ကြိုတင်ပြင်ဆင်တတ်တဲ့ စိတ်နေစိတ်ထားကိုပြုစုပျိုးထောင်ခြင်း (Developing a Proactive Mindset)
ကြိုတင်လုပ်ဆောင်လိုစိတ်ရှိသူများဟာ အလုပ်တစ်ခုကိုအစပြုလုပ်ဆောင်လေ့ရှိတာကြောင့် အခြားသူတွေက သူတို့ကို အောင်မြင်မှုကိုရယူနိုင်ကြတဲ့ခေါင်းဆောင်တွေလို့ မြင်ကြပါတယ်။ အလုပ်ခွင်မှာဆိုရင်လဲ ကိုယ့်ရဲ့စိတ် ကျေနပ်မှု၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာအခွင့်အလမ်းတွေနဲ့ ကျွမ်းကျင်မှုတွေကို တိုးမြှင့်လာစေဖို့ဆိုရင် ကြိုတင်ဖန်တီးလုပ်ဆောင်လိုတတ်တဲ့စိတ်ဓာတ်ရှိဖို့က အရေးကြီးလှပါတယ်။ ဒီသင်ခန်းစာမှာ – 🔵 ကြိုတင်လုပ်ဆောင်တတ်ခြင်းရဲ့ အဓိပ္ပါယ် ကြိုတင်လုပ်ဆောင်တတ်ခြင်းဆိုတာကတော့ တစ်ခုခုဖြစ်လာဖို့စောင့်ဆိုင်းနေမယ့်အစား ကိုယ်တိုင်တက်တက် ကြွကြွနဲ့ ဖန်တီးရယူဖို့အစပြုလုပ်ဆောင်ခြင်းပဲဖြစ်ပါတယ်။ ဒီလိုတက်ကြွတဲ့သူတွေဟာ အကြောင်းအရာ၊ အနေ အထားတစ်ခုနဲ့ပတ်သက်ပြီး ဖြစ်လာနိုင်ခြေရှိတဲ့အကျိုးဆက်တွေ၊ လိုအပ်နိုင်ခြေတွေကို ကြိုတင်မှန်းဆလေ့ရှိ ကြပါတယ်။ သူတို့ဟာ ဘဝအောင်မြင်ရေးနဲ့သက်ဆိုင်တဲ့အခွင့်အလမ်းတွေကိုရရှိဖို့အတွက် ကြုံတွေ့လာနိုင်တဲ့ စိန်ခေါ်မှုတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာကို ကြိုတင်ပြင်ဆင်ထားတတ်ကြပါတယ်။ ကြိုတင်လုပ်ဆောင်တတ်ခြင်းစွမ်းရည်ကို အပိုင်းငါးခုနဲ့ခွဲခြားသတ်မှတ်လို့ရပါတယ်။ အဲဒါတွေကတော့ – ခန့်မှန်းတတ်ခြင်း (Predict) ကြိုတင်လုပ်ဆောင်တတ်ဖို့အတွက် လိုအပ်တဲ့ပထမဆုံးအဆင့်ကတော့ ဖြစ်လာနိုင်တဲ့အခက်အခဲတွေ ဒါမှမ ဟုတ် အခွင့်အလမ်းတွေကို ကြိုတင်ခန့်မှန်းနိုင်တဲ့စွမ်းရည်ပဲဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ဆိုရင် ပတ်ဝန်းကျင်မှာဖြစ် နေတဲ့ပြောင်းလဲမှုတွေကို သတိထားပြီးအမြဲအဆင်သင့်ဖြစ်နေဖို့လိုပါတယ်။ […]