
- အကဲဖြတ်စစ်ဆေးခြင်းများ (Assessments)
- သင်ယူမှုအတွက် ဂိမ်းများ
- တစ်ဦးချင်းစီရဲ့ သင်ယူမှု ကွာဟချက်များအပေါ် အခြေခံထားသော လေ့ကျင့်ခန်းများ
၂.၂ အကြောင်းအရာခက်ခဲမှုအဆင့်ကို ပြင်ဆင်ခြင်း
ကျောင်းသားတစ်ဦးချင်းစီရဲ့ စာဖတ်စွမ်းရည် (reading ability) ကွဲပြားတဲ့အတွက်၊ အတန်းထဲမှာ တူညီတဲ့ ခေါင်းစဉ်ကိုပဲ ခက်ခဲမှုအဆင့် ၃ မျိုးနဲ့ ဖတ်လို့ရအောင် AI ကို အသုံးပြုပြီးပြင်ဆင်နိုင်ပါတယ်။ ဒါက ဆရာ/မ တွေအတွက်လည်း အချိန်ကုန် သက်သာစေပါတယ်။
Gemini ကို အသုံးပြုပြီး သင်ခန်းစာထဲက စာသားတွေကို အသက်အရွယ်အလိုက်၊ ဒါမှမဟုတ် စွမ်းရည် အလိုက် ပြောင်းလဲရေးသားခိုင်းနိုင်ပါတယ်။
နမူနာ Prompt
English
| (———– content/ text ……………)“Rewrite this reading text about ecosystems at Grade 3, Grade 5, and Grade 7 levels.” |
(မြန်မာလို)
| (———–အကြောင်းအရာ/ စာသား……………)“ဖော်ပြထားတဲ့ သဘာဝဂေဟစနစ်များ (ecosystems) အကြောင်း စာသားကို ၃ တန်း၊ ၅ တန်းနဲ့ ၇ တန်း အဆင့်များအတွက် ပြန်လည်ရေးသားပေးပါ။” |
(***မှတ်ချက််**: Gemini သို့မဟုတ် ChatGPT ကဲ့သို့သော AI ကိရိယာတွေဟာ အင်္ဂလိပ်ဘာသာ ဖြင့် prompt ပေးတဲ့အခါ ပိုမိုတည်ငြိမ်ပြီး တိကျတဲ့ ရလဒ်တွေ ကို ထုတ်ပေးနိုင်ပါတယ်။)
၃။ ACTIVITY GENERATION: ဂိမ်းများဖန်တီးခြင်း နှင့် အရင်းအမြစ်များ
၃.၁ AI ဖန်တီးနိုင်သော သင်ယူမှု ဂိမ်း အမျိုးအစားများ
AI ဟာ သမားရိုးကျ လေ့ကျင့်ခန်းတွေအပြင် ကျောင်းသားတွေအတွက် စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ဂိမ်းအမျိုးအစားတွေကိုပါ ဖန်တီးပေးနိုင်ပါတယ်။
ဂိမ်းအမျိုးအစားအလိုက် ဖန်တီးမှု Prompt ပုံစံများ
AI ဖန်တီးနိုင်သော သင်ယူမှု ဂိမ်းများ
| ဂိမ်း အမျိုးအစား | အသုံးပြုမှု အပိုင်း | Prompt ပုံစံ နမူနာ |
| Quiz-Based Review | Jeopardy Style ပြိုင်ပွဲများ၊ Multiple-Choice Quizzes များ | [SUBJECT] နှင့် [TOPIC] အတွက် အဆင့် ၃ ဆင့်ပါ မေးခွန်း [NUMBER] ခုကို ဇယားဖြင့် ဖန်တီးပေးပါ။ |
| Error Analysis | Fact or Fiction၊ အမှားပြင်ဆင်ခြင်း လေ့ကျင့်ခန်းများ | [SUBJECT] အတွက် အမှန် [NUMBER] ခု၊ အမှား [NUMBER] ခုနှင့် ရှင်းလင်းချက်များ ဖန်တီးပေးပါ။ |
| Vocabulary Practice | Bingo၊ Lotto၊ Crossword၊ Matching Card ဂိမ်းများ | [GRADE LEVEL] အတွက် ဝေါဟာရ [NUMBER] လုံးပါ Bingo ကဒ်နှင့် အဓိပ္ပာယ် ဇယား ဖန်တီးပေးပါ။ |
| Role-Playing / Simulation | ဇာတ်လမ်း အခြေပြု ကစားခြင်း၊ ဆုံးဖြတ်ချက်ချရသော Scenarios များ | [TOPIC] အတွက် အဖွဲ့ ၃ ဖွဲ့၏ လျှို့ဝှက် အခန်းကဏ္ဍနှင့် ပန်းတိုင်များကို ဒီဇိုင်းဆွဲပေးပါ။ |
| Physical / Board Game | Scavenger Hunts၊ စက္ကူထုတ် ဘုတ်ဂိမ်းများ | [GRADE LEVEL] အတွက် [INTEREST] အခြေခံ ဘုတ်ဂိမ်း စည်းကမ်းနှင့် မေးခွန်းများ ဖန်တီးပေးပါ။ |
၄။ AI အသုံးပြု၍ စာသင်ကြားမှုကို မြှင့်တင်ခြင်း
၄.၁ သင်ထောက်ကူပစ္စည်းများဖန်တီးခြင်း
သင်ခန်းစာသဘောတရားများကို ကျောင်းသားများ လျင်မြန်စွာ နားလည်သဘောပေါက်စေရန်အတွက် သင်ထောက်အကူပစ္စည်းများ ဖန်တီးရာမှာ AI ကို အသုံးပြုနိုင်ပါတယ်။
၄.၁.၁ Presentation Slides များအတွက် အကြောင်းအရာများ ထုတ်လုပ်ခြင်း
Presentation Slides တွေ ရေးဆွဲရာမှာ အချိန်ကုန်သက်သာအောင် သင်ခန်းစာ အကြောင်းအရာ Slides တစ်ခုစီအတွက် အဓိက အချက်တွေ နဲ့ ခေါင်းစဉ်တွေကို AI သုံးပြီး ပြင်ဆင်နိုင်ပါတယ်။
နမူနာ Prompt
| “Act as a high school History teacher. Generate a 10-slide outline for a presentation on ‘The Causes of World War I.’ Each slide must include a title and 3 key bullet points.” |
၄.၁.၂ နားထောင်မှု လေ့ကျင့်ခန်းများအတွက် Audio Script များ ဖန်တီးခြင်း
ဘာသာစကား သင်ကြားရေး (EFL) မှာ နားထောင်မှု စွမ်းရည် (listening comprehension) အသံဖိုင် အတွက် စာသားတွေကို AI သုံးပြီး ရေးသားနိုင်ပါတယ်။
တိကျတဲ့ စကားလုံး အရေအတွက်၊ လေသံနဲ့ နောက်ခံအကြောင်းအရာပါဝင်တဲ့ Dialogue သို့မဟုတ် Monologue များကို ရေးခိုင်းခြင်း။
နမူနာ Prompt
| “Create a 45-second script for a listening activity about ordering food at a local Myanmar tea shop. Use a friendly, casual tone and include the following vocabulary: ‘laphet thoke,’ ‘Kyat,’ and ‘bill.’ “ |
၄.၁.၃ သင်ခန်းစာအတွက် ဥပမာများ ပြင်ဆင်ခြင်း
သင်ခန်းစာပို့ချနေစဉ် ဥပမာပေးရမယ့် အချိန်ရောက်တဲ့အခါ၊ AI ကို ကျောင်းသားတွေရဲ့ စိတ်ဝင်စားမှု နဲ့ ကိုက်ညီတဲ့ ဥပမာတွေ ချက်ချင်း ဖန်တီးခိုင်းနိုင်ပါတယ်။သင်ခန်းစာမှာပါတဲ့ စည်းမျဉ်းတွေ ဒါမှမဟုတ် သဒ္ဒါ စတာတွေကို ရှင်းပြရန်အတွက် ကျောင်းသားတွေ နှစ်သက်တဲ့ အားကစား သို့မဟုတ် ရုပ်ရှင်ဇာတ်ကောင်များအသုံးပြုပြီး ဥပမာပေးနိုင်ပါတယ်။
နမူနာ Prompt
| “Give me three clear example sentences explaining the use of the semicolon, using examples related to the popular sport of Chinlone.” |
References :
