ကိုယ်တိုင်စည်းကမ်းရှိမှုနဲ့တာဝန်ယူတတ်မှု (Self-discipline and Accountability)
ကိုယ်တိုင်စည်းကမ်းရှိမှုနဲ့တာဝန်ယူတတ်မှုက ဘဝအောင်မြင်မှုနဲ့လုပ်ငန်းခွင်အောင်မြင်မှုတွေရဖို့အ တွက်လိုအပ်တဲ့အခြေခံအချက်တွေပဲဖြစ်ပါတယ်။ လူအများကထင်သလို စည်းကမ်းဆိုတာ ကိုယ့်ကိုယ် ကိုတင်းကျပ်စွာထိန်းချုပ်ခြင်းမဟုတ်ပါဘူး။ တကယ်တော့စည်းကမ်းရှိတတ်မှုက ကိုယ့်ရဲ့အတွင်းစွမ်း အားကိုနားလည်ပြီး၊ စလုပ်ချင်စိတ်မရှိတဲ့အချိန်မှာတောင်မနားဘဲ အလေ့အထဖြစ်လာအောင်ဆောင် ရွက်တတ်မှုပါ။ တာဝန်ယူတတ်မှုကတော့ ကိုယ်လုပ်တဲ့အရာတွေကို ကိုယ့်ဘာသာတာဝန်ယူတတ်ပြီး အစဉ်မပြတ် ဆက်လက်လုပ်ဆောင်တတ်ဖို့ဖြစ်ပါတယ်။ ဒီနှစ်ခုကို ပေါင်းစပ်အသုံးပြုနိုင်ရင် ကိုယ်တိုင်ရဲ့ရည်မှန်း ချက်ကိုဖြစ်စေ၊ အဖွဲ့ရဲ့ရည်ရွယ်ချက်ကိုဖြစ်စေ အောင်မြင်အောင်လုပ်ဆောင်နိုင်တဲ့အင်အားကြီးစနစ် တစ်ခုဖြစ်လာပါလိမ့်မယ်။ 🟠 ကိုယ်ပိုင်စည်းကမ်းနဲ့နေထိုင်ခြင်းရဲ့အဓိပ္ပါယ် ကိုယ်ပိုင်စည်းကမ်းနဲ့နေထိုင်ခြင်းဆိုတာက ကိုယ့်ကိုယ်ကို ရှေ့ဆက်ဖို့တွန်းအားပေးနိုင်တဲ့အပြင် တက် ကြွမှုရှိပြီး ကိုယ်ခံစားနေရတဲ့ရုပ်ပိုင်း၊ စိတ်ပိုင်းအခြေအနေကိုထည့်မတွက်ဘဲ ကိုယ့်လုပ်ငန်းကို တာ ဝန်ယူလုပ်ဆောင်နိုင်တဲ့စွမ်းရည်ပဲဖြစ်ပါတယ်။ ဒါက အရေးမကြီးတဲ့အရာတွေကိုလုပ်ဆောင်နေမိခြင်း မှကင်းဝေးစေပြီး အရေးကြီးတဲ့အရာတွေကို ဦးစားပေးအာရုံစိုက်နိုင်အောင် ကူညီပေးတတ်ပါတယ်။ တစ်ကမ္ဘာလုံးက ကိုယ်နဲ့ဆန့်ကျင်ဖက်ဖြစ်နေရင်တောင်မှပဲ ကိုယ်ပိုင်စည်းကမ်းနဲ့အညီ အမြင်ရှင်းရှင်းနဲ့ ရှေ့ဆက်ဖို့ ခွန်အားရှိနေနိုင်ပါတယ်။ မနက်စောစော ၅ နာရီမှာ အိပ်ရာထပြီး လေ့ကျင့်ခန်းလုပ်တာ၊ စာဖတ်တာ၊ […]
ကိုယ်တိုင်စည်းကမ်းရှိမှုနဲ့တာဝန်ယူတတ်မှု (Self-discipline and Accountability) Read More »

