Ei Phyo

ဆရာများနှင့် ကျောင်းသားများအတွက် ဒစ်ဂျစ်တယ် ကျန်းမာသုခ (Digital Wellbeing)

ဒစ်ဂျစ်တယ် နည်းပညာဟာ ယနေ့ခေတ် နေထိုင်မှု၊ သင်ယူမှုနဲ့ သင်ကြားမှု ပုံစံတွေကို အခြေခံကစလို့ အကြီးအကျယ် ပြောင်းလဲစေခဲ့ပါတယ်။ ဖုန်း၊ ကွန်ပျူတာတွေထဲကနေ အချိန်မရွေး သတင်းအချက်အလက်တွေကို ရယူနိုင်တဲ့အပြင် တစ်ကမ္ဘာလုံးမှာရှိတဲ့ အွန်လိုင်းပလက်ဖောင်းတွေနဲ့ ချိတ်ဆက်ပြီး ပူးပေါင်းဆောင်ရွက်နိုင်တဲ့အထိ နည်းပညာဟာ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ယခင်က မရှိခဲ့ဖူးတဲ့ အခွင့်အလမ်းကောင်းတွေကို ပေးစွမ်းနေပါတယ်။ ဒါပေမဲ့ ဖုန်း ဒါမှမဟုတ် ကွန်ပျူတာတွေဟာ စာသင်ခန်းထဲမှာရော အိမ်မှာပါ ကိုယ်နဲ့မကွာ ထပ်ချပ်ဆောင်ထားရတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာတဲ့အခါမှာ လူသားတွေရဲ့ ကျန်းမာရေးနဲ့ ဘဝပျော်ရွှင်မှုကိုပါ ထိခိုက်စေနိုင်တဲ့ စိန်ခေါ်မှုအသစ်တွေကိုလည်း သယ်ဆောင်လာပါတယ်။ ဒစ်ဂျစ်တယ်ကျန်းမာသုခ (Digital Wellbeing) ဆိုတာ ဒီဒစ်ဂျစ်တယ် နည်းပညာတွေကို စနစ်တကျ၊ ရည်ရွယ်ချက်ရှိရှိနဲ့ မိမိကျန်းမာရေးကို မထိခိုက်အောင် အသုံးချတတ်အောင် လေ့ကျင့်တာ ဖြစ်ပါတယ်။ […]

ဆရာများနှင့် ကျောင်းသားများအတွက် ဒစ်ဂျစ်တယ် ကျန်းမာသုခ (Digital Wellbeing) Read More »

Community Crisis Communication & Digital Resilience

၁။ AI ခေတ်မှာ Community Crisis Communication ဆိုတာ ဘာလဲ။ ၁.၁ Crisis Communication ဆိုတာ ဘာလဲ။ “Crisis” ဆိုသည်မှာ လူမှုအသိုက်အဝန်း၊ အဖွဲ့အစည်း သို့မဟုတ် လူတစ်ဦးချင်းစီ၏ လုံခြုံရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်း၊ ပိုင်ဆိုင်မှု သို့မဟုတ် ယုံကြည်မှုကို ထိခိုက်စေနိုင်သော မမျှော်လင့်ထားသည့် အရေးပေါ်အခြေအနေတစ်ခုကို ဆိုလိုပါတယ်။ ထိုကဲ့သို့သော အခြေအနေများတွင် မှန်ကန်တဲ့ သတင်းအချက်အလက်ကို အချိန်မီ၊ ရှင်းလင်းစွာနှင့် ယုံကြည်စိတ်ချရတဲ့ နည်းလမ်းဖြင့် ဆက်သွယ်ပေးခြင်းကို Crisis Communication ဟု ခေါ်ပါတယ်။ Crisis Communication ၏အဓိကရည်ရွယ်ချက်မှာ သတင်းအချက်အလက်များကို ဖြန့်ဝေပေးခြင်းသာ မဟုတ်ဘဲ လူထု၏ယုံကြည်မှုကို ထိန်းသိမ်းခြင်း၊ မမှန်ကန်တဲ့သတင်းများကို လျှော့ချခြင်းနှင့် သင့်လျော်သော ဆုံးဖြတ်ချက်များ ချနိုင်ရန်

Community Crisis Communication & Digital Resilience Read More »

AI for Information Verification

၁. AI နည်းပညာသုံး သတင်းတု၊ သတင်းမှားများကို စိစစ်ဖော်ထုတ်ခြင်း ၁.၁ AI နည်းပညာသုံးသတင်းမှားများကို စိစစ်ဖို့ ဘာကြောင့်အရေးကြီးတာလဲ ဒီနေ့ခေတ်မှာ AI ကိုသုံးပြီး စက္ကန့်ပိုင်းအတွင်း တကယ့်အစစ်နဲ့တူတဲ့ သတင်းဆောင်းပါးတွေ၊ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ အသံဖိုင်တွေနဲ့ တိုက်ရိုက်စကားပြောဆိုမှုတွေကိုပါ ဖန်တီးနိုင်နေပြီ ဖြစ်ပါတယ်။ ဒီနည်းပညာတွေ ဟာ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးနဲ့ ပြည်သူ့ဝန်ဆောင်မှု ကဏ္ဍတွေမှာ အလွန်အကျိုးရှိပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း မသမာသူတွေက အစစ်အမှန်ပုံစံဖန်တီးပြီး သတင်းအချက်အလက်အမှားတွေကို ထုတ်လုပ်ဖို့ အခွင့်အရေး ရသွားကြပါတယ်။ AI နည်းပညာနဲ့ ဖန်တီးထားတဲ့ သတင်းမှားတွေဟာ လူမှုကွန်ရက်စာမျက်နှာတွေ၊ မက်ဆေ့ချ်အက်ပလီကေး ရှင်းတွေ၊ ဘလော့ဂ်တွေနဲ့ သတင်းဝဘ်ဆိုက်တွေပေါ်မှာ အရှိန်အဟုန်နဲ့ ပျံ့နှံ့သွားနိုင်ပါတယ်။ AI နည်းပညာသုံး အကြောင်းအရာအများစုဟာ လူတွေအမှန်တကယ် ဖန်တီးထားတာတွေနဲ့

AI for Information Verification Read More »

Plagiarism & Copyright Issues 

၁။ Intellectual Property၊ Plagiarism နှင့် မီဒီယာဥပဒေတို့၏အခြေခံသဘောတရားများ ၁.၁ Intellectual Property (ဉာဏပစ္စည်းမူပိုင်ခွင့်) ဆိုတာ ဘာလဲ မီဒီယာဥပဒေအကြောင်း ကောင်းကောင်းနားလည်ဖို့ဆိုရင် ပထမဆုံး Intellectual Property ရဲ့ အခြေခံ မူဘောင်ကို လေ့လာဖို့လိုပါတယ်။ Intellectual Property ဆိုတာ လူသားတွေရဲ့စိတ်ကူးစိတ်သန်းကနေ ထွက်ပေါ်လာတဲ့ဖန်တီးမှုတွေကို ဥပဒေအရ အသိအမှတ်ပြုထားတဲ့ပိုင်ဆိုင်မှုဖြစ်ပြီး၊ တစ်ဦးတည်းမူပိုင်ဖန်တီး လိုစိတ်နဲ့ အများပြည်သူလွတ်လပ်စွာအသုံးပြုနိုင်မှုတို့အကြား မျှတအောင် ညှိနှိုင်းပေးထားတာ ဖြစ်ပါတယ်။ ဖန် တီးသူတွေအနေနဲ့ သူတို့ရဲ့လက်ရာတွေအပေါ် ထိန်းချုပ်နိုင်ဖို့နဲ့ အကျိုးအမြတ်ရရှိစေဖို့ နိုင်ငံတော်ကနေ အချိန် ကာလတစ်ခုအထိ အကာအကွယ်ပေးထားပြီး၊ ဒါဟာ ဆန်းသစ်တီထွင်မှု၊ စာပေနှင့် အနုပညာဖန်တီးမှုတွေကို အားပေးမြှင့်တင်ဖို့ ဖြစ်ပါတယ်။ Intellectual Property ကို ယေဘုယျအားဖြင့် အနုပညာဖန်တီးမှု (Artistic

Plagiarism & Copyright Issues  Read More »

Responsibel Use of AI in Community Works

၁။ နောက်ခံသမိုင်း (Background) အခုလို လူမှုအခြေပြုအဖွဲ့အစည်းတွေမှာ အလိုအလျောက်စနစ် (Automation) တွေကို အလုအယက်သုံး လာကြတာဟာ ဝန်ထမ်းတွေ အလုပ်ပိနေတဲ့ပြဿနာ (Capacity Crisis) ကြောင့်လည်း ပါဝင်ပါတယ်။ ကွင်း ဆင်းလေ့လာချက်တွေအရ အဖွဲ့အစည်းခေါင်းဆောင်တွေဟာ ဝန်ထမ်းတွေ အလုပ်ပင်ပန်းနွမ်းနယ်မှု (Burnout) ကို အဓိကစိုးရိမ်စရာပြဿနာအဖြစ် သတ်မှတ်လာကြပါတယ်။ ဝန်ဆောင်မှုလိုအပ်ချက်တွေ မြင့်မားလာတာ၊ ရန်ပုံငွေမတည်ငြိမ်တာနဲ့ ဝန်ထမ်းအင်အားမလုံလောက်တာတွေကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ခေါင်းဆောင် တွေဟာ AI ကို အသုံးချပြီး ဆုံးဖြတ်ချက်အများကြီး ချဖို့မလိုတဲ့ ရုံးလုပ်ငန်းအထွေထွေကို လွှဲပြောင်းပေးကာ၊ ဝန်ထမ်းတွေရဲ့လုပ်အားကို လူထုနဲ့ တိုက်ရိုက်ထိတွေ့ရမယ့်ကိစ္စရပ်တွေမှာ ပိုပြီးအာရုံစိုက်စေချင်ကြပါတယ်။ နောက်ထပ် အကြောင်းရင်းတစ်ခုကတော့ ကျွန်တော်တို့ နေ့စဉ်သုံးနေတဲ့ Zoom, Adobe, QuickBooks, Docusign နဲ့ Grammarly လိုမျိုး

Responsibel Use of AI in Community Works Read More »