Digital Literacy

Using AI Tools for Training and Facilitation

Community Leader တွေရဲ့ လုပ်ငန်းမှာ လူတွေကို စုစည်းပေးခြင်း၊ Community Activities တွေ ဦးဆောင်ခြင်းအပြင် အသိပညာနဲ့ ကျွမ်းကျင်မှုတွေ မျှဝေပေးခြင်းကလည်း အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခု ဖြစ်ပါတယ်။ Community Awareness Session၊ Workshop၊ Volunteer Training၊ Youth Leadership Program၊ Digital Literacy Training နဲ့ Community Consultation စတဲ့ လုပ်ငန်းတွေကို ပုံမှန် ပြုလုပ်ရနိုင်ပါတယ်။ ဒီလို Training တစ်ခု ပြုလုပ်ဖို့ဆိုတာ လူတွေရှေ့မှာ စကားပြောရုံသက်သက် မဟုတ်ပါဘူး။ Training မစတင်ခင် Learning Objectives သတ်မှတ်ရပါတယ်။ Lesson Plan ရေးရပါတယ်။ Training Content ပြင်ဆင်ရပါတယ်။ Presentation Slides ဖန်တီးရပါတယ်။

Using AI Tools for Training and Facilitation Read More »

What is Privacy and Safety in AI Use?

၁.၃.၃ AI နည်းပညာသုံးစွဲရာမှာ ကိုယ်ရေးအချက်အလက်လုံခြုံမှုနဲ့ ဘေးအန္တရာယ် ကင်းရှင်းရေး  ၁။ ကိုယ်ရေးအချက်အလက် လုံခြုံမှု (Data Privacy) ဆိုတာ ဘာလဲ။ ကိုယ်ရေးအချက်အလက်လုံခြုံမှုဆိုတာ မိမိရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ဘယ်လိုစု ဆောင်းမလဲ၊ ဘယ်လိုသုံးမလဲ၊ ဘယ်လိုသိမ်းဆည်းမလဲနဲ့ ဘယ်သူတွေနဲ့ မျှဝေမလဲဆိုတာကို ကာယကံရှင်ကိုယ်တိုင် ထိန်းချုပ်ပိုင်ခွင့်ရှိခြင်းကို ဆိုလိုတာပါ။ ယနေ့ခေတ် ဒစ်ဂျစ်တယ်ကမ္ဘာမှာ ကိုယ်ရေးအချက်အလက်တွေဟာ အဖိုးတန်ဆုံး အရင်းအမြစ်တစ်ခု ဖြစ်လာပါတယ်။ အဖွဲ့အစည်းတွေဟာ ဝန်ဆောင်မှုတွေ ပိုကောင်းအောင်လုပ်ဖို့၊ အသုံးပြုသူတွေရဲ့သဘောသဘာဝကို နားလည်ဖို့နဲ့ နည်းပညာအသစ် တွေ တီထွင်ဖို့အတွက် အချက်အလက်တွေကို စုဆောင်းကြပါတယ်။ ဒါဟာ အသုံးပြုသူတွေအတွက် အကျိုး ကျေးဇူးရှိနိုင်သလို တစ်ဖက်မှာလည်း စနစ်တကျကာကွယ်မှုမရှိဘဲ စုဆောင်းတာ ဒါမှမဟုတ် အသုံးပြုသူတွေ သေချာနားမလည်တဲ့ နည်းလမ်းတွေနဲ့ အသုံးပြုမယ်ဆိုရင် အန္တရာယ်တွေ ရှိလာနိုင်ပါတယ်။ “ကိုယ်ရေးအချက်အလက်

What is Privacy and Safety in AI Use? Read More »

Basic Prompting Skills for Community Leaders

၁။ Prompting ဆိုတာ ဘာလဲ။ (What is Prompting?) ၁.၁။ Prompt ဆိုတာ ဘာလဲ? Prompt ဆိုတာ AI ကွန်ပျူတာစနစ်ကနေ အဖြေတစ်ခုခုရဖို့ ရိုက်ထည့်ပေးလိုက်တဲ့ “ညွှန်ကြားချက်၊ မေးခွန်း ဒါမှမဟုတ် စာသား” ကို ခေါ်တာဖြစ်ပါတယ်။ AI က လူသားတွေလို ကိုယ်ပိုင်အသိစိတ်နဲ့ တွေးတောပြီးဖြေဆိုတာမျိုး မဟုတ်ပါဘူး။ လူတွေ ပေးလိုက်တဲ့ ‘မေးခွန်းနဲ့ စာသား တွေ အပေါ်မှာပဲ အခြေခံပြီး အချက်အလက်တွေကို ရှာဖွေပုံဖော်ပေးတာ ဖြစ်ပါတယ်။ ကိုယ်က တိတိကျကျ ခိုင်းနိုင်မှသာ အသုံးတည့်တဲ့ အဖြေကောင်းတွေ ထွက်လာမှာ ဖြစ်ပါတယ်။ ၁.၂။ Prompting က ဘာကြောင့် အရေးကြီးတာလဲ (Why Prompting is Important)

Basic Prompting Skills for Community Leaders Read More »

AI အသုံးပြုမှုတွင် ခိုးယူကူးချခြင်း (Plagiarism) နဲ့ မူပိုင်ခွင့် (Copyright)

ယနေ့ခေတ်မှာ AI ဟာ သတင်းအချက်အလက်တွေကို ဖန်တီး၊ ရယူပြီး မျှဝေတဲ့နေရာမှာ မရှိမဖြစ် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပါပြီ။ ဆောင်းပါးတွေ ရေးသားတာ၊ တေးဂီတ ဖန်တီးတာကနေစလို့ အနုပညာလက်ရာတွေ ထုတ်လုပ်တာနဲ့ ကွန်ပျူတာ ကုဒ် (Code) တွေ ရေးသားတာအထိ ဖန်တီးမှုဆိုင်ရာနဲ့ ကျွမ်းကျင်မှုဆိုင်ရာ နယ်ပယ်အားလုံးနီးပါးမှာ AI နည်းပညာတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပြီ ဖြစ်ပါတယ်။ ဒီနည်းပညာတွေဟာ နေ့ည ၂၄ နာရီပတ်လုံး အလုပ်လုပ်နိုင်တာ၊ ထပ်တလဲလဲ လုပ်ရတဲ့ အလုပ်တွေကို လျှော့ချပေးနိုင်တာနဲ့ များပြားလှတဲ့ ဒေတာအချက်အလက်တွေကို အချိန်တိုအတွင်း ခွဲခြမ်းစိတ်ဖြာပေးနိုင်တာ စတဲ့ အားသာချက်တွေ ရှိနေပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း ဒီနည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ရှုပ်ထွေးတဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာနဲ့ ဥပဒေဆိုင်ရာ မေးခွန်းတွေလည်း ပေါ်ပေါက်လာပါတယ်။

AI အသုံးပြုမှုတွင် ခိုးယူကူးချခြင်း (Plagiarism) နဲ့ မူပိုင်ခွင့် (Copyright) Read More »

AI ကို ကျင့်ဝတ်နှင့်အညီ အသုံးပြုခြင်း

၁။ AI ခေတ်တွင် ကျင့်ဝတ်နှင့် တာဝန်ယူမှု AI ရဲ့ တိုးတက်လာမှုနဲ့အတူ ကမ္ဘာတစ်ဝှမ်းလုံးမှာ ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ များစွာ ဖြစ်ပေါ်လာပါတယ်။ ဥပမာအားဖြင့် ကျန်းမာရေးကဏ္ဍမှာ ရောဂါများစွာအတွက် ကုသနည်း အသစ်အဆန်းတွေကို ရှာဖွေထောက်လှမ်းရာမှာ AI ကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပါတယ်။ ဒါ့အပြင် အလုပ်တွေကို အလိုအလျောက်လုပ်ပေးတဲ့ Automation စနစ်ကြောင့် အချိန်တိုအတွင်း အလုပ်တွေကို မြန်မြန်ဆန်ဆန် ပြီးမြောက်အောင် စွမ်းဆောင်နိုင်လာကြပါတယ်။ AI ဟာ ကောင်းမွန်တဲ့ အပြောင်းအလဲတွေကို ဖော်ဆောင်လာနိုင်တာ အမှန်တရားတစ်ခုဖြစ်ပေမဲ့ AI ရဲ့ လုပ်နိုင်စွမ်းတွေ အပေါ်ကိုတော့ အမြဲပဲ မေးခွန်းထုတ်နေဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုရင် AI တွေဟာ သူတို့ကို လေ့ကျင့်သင်ကြားပေးထားတဲ့ အကန့်အသတ်ရှိတဲ့ ဒေတာတွေနဲ့ သူတို့ကို ဖန်တီးထားတဲ့

AI ကို ကျင့်ဝတ်နှင့်အညီ အသုံးပြုခြင်း Read More »

Using AI in Community Leadership

၁။ လူ့အဖွဲ့အစည်းခေါင်းဆောင်များအတွက် AI က ဘာကြောင့် အရေးပါသလဲ (Why AI Matters for Community Leaders) ၁.၁ လူ့အဖွဲ့အစည်းခေါင်းဆောင်များ ကြုံတွေ့ရသည့် စိန်ခေါ်မှုများ (Challenges faced by community leaders) ရပ်ရွာလူထု ဖွံ့ဖြိုးရေးနဲ့ လူမှုကူညီရေး လုပ်ငန်းတွေကို ဦးဆောင်နေကြတဲ့ ခေါင်းဆောင်တွေအနေနဲ့ ၎င်းတို့ရဲ့ နေ့စဉ်လုပ်ငန်းခွင်တွေမှာ အောက်ပါစိန်ခေါ်မှုတွေကို ရင်ဆိုင်ကြရလေ့ရှိပါတယ် – ✅အချိန်နှင့် လုပ်အား မလုံလောက်ခြင်း (Time and Resource Constraints):  လူ့အဖွဲ့အစည်းခေါင်းဆောင် အများစုက ကန့်သတ်ထားတဲ့ အချိန်နဲ့ လူအင်အားကိုသာ အသုံးပြုကြရပါတယ်။ အစီရင်ခံစာ ရေးသားခြင်း၊ ဖိတ်စာပြင်ဆင်ခြင်း၊ အစည်းအဝေးမှတ်တမ်း တင်ခြင်း စတဲ့ ရုံးလုပ်ငန်းဆန်တဲ့ အုပ်ချုပ်မှုကိစ္စရပ်တွေမှာ အချိန်အများကြီးပေးရတဲ့အတွက် ဒေသခံတွေနဲ့

Using AI in Community Leadership Read More »

Generative AI ဆိုင်ရာအကြောင်းအရာများ

၁။ Generative AI ဆိုတာ ဘာလဲ။ Artificial Intelligence (AI) က လူသားတွေရဲ့နေ့စဉ်ဘဝထဲမှာရောက်ရှိနေခဲ့ပါပြီ။ ဥပမာပြရရင် လမ်း ကြောင်းပြအက်ပ်တွေကနေ အမြန်ဆုံးလမ်းကို ရှာပေးတာ၊ ရုပ်ရှင်နဲ့ ပစ္စည်းတွေကို ကိုယ့်အကြိုက်လိုက်ပြီး အကြံပြုပေးတာ၊ ပြီးတော့ မလိုချင်တဲ့ အီးမေးလ် (Spam) တွေကို ဖယ်ထုတ်ပေးတာမျိုးတွေဖြစ်ကြပါတယ်။ ဒီစနစ်တွေဟာ အချက်အလက်တွေကို ပိုင်းခြားစိတ်ဖြာပြီး ခန့်မှန်းပေးဖို့အတွက် တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ မကြာသေးတဲ့ကာလတွေအတွင်းမှာတော့ ကမ္ဘာတစ်ဝန်းလုံးရဲ့အာရုံစိုက်မှုကို ခံလာရတဲ့ AI အမျိုးအ စားသစ်တစ်ခု ပေါ်လာပါတယ်၊ အဲဒါကတော့ Generative AI ပါပဲ။ Generative AI ဆိုတာ AI ရဲ့ အကိုင်းအခက်တစ်ခုဖြစ်ပြီး ၁၉၅၀ ပြည့်နှစ်များကတည်းက စတင်ပေါ်ပေါက်ခဲ့သော်လည်း ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှသာ လျင်မြန်စွာ

Generative AI ဆိုင်ရာအကြောင်းအရာများ Read More »