Uncategorized

OIST Internship in Japan 2024: Fully Funded Research Opportunity

Type:  Fully funded internship Description:  ဂျပန်နိုင်ငံရှိကျောင်းသားတွေနဲ့ နိုင်ငံတကာကကျောင်းသားတွေအတွက် ဂျပန်နိုင်ငံမှာရှိ Okinawa Institute of Science and Technology (OIST)ရဲ့ ခေတ်မီဓာတ်ခွဲခန်းတွေမှာ သုတေသနပြုလုပ်နိုင်မယ့် အခွင့်အရေးပဲဖြစ်ပါတယ်။ ဒီInternshipမှာဆိုရင် ကျောင်းသားတွေအနေနဲ့ technical skills တွေ၊ သုတေသန လုပ်ငန်းဆောင်တာတွေကို သင်ယူနိုင်မှာဖြစ်ပါတယ်။  Duration:  2-6 months (Between April 1, 2024- September 30, 2024) Deadline:  October 15, 2023 Research Areas/Units: အသေးစိတ်ကို အောက်ပါ link တွင် ကြည့်ရှုနိုင်ပါတယ်။ https://admissions.oist.jp/oist-research-internship-program-description Eligibility:  Requirements: Benefits How to apply: လျှောက်ထားရမည့်ပုံစံအသေးစိတ်ကို […]

OIST Internship in Japan 2024: Fully Funded Research Opportunity Read More »

ပဋိပက္ခကို အပြုသဘောဆောင်ပြီးအဓိပ္ပာယ် ဖွင့်ဆိုနည်း✍️

လူတို့၏ စိတ်တွင် အဓီကအားဖြင့် အသိစိတ်နှင့် မသိစိတ်ဟူ၍ နှစ်မျိုးရှိပြီး အင်မတန် ရှုပ်ထွေး၍ တစ်ခုနှင်တစ်ခု အပြန်အလှန် ရှုပ်ထွေးနေသော အနေထားဖြင့် အလုပ်လုပ်ကြပါတယ်။ သိစိတ်နှင့် မသိစိတ်ကို ရိုးရှင်းစွာပြောရလျှင် သိစိတ်သည် လူတို့နိုးကြားချိန်တွင် အလုပ်လုပ်ပြီး မသိစိတ်သည် အများအားဖြင့် အိပ်စက်ချိန်တွေမှာ အလုပ်လုပ်ပါသည်။  ဥပမာအားဖြင့် မသိစိတ်သည် ပင်လယ် သမုဒ္ဒရာ၏ အောက်ဆုံးပိုင်းမှ ရေများနှင့် တူပြီး သိစိတ်သည် သမုဒ္ဒရာ မျက်နှာပြင်မှ လှိုင်းလုံးများနှင့် အလားသဏ္ဍာန်တူပါသည်။ ပင်လယ်သမုဒ္ဒရာ၏ အောက်ဆုံးရေလွှာများ လှုပ်ရှားမှုကြောင့် အပေါ်ယံမျက်နှာပြင်တွင် လှိုင်းများဖြစ်ပေါ်လာရသကဲ့သို့ မသိစိတ်၏ စေ့ဆော်မှုကြောင့် သိစိတ်မှ အပြုမူများ ဖြစ်ပေါ်လာတယ်။  ထို့အတူ လူတို့သည် မိမိတို့ ကြားသိမြဲ မှတ်ယူမြဲ အရာတွေပေါ်မှာ မူတည်ပြီး ပဋိပက္ခ (Conflict) လို့ပြောလိုက်တာနဲ့

ပဋိပက္ခကို အပြုသဘောဆောင်ပြီးအဓိပ္ပာယ် ဖွင့်ဆိုနည်း✍️ Read More »

တာဝန်သိဒစ်ဂျစ်တယ်နိုင်ငံသား🧑‍💼

တာဝန်သိ ဒစ်ဂျစ်တယ် နိုင်ငံသားတစ်ယောက် ဖြစ်ခြင်းဆိုတာ ဘာလဲ။ နိုင်ငံသားကောင်း တစ်ယောက် ဖြစ်ဖို့ အရေးကြီး သလိုပဲ ဒီဂျစ်တယ် နိုင်ငံသားကောင်းတစ်ဦး ဖြစ်ဖို့ဟာလဲ ထပ်တူ အရေးကြီးပါတယ်။ နည်းပညာ တိုးတက်တာလာ ခြင်းနှင့်အတူ အင်တာနက်ကို မှီခိုအားထားမှုတွေနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး စတဲ့ နေ့စဉ် လူမှုဘဝ အဖြာဖြာတို့ကို အွန်လိုင်းပေါ်မှာ လုပ်ဆောင် လာကြပါတယ်။ ထိုသို့ လုပ်ဆောင်မှုတွေ အပေါ်တွင် တစ်ဦးနှင့် တစ်ခု လေးစားမှုရှိပြီး မိမိရဲ့ လုပ်ဆောင်ချက် တစ်ခုစီတိုင်းကို စဉ်းစား တွေးခေါ်နိင်လာဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဒီဂျစ်တယ် နိုင်ငံသားကောင်း တစ်ဦးမှာ ရှိတဲ့ အရည်းအသွေးတွေကို အောက်ဖော်ပြပါ အချက်တွေနဲ့ မိမိ ကိုယ်ကိုကိုယ် သုံးသပ်ပြီး အတည်ပြုနိုင်ပါတယ်။

တာဝန်သိဒစ်ဂျစ်တယ်နိုင်ငံသား🧑‍💼 Read More »

ကိုယ်ပိုင် ဘက်လိုက်မှုတွေကို သိရှိခြင်း🖋️

ဘက်လိုက်မှု(Bias) ဘက်လိုက်မှုဆိုတာဘာလဲ။ ဘက်လိုက်မှုဆိုတာ ကျိုးကြောင်းဆီလျော်တဲ့ သုံးသပ်ဆင်ခြင်ခြင်း (သို့) တွေးတောခြင်းမရှိဘဲ တစ်စုံတစ်ခု (သို့) တစ်စုံတစ်ဦးဆီကို တိမ်းညွတ်သွားတဲ့အချိန်ကို ပြောတာဖြစ်ပါတယ်။ ဘက်လိုက်မှုက ကျွန်ုပ်တို့ရဲ့ ယခင်အတွေ့အကြုံတွေ၊ နေ့စဉ်ပုံမှန် ကြည့်ရှုနေတဲ့ သတင်း အချက်အလက်တွေနဲ့ ယဉ်ကျေးမှုနဲ့ဘာသာရေးယုံကြည်ချက်တွေရဲ့ ထုတ်ကုန်(ရလဒ်)ဖြစ်နိုင်တယ်။  လူတိုင်းမှာ သူတို့ရဲ့ ဘက်လိုက်မှု ရှိတယ်။ တရားသူကြီးတွေ၊ ဂျာနယ်လစ်တွေ၊ နိုင်ငံရေးသမားတွေနဲ့ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်တွေမှာတောင်မှ သူတို့ဆီမှာ ကိုယ်ပိုင်ဘက်လိုက်မှုရှိကြပါတယ်။ ဘက်လိုက်မှုတွေက နှစ်မျိုးဖြစ်နိုင်တယ်။  ကောင်းတဲ့ ဘက်လိုက်မှုနဲ့ ဆိုးတဲ့ ဘက်လိုက်မှုပါ။ ကောင်းတဲ့ဘက်လိုက်မှုကတော့ ကိုယ်လက်ခံယူကြည်ထားတဲ့ အရာက မိမိအတွက် သူတစ်ပါးအတွက် ကောင်းကျိုးဖြစ်စေနိုင်တယ်။ ဥပမာ-ကျန်းမာရေးနှင့်ညီညွတ်တဲ့ စားသောက်မှု သို့မဟုတ် အသီးအရွက် များများစားခြင်းအပေါ် ဘက်လိုက်မှုရှိခြင်း။ ဆိုးတဲ့ ဘက်လိုက်မှုကတော့ ကိုယ်လက်ခံယုံကြည်ထားတဲ့ အရာက မိမိ

ကိုယ်ပိုင် ဘက်လိုက်မှုတွေကို သိရှိခြင်း🖋️ Read More »

ယနေ့ မဟုတ်မမှန်(လုပ်ကြံ)သတင်းများ🗞️

“သတင်းအတု” ဆိုတဲ့ စကားလုံးရဲ့ ပြဿနာ “သတင်းအတု”ဆိုတဲ့ စကားလုံးက နိုင်ငံရေးသဘောဆောင်ဖို့ အရမ်းလွယ်ကူပြီး သတင်းလောကကို ပြန်လည်ထိုးနက်ဖို့ လက်နက်တစ်ခုအဖြစ် အသုံးချဖို့လည်း လွယ်ကူနေတဲ့ စကားရပ်တစ်ခုဖြစ်နေပါတယ်။ အာဏာကိုင်စွဲထားသူတွေ မကြိုက်တဲ့ သတင်းတင်ဆက်မှုတွေကို အမြစ်ဖြတ်ဖို့ လက်နက်တစ်ခုလည်းဖြစ်ပါတယ်။ နိုင်ငံရေးသမားတွေက သတင်းသမားနဲ့ မီဒီယာကို ဂုဏ်သိက္ခာကျအောင် သတင်းအတုကို အသုံးချပြီး အခြားသူကို ပြန်လည်တိုက်ခိုက်ဖို့လုပ်ကြတယ်။ ဒါကြောင့် သတင်းအတုအစား သတင်းအမှားနဲ့ မဟုတ်မမှန်(လုပ်ကြံ)သတင်း (Misinformation and Disinformation)ဆိုတဲ့ စကားလုံးတွေကို အသုံးပြုဖို့ အကြံပြုလိုပါတယ်။ သတင်းအတု အကြောင်း ပြောဆိုတဲ့အခါမှာ ဒီအယူအဆနှစ်ခုကို ပေါင်းစပ်ထားတာကို တွေ့ရပါတယ်။ သတင်းဖြန့်တဲ့သူက သဘောရိုးနဲ့ မှန်တယ်ထင်ပြီး ဖြန်ဝေနေတာမျိုးဆိုရင် သတင်းအမှားဖြစ်ပါတယ်။ သတင်းအမှားတွေက မှားနေတယ်ဆိုတာကို ထောက်ပြဖို့ အဆင်ပြေနိုင်ပါတယ်။ မဟုတ်မမှန်(လုပ်ကြံ)သတင်းဆိုတာက ဖြန်ဝေနေသူက သတင်းမမှန်မှန်းသိရက်နဲ့

ယနေ့ မဟုတ်မမှန်(လုပ်ကြံ)သတင်းများ🗞️ Read More »

သတင်းအချက်အလက်တွေရဲ့ လုပ်နိုင်စွမ်း📰

သတင်းအချက်အလက်ဆိုတာ ဘာလဲ။ သတင်းအချက်အလက်ဆိုတာ တစ်စုံတစ်ခု (သို့) တစ်ဦးတစ်ယောက် အကြောင်းကို လေ့လာသင်ယူတဲ့ / ထောက်ပံ့ပေးတဲ့ အချက်အလက်များ(facts) ဖြစ်ပါတယ်။ ဒါ့အပြင် မသေချာမရေရာမှုတွေအတွက် ဖော်ပြချက်တွေ/အဖြေတွေ  ပေးတယ်၊ ဆုံးဖြတ်ချက်ချတဲ့ အခါမှာ ကူညီပေးပါတယ်။ နောက်ပြီး သတင်းအချက်အလက်ကို သေချာသုံးစွဲမယ်ဆိုရင် အသိပညာတွေ တိုးပွါးလာစေပါတယ်။  သတင်းအချက်အလက်တွေတိုင်းမှာ မူလအရင်းအမြစ်တွေ အများအပြား ရှိပါတယ်။ ဒါကြောင့် ဒီသတင်းအချက်အလက်တွေကို အသုံးမချခင် သတင်းလာရာအရင်းအမြစ်ကို သိထားဖို့ / ရှာဖွေထုတ်ဖော်ဖို့ မရှိမဖြစ် လိုအပ်ပါတယ်။ ဒါမှသာ သုံးစွဲတဲ့ သတင်းအချက်အလက်က ခိုင်မာမှုရှိပြီး သတင်းများ ပြန်လည်မျှဝေရာမှာလည်း တိကျသေချာနေမှာပဲ ဖြစ်ပါတယ်။  သတင်းအချက်အလက် အရင်းအမြစ်များ သတင်းအချက်အလက်ရဲ့ အရင်းအမြစ်တွေကို သေချာခွဲခြမ်းကြည့်ခြင်း  အင်တာနက်ခေတ်မစားခင် အင်တာနတ် ခေတ်စားပြီး နောက်မှာတော့  ဒါကြောင့်

သတင်းအချက်အလက်တွေရဲ့ လုပ်နိုင်စွမ်း📰 Read More »

ပဋိပက္ခဖြေရှင်းပုံ နည်းလမ်းအမျိုးမျိုး🛣

ပဋိပက္ခဖြေရှင်း ဖြေရှင်းနိုင်ခြင်း စွမ်းရည်သည် လူမှုစွမ်းရည် တစ်ခုပဲ ဖြစ်ပါတယ်။ လူမှုစွမ်းရည်သည် မတူကွဲပြားမှုတွေကို ဖော်ထုတ်ရန်နှင့် နားလည် အသိမှတ်ပြုလာနိုင်ရန် အတွက် လိုအပ်တဲ့ တီထွင်ကွန့်မြူးရတဲ့ စွမ်းရည် တစ်ခုပဲ ဖြစ်ပါတယ်။ ထိုစွမ်းရည်သည် အသိဉာဏ် ပွင့်လင်းမှု ၊ ဗဟုသုတ နှင့် ကျွမ်းကျင်မှုများ ပါဝင်သည်။ ကွဲပြားခြားနားမှု၏ အရင်းအမြစ်များကို သိရှိစေရန် ကွဲပြားခြားနားမှုထဲတွင် ရှိနေသည့် လူမှုစွမ်းရည်များကို ရေရှည်တည်တံ့ ခိုင်မြဲစေရန် တစ်ဦးနှင့်တစ်ဦး အနိုင်ထက်စီနင်းမှု မရှိသော အတူတကွ ယှဉ်တွဲ နေထိုင်သည့် အနေထားပုံစံရောက်အောင် လမ်းကြောင်းပြောင်းပေးရန်မှာ ပဋိပက္ခ ဖြေရှင်းနိုင်သော စွမ်းရည်တွင် ပါဝင်တဲ့ ဗဟုသုတနှင့် ကျွမ်းကျင်မှု တို့ပါဝင်ပါသည်။  ပဋိပက္ခကို ဖြေရှင်းပုံ နည်းလမ်းများစွာ ရှိပါသည်။ ထိုနည်းလမ်းများစွာ ထဲမှ ဖြေရှင်းနည်း

ပဋိပက္ခဖြေရှင်းပုံ နည်းလမ်းအမျိုးမျိုး🛣 Read More »

ပုံစံ (၅) မျိုးအ​ကြောင်း အသေးစိတ် 💡

ပဋိပက္ခသည် လူအများကြားတွင် လူတို့ကို ထိခိုက်နစ်နာစေသော ကွာခြားချက်များ ဖြစ်ပါသည်။ ပဋိပက္ခသည် ရောဂါနဲ့ တူပါသည်။ လူတို့၏ တစ်နေ့တာဘဝတွင် ဒုက္ခရောက်စေပါသည်။ ထို့ကြောင့် ပဋိပက္ခသည် ကိုင်တွယ်ဖြေရှင်းခြင်း နည်းလမ်းများကို လူတို့၏ ထိခိုက် နစ်နာမှုများ၊ ခံစားမှုများကို ကာကွယ် ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။  ကိုင်တွယ်ဖြေရှင်းတဲ့ပုံစံ(၅)မျိုးကို ပဋိပက္ခ တစ်ခု ပြဿနာတစ်စုံတစ်ရာ ဖြစ်လာတဲ့အခါ ဒီပုံစံ(၅)မျိုးလုံးကို တစ်ပြိုင်တည်းသုံးပြီး ဖြေရှင်းလို့ မရနိုင်ပါ။ ထို့အတွက် ပဋိပက္ခ တစ်ခု ဖြေရှင်းရန် နည်းလမ်းအသစ် ၊ ပုံစံအသစ်များကို စဉ်းစားရမည်ဖြစ်ပါတယ်။ ဖြစ်လာတဲ့ ပြဿနာ ပေါ်မူတည်ပြီး အကောင်းဆုံး  ဖြစ်မယ့် ဖြေရှင်းနည်းကို ရွေးချယ် အသုံးပြု တတ်ဖို့လိုပါတယ်။ ကိစ္စတိုင်းမှာ အကောင်းနဲ့အဆိုးက ဒွန်တွဲနေတတ်တာမို့ ပုံစံ(၅)မျိုးရဲ့ အားသာချက်၊ အားနည်းချက်တွေကို

ပုံစံ (၅) မျိုးအ​ကြောင်း အသေးစိတ် 💡 Read More »

အငြင်းပွားမှုနဲ့ အငြင်းပွားမှုကို ကိုင်တွယ်ဖို့ ပုံစံ(၅) မျိုး📑

လူရယ်လို့ဖြစ်လာတာနဲ့ နေ့စဉ်ဘဝမှာ မလွဲမသွေကြုံတွေ့ရမှာတော့ ပဋိပက္ခဖြစ်ပါတယ်။  ဒါပေမယ့်  ပဋိပက္ခဆိုတာနဲ့ အမြဲတမ်းအဆိုးကြီးလို့ပဲ တွေးလို့မရပါဘူးနော်။  ဘာလို့လဲဆိုတော့ အဲ့ဒီပဋိပက္ခတွေထဲမှာ တချို့ပဋိပက္ခတွေဟာ ကိုယ်တိုင် ကိုင်တွယ်တတ်ရင် အခွင့်အလမ်းတွေ ပေးစွမ်းနိုင်တဲ့ အပြုသဘောဆောင်တဲ့ ပဋိပက္ခတွေ အဖြစ်ရှိနေတတ်ပေမယ့် တချို့ကျပြန်တော့ အင်မတန်ပြင်းထန်လာပြီး ဆိုးကျိုးတွေပဲပေးတဲ့ ပဋိပက္ခတွေလည်းရှိတာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီပဋိပက္ခတွေကို ကိုင်တွယ်ဖြေရှင်းရမယ့် လူသားတွေရဲ့ ကျွမ်းကျင်ပိုင်နိုင်မှုအရပဲ ကြုံနေရတဲ့ ပဋိပက္ခတွေရဲ့နောက်ဆုံးရလဒ်က ထွက်လာရတာ ဖြစ်ပါတယ်။ ပဋိပက္ခ တစ်ခုမှာ လူတစ်ဦးက အပြုမူဆိုင်ရာ တစ်ခုခုကို ပြုလုပ်ခြင်းက အကြောင်းရင်းတစ်ခုခု ရှိကြောင်းကို ပြန်လည် သုံးသပ်ခြင်းကလည်း အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ တုံ့ပြန်မှု အနေထားပေါ် မူတည်ပြီး မေးသင့်တဲ့ မေးခွန်းတွေကတော့  ပဋိပက္ခ တစ်နည်းအားဖြင့် အငြင်းပွားမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ချဉ်းကပ်နည်း(၅)မျိုးရှိပါတယ်။ မိမိအလိုလိုက်ရန်တိုက်တွန်းခြင်း(Competing)

အငြင်းပွားမှုနဲ့ အငြင်းပွားမှုကို ကိုင်တွယ်ဖို့ ပုံစံ(၅) မျိုး📑 Read More »

ပဋိပက္ခတွေကိုကိုင်တွယ် ဖြေရှင်းနည်း🛣

လူမှုအသိုင်းအဝိုင်းနဲ့ နေရတာနဲ့အမျှ၊ လူတွေနဲ့ဆက်ဆံရသမျှ ကျွန်တော်တို့ဟာ တစ်နေ့မဟုတ်တစ်နေ့ ပဋိပက္ခဖြေရှင်းနည်းတွေ လိုအပ်လာ‌နေဦးမှာဖြစ်ပါ တယ်။ ဒါကြောင့် ပဋိပက္ခဖြေရှင်းဖို့ နည်းလမ်းကောင်းတွေကို သိထားဖို့က အရေးကြီးပါတယ်။ ပဋိပက္ခ ဖြေရှင်းဖို့နည်းလမ်းကောင်းဆိုတာ သဘောမတူညီမှုတွေများစွာထဲကမှ နှစ်ဖက်လုံးက ကျေကျေနပ်နပ်နဲ့ လက်ခံနိုင်မယ့် သဘောတူမှုကို ရှာဖွေနိုင်ခြင်းဟာဆိုရင်  ပဋိပက္ခဖြေရှင်းနိုင်ရန် နည်းလမ်း ကောင်းလို့ခေါ်လို့ရပါတယ်။ သဘောမတူညီမှုဆိုတာဟာ ကိုယ်ရေးကိုယ်တာကိစ္စ၊ ငွေရေးကြေးရေး၊ နိုင်ငံရေး၊ စိတ်ခံစားချက်စတဲ့ ကိစ္စများစွာ ဖြစ်နိုင်ပါတယ်။ ဒီလိုမတူညီတဲ့ သဘောမတူညီမှု၊ ပဋိပက္ခတွေကို ကိုင်တွယ်ဖြေရှင်းဖို့အကောင်းဆုံးနည်းက စေ့စပ်ညှိနှိုင်းရေးပဲ ဖြစ်ပါတယ်။ စေ့စပ်ညှိနှိုင်းရမယ်ဆိုတာ သိရုံနဲ့ ပဋိပက္ခ‌တွေကို ကိုင်တွယ် ဖြေရှင်းနိုင်ခြင်း မဟုတ်ပဲ ပဋိပက္ခတွေကို အကောင်းဆုံးကိုင်တွယ် ဖြေရှင်းနိုင်ဖို့ဆိုရင်  ကျွနိုပ်တို့မှာ တစ်ချို့အရည်အချင်း တွေကိုလည်းမြှင့်တင် ထားဖို့လိုပါတယ်။  ဥပမာ- 1. လူမှုဆက်ဆံရေးကောင်းမွန်မှု (communication skill) 2.

ပဋိပက္ခတွေကိုကိုင်တွယ် ဖြေရှင်းနည်း🛣 Read More »